Sunday, May 10, 2020

အနမ္းရဲ ့ အစြမ္း ဘာေတြလဲ သိခ်င္လား kiss ဆိုတာဘာလဲ

Zawgyi Font
                     
          ခ်စ္သူႏွစ္ဦးအၾကား အနမ္းခ်င္း ဖလွယ္ၾကတယ္ဆိုတာဟာ ထူးဆန္းလွတဲ့ အျပဳအမူတစ္ခုေတာ့မဟုတ္ပါဘူး။ လိင္စိတ္ဆႏၵေၾကာင့္ပဲျဖစ္ျဖစ္၊ ခ်စ္ခင္ျမတ္နိုးမႈကို ျပသလိုတဲ့ စိတ္ဆႏၵေၾကာင့္ပဲျဖစ္ျဖစ္ အနမ္းေတြ ဖလွယ္ၾကတယ္မဟုတ္လား။
တကယ္ေတာ့ နမ္းရႈတ္တယ္၊ အၾကင္နာေပးတယ္၊ Kissing ေပးတယ္ဆိုတာေတြဟာ အခ်စ္ကို ကိုယ္စားျပဳ႐ုံတင္မဟုတ္ပါဘူး။ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြနဲ႔ လူႏွစ္ဦးအၾကားက ခိုင္ျမဲတဲ့ ဆက္ဆံေရးေတြအေပၚမွာလည္း အက်ိဳးသက္ေရာက္မႈရွိပါတယ္။
သိပၸံနည္းက်ေလ့လာမႈေတြအရ အနမ္းဟာ လူေတြရဲ့ က်န္းမာေရးကို တိုးတက္ေစနိုင္ပါတယ္တဲ့။ ဘယ္လို အက်ိဳးျပဳသလဲ ၾကည့္ၾကရေအာင္ …
၁။ အနမ္းဟာ စိတ္ခံစားခ်က္ေကာင္းမြန္ေစတဲ့ ေဟာ္မုန္းေတြ ထြက္လာေအာင္ လႈံ႔ေဆာ္ေပးနိုင္ပါတယ္ – နမ္းရႈတ္ၾကတဲ့အခါ “ The Love Hormone” လို႔ လူသိမ်ားၾကတဲ့ Oxytocin နဲ႔ Vasopressin ေတြ ထြက္လာေအာင္ လႈံ႔ေဆာ္ေပးနိုင္ပါတယ္။ ေနာက္ၿပီး Endogenous Opioids၊ Dopamine နဲ႔ တျခားေသာ လူကိုအက်ိဳးျပဳတဲ့ Neurohormones ေတြကိုလည္း ပိုမိုျဖစ္ေပၚလာေစနိုင္ပါတယ္။
၂။ အဆိုပါ စိတ္ခံစားခ်က္ေကာင္းမြန္ေစတဲ့ ဟိုမုန္းေတြဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္နာက်င္မႈေတြကို ကုစားနိုင္တဲ့ အက်ိဳးေက်းဇူးရွိပါတယ္ – သိပၸံေလ့လာမႈေတြအရ ေက်နပ္ႏွစ္သိမ့္မႈနဲ႔ တပ္မက္စိတ္တို႔ဟာ စိတ္ဖိစီးမႈကို ေလၽွာ့ခ်နိုင္သလို ေရရွည္က်န္းမာတဲ့ အက်ိဳးေက်းဇူးကိုလည္း ေပးနိုင္ပါတယ္တဲ့။ စိတ္ဖိစီးမႈကို ျဖစ္ေပၚေစတဲ့ ဟိုမုန္းေတြကို ေလၽွာ့ခ်နိုင္မယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္နာက်င္မႈေတြကို သက္သာေသမွာျဖစ္ၿပီးေတာ့ စိတ္က်န္းမာေရးဘက္မွာ အေျခအေနေကာင္းတစ္ရပ္ကို ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။
၃။ အနမ္းက သင့္ကိုပိုၿပီး သတိရွိေနေစတယ္ – နမ္းရႈပ္ၾကတဲ့အခါမွာ မၾကာခဏဆိုသလို Adrenaline နဲ႔ Noradrenaline တို႔လို ဓာတ္မ်ိဳးေတြ ထြက္ရွိလာပါတယ္ – အဆိုပါ ဓာတ္ေတြဟာ လူေတြရဲ့ ႏွလုံးခုန္ႏႈန္းကိုျမန္ဆန္ေစၿပီး စိတ္လႈပ္ရွားေစ႐ုံသက္သက္တင္မဟုတ္ပါဘူး။ လူကိုပိုၿပီး သတိရွိေနေစဖို႔လည္း အက်ိဳးျပဳပါတယ္။
၄။ နမ္းရႈတ္ျခင္းဟာ စိတ္ဖိစီးမႈကို ေလၽွာ့ခ်ေပးပါတယ္ – ဟုတ္ပါတယ္။ “အျပန္အလွန္ ခ်စ္ခင္ႏွစ္သက္မႈ သီအိုရီ” ဆိုတာ ရွိပါတယ္။ အဆိုပါ သီအိုရီအရဆိုရင္ အနမ္းခ်င္းဖလွယ္တာအပါအဝင္ ႐ုပ္ပိုင္ဆိုင္ရာအရ ခ်စ္ခင္ႏွစ္သက္မႈကို ေဖာ္ျပနိုင္တဲ့ ထိေတြ႕ဆက္ဆံမႈတိုင္းဟာ စိတ္ဖိစီးမႈကို ေလၽွာ့ခ်ေပးနိုင္ပါတယ္တဲ့။
၅။ စိတ္ဖိစီးမႈနည္းရင္ ကိုလက္စထေရာလည္း က်မယ္ – စိတ္ဖိစီးမႈ နည္းပါးလာတဲ့အခါ ေသြးတြင္းမွာရွိတဲ့ ကိုယ္လက္စထေရာ ပမာဏလည္း က်ဆင္းသြားမွာျဖစ္ပါတယ္။ ဇီဝကမၼျဖစ္ပ်က္မႈေတြကို တြန္းအားေပးတဲ့ fat-soluble vitamins ေတြကို ပိုမို ထုတ္လုပ္ေပးနိုင္မွာျဖစ္ၿပီး Cortisol ၊ Dldosterone ၊ Progesterone ၊ Estrogens နဲ႔ Testosterone တို႔လို Steroid Hormones ေတြပါဝင္ပါတယ္။
၆။ အနမ္းခ်င္း ဖလွယ္ေပးရင္ အလက္ဂ်စ္ျဖစ္ေစတဲ့ ေရာဂါလကၡဏာေတြကိုလည္း ေလၽွာ့ခ်ေပးနိုင္ပါတယ္ – တစ္စုံတစ္ခုနဲ႔ အလက္ဂ်စ္ရွိေနတဲ့အခါ စိတ္ဖိစီးမႈက ေဝဒနာပိုဆိုးေအာင္ တြန္းအားေပးပါတယ္။ ဂ်ပန္သိပၸံပညာရွင္ေတြရဲ့ ေလ့လာခ်က္ေတြအရ နမ္းရႈတ္မႈေၾကာင့္ Feel-good Hormones ေတြ မ်ားမ်ားထုတ္လႊတ္လာတဲ့အခါ အလက္ဂ်စ္ျဖစ္တဲ့ ေဝဒနာတခ်ိဳ႕ကို ထိန္းခ်ဳပ္ေလၽွာ့ခ်နိုင္တာကို သိရွိခဲ့ရပါတယ္။
၇။ အနမ္းတစ္ပြင့္ဟာ သင့္ရဲ့ ကိုယ္ခံစြမ္းအားကိုလည္း ျမႇင့္တင္ေပးနိုင္ပါတယ္ – တစ္စုံတစ္ေယာက္နဲ႔ ႏႈတ္ခမ္းခ်င္း ထိစပ္နမ္းရႈပ္လိုက္တဲ့အခါမ်ိဳးေတြမွာ ဘက္တီးရီးယားေတြကို လက္ခံရယူလိုက္တာမ်ိဳး ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ သင္ နာမက်န္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေၾကာင့္ပဲ သင့္ရဲ့ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ၿပီး ဘက္တီးရီးယားေတြကို ျပန္လည္တိုက္ထုတ္မယ့္ သင့္ရဲ့ ကိုယ္ခံအားစနစ္ကို လႈံ႔ေဆာ္မႈေပးလိုက္တာလည္း ျဖစ္လာမွာပါ။ ၾသစေၾတးလ်က သိပၸံပညာရွင္ေတြကေတာ့ တစ္ေန႔ကို ၉ ႀကိမ္နမ္းပါလို႔ ဆိုထားၾကပါတယ္။
၈။ အနမ္းခ်င္း ဖလွယ္ရင္ ခံတြင္းလည္း က်န္းမာတယ္ေနာ္ – ႏႈတ္ခမ္းခ်င္း နမ္းရႈတ္တဲ့အခါမွာ ႏွစ္ဦးလုံးရဲ့ ခံတြင္းမွာ တံေတြးရည္ေတြပိုမိုထုတ္လုပ္နိုင္ၿပီး အလြယ္တကူမ်ိဳခ်နိုင္ေအာင္လည္း ကူညီပါတယ္။ ဒီအခ်က္က သြားအတြင္းမွာကပ္ၿငိေနတဲ့ အစာအႂကြင္းအက်န္ေတြကို ဖယ္ရွားရွင္းလင္းနိုင္ေစမွာျဖစ္ပါတယ္။
၉။ အနမ္းတစ္ပြင့္ဟာ ၾကင္ဖက္ရဲ့ အရည္အေသြးကို ဆုံးျဖတ္ေပးနိုင္တယ္ – စြဲမက္ဖြယ္ အနမ္းတစ္ပြင့္ေၾကာင့္ လက္တြဲေဖာ္ရဲ့ ကိုယ္ရည္ကိုယ္ေသြး၊ က်န္းမာေရး၊ လိင္အမူအက်င့္၊ (အမ်ိဳးသမီးေတြဆိုရင္) ရာသီေသြးလည္ပတ္ပုံေတြအေၾကာင္းေတြကိုပါ သိနားလည္လာနိုင္တယ္လို႔ Archives of Sexual Behavior ဆိုတဲ့ စာတမ္းတစ္ခုက ေဖာ္ျပထားပါတယ္။
၁၀။ ခ်စ္သူ ႏွစ္ဦးအၾကား အနမ္းခ်င္း ဖလွယ္တာဟာ စိတ္ေက်နပ္စရာ ဆက္ဆံေရးကို ရေစနိုင္တယ္ – နမ္းရႈပ္တာနဲ႔ တျခားေသာ ႐ုပ္ပိုင္ဆိုင္ရာ ဆက္ႏြယ္မႈေတြဟာ ခ်စ္သူ ႏွစ္ဦးအၾကား ဆက္ဆံေရးကို ပိုမိုခိုင္ျမဲေစမွာလည္းျဖစ္ပါတယ္။ မ်ားမ်ားနမ္းတာဟာ မ်ားမ်ားလိင္ဆက္ဆံတာထက္ ပိုၿပီး ဆက္ဆံေရးေတြကို ခိုင္ျမဲေစနိုင္တယ္လို႔ သုေတသနေတြကဆိုပါတယ္။

Unicode

     ချစ်သူနှစ်ဦးအကြား အနမ်းချင်း ဖလှယ်ကြတယ်ဆိုတာဟာ ထူးဆန်းလှတဲ့ အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းတွေ ဖလှယ်ကြတယ်မဟုတ်လား။
တကယ်တော့ နမ်းရှုတ်တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။
သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် …
၁။ အနမ်းဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ် – နမ်းရှုတ်ကြတဲ့အခါ “ The Love Hormone” လို့ လူသိများကြတဲ့ Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ တခြားသော လူကိုအကျိုးပြုတဲ့ Neurohormones တွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
၂။ အဆိုပါ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟိုမုန်းတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ကုစားနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ် – သိပ္ပံလေ့လာမှုတွေအရ ကျေနပ်နှစ်သိမ့်မှုနဲ့ တပ်မက်စိတ်တို့ဟာ စိတ်ဖိစီးမှုကို လျှော့ချနိုင်သလို ရေရှည်ကျန်းမာတဲ့ အကျိုးကျေးဇူးကိုလည်း ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတွေကို လျှော့ချနိုင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်မှုတွေကို သက်သာသေမှာဖြစ်ပြီးတော့ စိတ်ကျန်းမာရေးဘက်မှာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
၃။ အနမ်းက သင့်ကိုပိုပြီး သတိရှိနေစေတယ် – နမ်းရှုပ်ကြတဲ့အခါမှာ မကြာခဏဆိုသလို Adrenaline နဲ့ Noradrenaline တို့လို ဓာတ်မျိုးတွေ ထွက်ရှိလာပါတယ် – အဆိုပါ ဓာတ်တွေဟာ လူတွေရဲ့ နှလုံးခုန်နှုန်းကိုမြန်ဆန်စေပြီး စိတ်လှုပ်ရှားစေရုံသက်သက်တင်မဟုတ်ပါဘူး။ လူကိုပိုပြီး သတိရှိနေစေဖို့လည်း အကျိုးပြုပါတယ်။
၄။ နမ်းရှုတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ် – ဟုတ်ပါတယ်။ “အပြန်အလှန် ချစ်ခင်နှစ်သက်မှု သီအိုရီ” ဆိုတာ ရှိပါတယ်။ အဆိုပါ သီအိုရီအရဆိုရင် အနမ်းချင်းဖလှယ်တာအပါအဝင် ရုပ်ပိုင်ဆိုင်ရာအရ ချစ်ခင်နှစ်သက်မှုကို ဖော်ပြနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတိုင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်တဲ့။
၅။ စိတ်ဖိစီးမှုနည်းရင် ကိုလက်စထရောလည်း ကျမယ် – စိတ်ဖိစီးမှု နည်းပါးလာတဲ့အခါ သွေးတွင်းမှာရှိတဲ့ ကိုယ်လက်စထရော ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်ပျက်မှုတွေကို တွန်းအားပေးတဲ့ fat-soluble vitamins တွေကို ပိုမို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး Cortisol ၊ Dldosterone ၊ Progesterone ၊ Estrogens နဲ့ Testosterone တို့လို Steroid Hormones တွေပါဝင်ပါတယ်။
၆။ အနမ်းချင်း ဖလှယ်ပေးရင် အလက်ဂျစ်ဖြစ်စေတဲ့ ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ် – တစ်စုံတစ်ခုနဲ့ အလက်ဂျစ်ရှိနေတဲ့အခါ စိတ်ဖိစီးမှုက ဝေဒနာပိုဆိုးအောင် တွန်းအားပေးပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ နမ်းရှုတ်မှုကြောင့် Feel-good Hormones တွေ များများထုတ်လွှတ်လာတဲ့အခါ အလက်ဂျစ်ဖြစ်တဲ့ ဝေဒနာတချို့ကို ထိန်းချုပ်လျှော့ချနိုင်တာကို သိရှိခဲ့ရပါတယ်။
၇။ အနမ်းတစ်ပွင့်ဟာ သင့်ရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ် – တစ်စုံတစ်ယောက်နဲ့ နှုတ်ခမ်းချင်း ထိစပ်နမ်းရှုပ်လိုက်တဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားတွေကို လက်ခံရယူလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင် နာမကျန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပြီး ဘက်တီးရီးယားတွေကို ပြန်လည်တိုက်ထုတ်မယ့် သင့်ရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်မှုပေးလိုက်တာလည်း ဖြစ်လာမှာပါ။ သြစတြေးလျက သိပ္ပံပညာရှင်တွေကတော့ တစ်နေ့ကို ၉ ကြိမ်နမ်းပါလို့ ဆိုထားကြပါတယ်။
၈။ အနမ်းချင်း ဖလှယ်ရင် ခံတွင်းလည်း ကျန်းမာတယ်နော် – နှုတ်ခမ်းချင်း နမ်းရှုတ်တဲ့အခါမှာ နှစ်ဦးလုံးရဲ့ ခံတွင်းမှာ တံတွေးရည်တွေပိုမိုထုတ်လုပ်နိုင်ပြီး အလွယ်တကူမျိုချနိုင်အောင်လည်း ကူညီပါတယ်။ ဒီအချက်က သွားအတွင်းမှာကပ်ငြိနေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရှင်းလင်းနိုင်စေမှာဖြစ်ပါတယ်။
၉။ အနမ်းတစ်ပွင့်ဟာ ကြင်ဖက်ရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်တယ် – စွဲမက်ဖွယ် အနမ်းတစ်ပွင့်ကြောင့် လက်တွဲဖော်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကျန်းမာရေး၊ လိင်အမူအကျင့်၊ (အမျိုးသမီးတွေဆိုရင်) ရာသီသွေးလည်ပတ်ပုံတွေအကြောင်းတွေကိုပါ သိနားလည်လာနိုင်တယ်လို့ Archives of Sexual Behavior ဆိုတဲ့ စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။
၁၀။ ချစ်သူ နှစ်ဦးအကြား အနမ်းချင်း ဖလှယ်တာဟာ စိတ်ကျေနပ်စရာ ဆက်ဆံရေးကို ရစေနိုင်တယ် – နမ်းရှုပ်တာနဲ့ တခြားသော ရုပ်ပိုင်ဆိုင်ရာ ဆက်နွယ်မှုတွေဟာ ချစ်သူ နှစ်ဦးအကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာလည်းဖြစ်ပါတယ်။ များများနမ်းတာဟာ များများလိင်ဆက်ဆံတာထက် ပိုပြီး ဆက်ဆံရေးတွေကို ခိုင်မြဲစေနိုင်တယ်လို့ သုတေသနတွေကဆိုပါတယ်။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...