Friday, May 8, 2020

ငလ်င္အေၾကာင္းသိေကာင္းစရာ

Zawgyi
ငလ်င္အေၾကာင္းသိေကာင္းစရာ

ကၽြန္ေတာ္တို႔ေနထိုင္ရာကမၻာႀကီးကို တဆက္တစပ္တည္းမဟုတ္တဲ့ ေျမလႊာခ်ပ္ႀကီးေတြနဲ႔ဖြဲ႕စည္းထားပါတယ္။

ဒီေျမလႊာခ်ပ္ႀကီးေတြဟာ အခ်ိန္နဲ႔အမၽွမသိမသာ နည္းနည္းခ်င္းစီ အသီးသီးေရြ႕လ်ားေနၾကပါတယ္။

ဒီလိုေရြ႕လ်ားရင္းနဲ႔ ေျမလႊာခ်ပ္ႀကီးေတြအခ်င္းခ်င္းတိုက္မိတတ္ၾကပါတယ္။

အဲ့အခါမွာ ငလ်င္လႈပ္ျခင္းဆိုတဲ့တုန္ခါမႈႀကီးျဖစ္လာပါတယ္။

ငလ်င္လႈပ္တာကို အဂၤလိပ္လို Earthquake လို႔ေခၚပါတယ္။

ေျမလႊာခ်ပ္ႀကီးေတြတိုက္မိတဲ့အရွိန္ျပင္းအားေပၚမႈတည္ၿပီး ျပင္းထန္တဲ့ငလ်င္လႈပ္နိုင္သလို အားေပ်ာ့တဲ့ငလ်င္လည္းလႈပ္နိုင္ပါတယ္။

ငလ်င္တခုရဲ့ျပင္းအားကို ရစ္ခ်က္တာစေကးနဲ႔တိုင္းတာပါတယ္။

ရစ္ခ်စ္တာစေကး ၅ နဲ႔အထက္ျပင္းအားရွိတဲ့ငလ်င္ေတြဟာ ျပင္းထန္ၿပီး အသက္အိုးအိမ္ တိုက္တာအေဆာက္အအုံေတြၿပိဳက်ပ်က္စီးဆုံးရႈံးမႈမ်ားစြာကိုျဖစ္ေစပါတယ္။

ပင္လယ္သမုဒၵရာေတြရဲ့ေအာက္ေျခၾကမ္းျပင္မွာလည္း ေျမလႊာခ်ပ္ႀကီးေတြရွိတဲ့အတြက္ သူတို႔အခ်င္းခ်င္းတိုက္မိၿပီး ငလ်င္ေတြျဖစ္နိုင္ပါတယ္။

ပင္လယ္သမုဒၵရာၾကမ္းျပင္ေအာက္မွာျဖစ္တဲ့ငလ်င္က ကုန္းေပၚမွာျဖစ္တဲ့ငလ်င္လို တိုက္တာအေဆာက္အအုံေတြၿပိဳက်တာကိုမျဖစ္ေစနိုင္ေပမယ့္ ဆူနာမီေခၚႀကီးမားတဲ့လွိုင္းလုံးႀကီးေတြကို ျဖစ္ေစကာ ကမ္းရိုးတန္းနားမွာရွိတဲ့ေဒသနယ္ပယ္ေတြကိုေရလႊမ္းေရႀကီးၿပီး ေရေဘးဒုကၡကိုျဖစ္ေစနိုင္ပါတယ္။

ဒီလိုသဘာဝေဘးအႏၲရာယ္ေတြဟာ တားဆီးလို႔မရတဲ့အတြက္ ျဖစ္လာခဲ့ရင္ဘာေတြလုပ္ရမလဲ မျဖစ္ခင္မွာေကာ ဘာေတြျပင္ဆင္ထားလို႔ရလဲဆိုတာေတြကို

ႀကိဳသိထားပါက မိမိအတြက္ အသက္အႏၲရာယ္ကင္းနိုင္ပါတယ္။

ဒါေၾကာင့္ဒီတပတ္မွာ ငလ်င္လႈပ္ပါက ဘာေတြလုပ္ရမလဲ မလႈပ္ခင္မွာေကာဘာေတြျပင္ဆင္ထားရမလဲ လႈပ္ၿပီးရင္ေကာ ဘာေတြလုပ္ရမလဲစတဲ့အခ်က္ေတြကို သိသေလာက္ေရးသားမၽွေဝတင္ျပလိုက္ရပါတယ္။

၁။ေျမငလ်င္လႈပ္ေနစဥ္မွာလုပ္ရမည့္အရာမ်ား

ေျမငလ်င္လႈပ္တဲ့အခါမွာအေဆာက္အအုံအတြင္းမွာ မေနပါနဲ႔။အျပင္ဘက္သို႔ အျမန္ဆုံးထြက္ပါ။အထပ္ျမင့္အေဆာက္အအုံမွာေနတဲ့သူေတြဆိုရင္ ဓါတ္ေလွကားမသုံးပါနဲ႔။

တကယ္လို႔ထြက္ဖို႔အခ်ိန္မရပါက ေလၽွာက္ေျပးမေနဘဲ စားပြဲခုံ၊ကုတင္စတဲ့ေနရာေအာက္မွာ အကာအကြယ္ယူ စားပြဲေျခေထာက္ ခုတင္ေျခေထာက္ကိုကိုင္ထားၿပီးဝပ္ေနပါ။စားပြဲခုံေတြ၊ခုတင္ေတြမရွိဘူးဆိုရင္ အေဆာက္အအုံရဲ့ေထာင့္ခ်ိဳးေနရာေတြမွာ အကာအကြယ္ယူၿပီးဝပ္ေနပါ။မ်က္ႏွာနဲ႔ေခါင္းကိုလည္း လက္နဲ႔အုပ္ကာထားပါ။

အထပ္ျမင့္မွာရွိေနပါက ျပတင္းေပါက္၊ဝရံတာ နားေတြမွာမေနပါနဲ႔။

အေဆာက္အအုံအျပင္ဘက္တြင္ရွိတုန္းငလ်င္လႈပ္ပါက သစ္ပင္၊ဓါတ္မီးတိုင္၊စတဲ့ၿပိဳလဲနိုင္တဲ့အရာေတြနဲ႔ ေဝးေဝးေနပါ။

၂။ေျမငလ်င္လႈပ္ၿပီးေနာက္ လုပ္ရမည့္အရာမ်ား

အင္အားႀကီးတဲ့ငလ်င္လႈပ္ၿပီးတဲ့ေနာက္မွာ ေနာက္ဆက္တြဲငလ်င္ေတြထပ္ၿပီးလႈပ္တတ္ပါတယ္။ဒါေၾကာင့္ ငလ်င္ႀကီးလႈပ္ၿပီး အေဆာက္အအုံထဲကိုခ်က္ခ်င္းျပန္မဝင္ပါနဲ႔။အေဆာက္အအုံထဲမွရွိေနတဲ့သူကလည္း အျပင္ကိုအျမန္ဆုံးထြက္ပါ။

ငလ်င္လႈပ္တာေၾကာင့္ေတာင္ၿပိဳတာ၊ဆည္ေရကာတာက်ိဳးေပါက္တာ၊ကမ္းေျခမွာ ဒီေရလွိုင္းေတြတက္တာေတြျဖစ္ၿပီး ေရႀကီးေရလၽွံနိုင္ပါတယ္။ဒါေၾကာင့္ကမ္းေျခနဲ႔နီးတဲ့ေနရာ၊ဆည္နဲ႔နီးတဲ့အနိမ့္ပိုင္းေနရာေတြကသူေတြအေနနဲ႔ ကုန္းေျမျမင့္သို႔ ႀကိဳတင္ေရွာင္တိမ္းဖို႔လိုပါတယ္။

တကယ္လို႔ငလ်င္လႈပ္ၿပီးေနာက္သင္ဟာအပ်က္အစီးမ်ားေအာက္မွာပိတ္မိေနပါက မီးျခစ္ကိုမသုံးပါနဲ႔။မီးေလာင္နိုင္လို႔ပါ။မီးျခစ္အစားဓါတ္မီးကဲ့သို႔ေသာ အလင္းေရာင္ေတြအသုံးျပဳၿပီး အခ်က္ျပပါ။

၃။ငလ်င္လႈပ္ျခင္းအတြက္ဘာေတြႀကိဳတင္ျပင္ဆင္ထားရမလဲ။

အေဆာက္အအုံအျမင့္ေတြေဆာက္တဲ့အခါ ေျမငလ်င္ဒဏ္ခံနိုင္ေအာင္ ေသခ်ာစနစ္တက် တြက္ခ်က္ေဆာက္ပါ။

နံရံကပ္ဗီရိုႀကီးေတြ၊စာအုပ္စင္ေတြ၊ပန္းခ်ီကားႀကီးေတြစတဲ့ ၿပိဳလဲက်နိုင္တဲ့ပစၥည္းႀကီးေတြကို မူလီတို႔သံတို႔နဲ႔အေသစြဲထားပါ။ေလးလံကြဲရွနိုင္တဲ့ပစၥည္းေတြကို စင္ေအာက္အဆင့္ေတြမွာပဲထားပါ။အျမင့္မွာမတင္ထားပါနဲ႔။

အိမ္မွာ ျခကိုက္ေဆြးေနတဲ့ ေနရာမ်ားရွိပါက ေသခ်ာျပဳျပင္ပါ။

ဓါတ္မီး၊လၽွပ္စစ္မီးအိမ္၊အေရးေပၚေဆးေသတၱာစတဲ့ အေရးေပၚပစၥည္းေတြကို အသင့္ေဆာင္ထားပါ။
Unicode
ငလျင်အကြောင်းသိကောင်းစရာ



ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးကို တဆက်တစပ်တည်းမဟုတ်တဲ့ မြေလွှာချပ်ကြီးတွေနဲ့ဖွဲ့စည်းထားပါတယ်။



ဒီမြေလွှာချပ်ကြီးတွေဟာ အချိန်နဲ့အမျှမသိမသာ နည်းနည်းချင်းစီ အသီးသီးရွေ့လျားနေကြပါတယ်။



ဒီလိုရွေ့လျားရင်းနဲ့ မြေလွှာချပ်ကြီးတွေအချင်းချင်းတိုက်မိတတ်ကြပါတယ်။



အဲ့အခါမှာ ငလျင်လှုပ်ခြင်းဆိုတဲ့တုန်ခါမှုကြီးဖြစ်လာပါတယ်။



ငလျင်လှုပ်တာကို အင်္ဂလိပ်လို Earthquake လို့ခေါ်ပါတယ်။



မြေလွှာချပ်ကြီးတွေတိုက်မိတဲ့အရှိန်ပြင်းအားပေါ်မှုတည်ပြီး ပြင်းထန်တဲ့ငလျင်လှုပ်နိုင်သလို အားပျော့တဲ့ငလျင်လည်းလှုပ်နိုင်ပါတယ်။



ငလျင်တခုရဲ့ပြင်းအားကို ရစ်ချက်တာစကေးနဲ့တိုင်းတာပါတယ်။



ရစ်ချစ်တာစကေး ၅ နဲ့အထက်ပြင်းအားရှိတဲ့ငလျင်တွေဟာ ပြင်းထန်ပြီး အသက်အိုးအိမ် တိုက်တာအဆောက်အအုံတွေပြိုကျပျက်စီးဆုံးရှုံးမှုများစွာကိုဖြစ်စေပါတယ်။



ပင်လယ်သမုဒ္ဒရာတွေရဲ့အောက်ခြေကြမ်းပြင်မှာလည်း မြေလွှာချပ်ကြီးတွေရှိတဲ့အတွက် သူတို့အချင်းချင်းတိုက်မိပြီး ငလျင်တွေဖြစ်နိုင်ပါတယ်။



ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာဖြစ်တဲ့ငလျင်က ကုန်းပေါ်မှာဖြစ်တဲ့ငလျင်လို တိုက်တာအဆောက်အအုံတွေပြိုကျတာကိုမဖြစ်စေနိုင်ပေမယ့် ဆူနာမီခေါ်ကြီးမားတဲ့လှိုင်းလုံးကြီးတွေကို ဖြစ်စေကာ ကမ်းရိုးတန်းနားမှာရှိတဲ့ဒေသနယ်ပယ်တွေကိုရေလွှမ်းရေကြီးပြီး ရေဘေးဒုက္ခကိုဖြစ်စေနိုင်ပါတယ်။



ဒီလိုသဘာဝဘေးအန္တရာယ်တွေဟာ တားဆီးလို့မရတဲ့အတွက် ဖြစ်လာခဲ့ရင်ဘာတွေလုပ်ရမလဲ မဖြစ်ခင်မှာကော ဘာတွေပြင်ဆင်ထားလို့ရလဲဆိုတာတွေကို



ကြိုသိထားပါက မိမိအတွက် အသက်အန္တရာယ်ကင်းနိုင်ပါတယ်။



ဒါကြောင့်ဒီတပတ်မှာ ငလျင်လှုပ်ပါက ဘာတွေလုပ်ရမလဲ မလှုပ်ခင်မှာကောဘာတွေပြင်ဆင်ထားရမလဲ လှုပ်ပြီးရင်ကော ဘာတွေလုပ်ရမလဲစတဲ့အချက်တွေကို သိသလောက်ရေးသားမျှဝေတင်ပြလိုက်ရပါတယ်။



၁။မြေငလျင်လှုပ်နေစဉ်မှာလုပ်ရမည့်အရာများ



မြေငလျင်လှုပ်တဲ့အခါမှာအဆောက်အအုံအတွင်းမှာ မနေပါနဲ့။အပြင်ဘက်သို့ အမြန်ဆုံးထွက်ပါ။အထပ်မြင့်အဆောက်အအုံမှာနေတဲ့သူတွေဆိုရင် ဓါတ်လှေကားမသုံးပါနဲ့။



တကယ်လို့ထွက်ဖို့အချိန်မရပါက လျှောက်ပြေးမနေဘဲ စားပွဲခုံ၊ကုတင်စတဲ့နေရာအောက်မှာ အကာအကွယ်ယူ စားပွဲခြေထောက် ခုတင်ခြေထောက်ကိုကိုင်ထားပြီးဝပ်နေပါ။စားပွဲခုံတွေ၊ခုတင်တွေမရှိဘူးဆိုရင် အဆောက်အအုံရဲ့ထောင့်ချိုးနေရာတွေမှာ အကာအကွယ်ယူပြီးဝပ်နေပါ။မျက်နှာနဲ့ခေါင်းကိုလည်း လက်နဲ့အုပ်ကာထားပါ။



အထပ်မြင့်မှာရှိနေပါက ပြတင်းပေါက်၊ဝရံတာ နားတွေမှာမနေပါနဲ့။



အဆောက်အအုံအပြင်ဘက်တွင်ရှိတုန်းငလျင်လှုပ်ပါက သစ်ပင်၊ဓါတ်မီးတိုင်၊စတဲ့ပြိုလဲနိုင်တဲ့အရာတွေနဲ့ ဝေးဝေးနေပါ။



၂။မြေငလျင်လှုပ်ပြီးနောက် လုပ်ရမည့်အရာများ



အင်အားကြီးတဲ့ငလျင်လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲငလျင်တွေထပ်ပြီးလှုပ်တတ်ပါတယ်။ဒါကြောင့် ငလျင်ကြီးလှုပ်ပြီး အဆောက်အအုံထဲကိုချက်ချင်းပြန်မဝင်ပါနဲ့။အဆောက်အအုံထဲမှရှိနေတဲ့သူကလည်း အပြင်ကိုအမြန်ဆုံးထွက်ပါ။



ငလျင်လှုပ်တာကြောင့်တောင်ပြိုတာ၊ဆည်ရေကာတာကျိုးပေါက်တာ၊ကမ်းခြေမှာ ဒီရေလှိုင်းတွေတက်တာတွေဖြစ်ပြီး ရေကြီးရေလျှံနိုင်ပါတယ်။ဒါကြောင့်ကမ်းခြေနဲ့နီးတဲ့နေရာ၊ဆည်နဲ့နီးတဲ့အနိမ့်ပိုင်းနေရာတွေကသူတွေအနေနဲ့ ကုန်းမြေမြင့်သို့ ကြိုတင်ရှောင်တိမ်းဖို့လိုပါတယ်။



တကယ်လို့ငလျင်လှုပ်ပြီးနောက်သင်ဟာအပျက်အစီးများအောက်မှာပိတ်မိနေပါက မီးခြစ်ကိုမသုံးပါနဲ့။မီးလောင်နိုင်လို့ပါ။မီးခြစ်အစားဓါတ်မီးကဲ့သို့သော အလင်းရောင်တွေအသုံးပြုပြီး အချက်ပြပါ။



၃။ငလျင်လှုပ်ခြင်းအတွက်ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။



အဆောက်အအုံအမြင့်တွေဆောက်တဲ့အခါ မြေငလျင်ဒဏ်ခံနိုင်အောင် သေချာစနစ်တကျ တွက်ချက်ဆောက်ပါ။



နံရံကပ်ဗီရိုကြီးတွေ၊စာအုပ်စင်တွေ၊ပန်းချီကားကြီးတွေစတဲ့ ပြိုလဲကျနိုင်တဲ့ပစ္စည်းကြီးတွေကို မူလီတို့သံတို့နဲ့အသေစွဲထားပါ။လေးလံကွဲရှနိုင်တဲ့ပစ္စည်းတွေကို စင်အောက်အဆင့်တွေမှာပဲထားပါ။အမြင့်မှာမတင်ထားပါနဲ့။



အိမ်မှာ ခြကိုက်ဆွေးနေတဲ့ နေရာများရှိပါက သေချာပြုပြင်ပါ။



ဓါတ်မီး၊လျှပ်စစ်မီးအိမ်၊အရေးပေါ်ဆေးသေတ္တာစတဲ့ အရေးပေါ်ပစ္စည်းတွေကို အသင့်ဆောင်ထားပါ။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...