အမ်ိဳးသမီးမ်ာ အျဖဴဆင္းျခင္း အေျကာင္း
Zawgyi Font
အခ်ိန္တန္ အရြယ္ေရာက္ၿပီးေသာ အမ်ိဳးသမီးမ်ား ေတြ႕ၾကဳံခံစားရေသာ အေၾကာင္းလကၡဏာမွာ အျဖဴဆင္းျခင္း ျဖစ္သည္။ သဘာဝအေလ်ာက္ အျဖဴဆင္းျခင္းမွ ေသြဖယ္၍ အမ်ိဳးသမီးအားလုံး၏ ငါးပုံတစ္ပုံခန႔္ အျဖဴဆင္းျခင္း ေဝဒနာခံစားရေလ့ရွိသည္။
အျဖဴဆင္းသည့္အခါ ခႏၶာကိုယ္တစ္ခုလုံး ေညာင္းညာထိုင္းမွိုင္း ႏုံးခ်ည့္ေမာပန္းကာ ခႏၶာကိုယ္ တစ္ခုလုံး အေနရခက္၊ အထိုင္ရခက္ေစသည္။ အျဖဴဆင္းသည့္အခါ အမ်ိဳးသမီးအခ်ိဳ႕သည္ မိမိကိုယ္ မိမိသန႔္ရွင္းမႈ မရွိပါလားဟု စိတ္ဒုကၡေရာက္ၾကရသည္။ အခ်ိဳ႕သည္လည္း ေရာဂါတစ္ခုခုေၾကာင့္လား၊ စိတ္ေရာဂါေၾကာင့္လားဆိုၿပီး သိုေလာသိုေလာေတြးေတာ၍ စိတ္ပူပင္တတ္ၾကသည္။ အျဖဴဆင္းျခင္းမွာ မိန္းမတို႔၏ သေဘာသဘာဝေၾကာင့္ ျဖစ္ရသည္ကို မေက်မနပ္ျဖစ္ၾကသည္။ အခ်ိဳ႕သည္လည္း အိမ္ေထာင္ျပဳ၍ ျဖစ္ရသည္။ ကေလးေမြး၍ျဖစ္ရသည္ စသည္ျဖင့္ စိတ္အေႏွာင့္အယွက္အမ်ိဳးမ်ိဳး ျဖစ္ၾကရပါသည္။
အမ်ိဳးသမီးမ်ားမွာ သဘာဝအေလ်ာက္ အျဖဴဆင္းေလ့ရွိသည္။ ေရာဂါမဟုတ္ပါ။ သဘာဝအေလ်ာက္ အျဖဴဆင္းသည္ဟု အျမဲတမ္း လ်စ္လ်ဴရႈ မေနသင့္ပါ။ အျဖဴူဆင္းျခင္း ေနာက္ကြယ္မွာ အေၾကာင္းရင္းခံ ေရာဂါဆိုးမ်ားရွိတတ္ရာ အျဖဴဆင္းျခင္း၏ သဘာဝကို ေစ့ငစြာ သိရွိနားလည္ထားရန္ လိုပါသည္။
သဘာဝက်ေသာ အျဖဴ
အျဖဴဆင္းျခင္း အနည္းအမ်ားသည္ အျဖဴမ်ားမ်ား ဆင္းေစေသာ အေၾကာင္းရင္းမ်ား ရွိမရွိအခ်က္တြင္ သာမက အမ်ိဳးသမီးတစ္ဦးစီ၏ ခႏၶာကိုယ္အေျခအေန အရပ္ရပ္ေပၚတြင္ မူတည္သည္။ အခ်ိဳ႕လည္း အျဖဴအနည္းငယ္ဆင္းသည္ႏွင့္ ကိုယ္လက္မအီမသာႏွင့္ စိတ္အေႏွာင့္အယွက္ျဖစ္ၾကေသာ္လည္း အခ်ိဳ႕ကမူ အျဖဴဆင္းၿပီး လုံခ်ည္ခဏခဏ လဲရေသာ္လည္း ဂ႐ုမစိုက္ၾကပါ။ အျဖဴဆင္းလြန္း၍ အတြင္းခံႏွင့္ လုံခ်ည္မ်ား မၾကာခဏ လဲလွယ္ရျခင္း၊ ဓမၼတာလာသကဲ့သို႔ အျဖဴဆင္းစဥ္ အဝတ္၊ ဂြမ္းစသည္တို႔ ခံရျခင္းျဖစ္ေနပါက သဘာဝ မက်ေသာ အႏၲရာယ္ေပးနိုင္ေသာ အျဖဴဆင္းျခင္းဟု ယူဆရပါသည္။
တစ္ခါတစ္ရံ တခ်ိဳ႕ေသာ အခ်ိန္ကာလမ်ားတြင္ ေရာဂါေၾကာင့္ မဟုတ္ဘဲ သဘာဝအေလ်ာက္ အျဖဴဆင္းျခင္း မ်ားေလ့ရွိသည္။ အပ်ိဳျဖစ္စအခ်ိန္ လစဥ္ဓမၼတာမလာခင္ အခ်ိန္ႏွင့္ လာၿပီးခ်င္းရက္မ်ား၊ မမ်ိဳးဥလႊတ္သည့္ အခ်ိန္ကာလ၊ လိင္စိတ္တက္ႂကြခ်ိန္၊ ကာမဆက္ဆံမႈျပဳခါနီး၊ ကိုယ္ဝန္ေဆာင္စဥ္ႏွင့္ ကေလးေမြးၿပီး ေျခာက္ပတ္အတြင္း သဘာဝအရ အျဖဴဆင္းသည္။
သဘာဝမက်ေသာ အျဖဴဆင္းျခင္းမ်ား
ခႏၶာကိုယ္၏ သဘာဝျဖစ္စဥ္ေၾကာင့္မဟုတ္ဘဲ အျခားေသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျဖဴဆင္းေလ့ရွိသည္။ ကာလၾကာျမင့္စြာ ဖ်ားနာျခင္း၊ စိတ္လႈပ္ရွားျခင္း၊ စိတ္ပူပင္ေသာကမ်ား လြန္ကဲျခင္း၊ အခ်ိန္ၾကာျမင့္စြာ မတ္တပ္ရပ္ျခင္း၊ လိင္ဆႏၵ မျပည့္ျခင္း စသည္တို႔ေၾကာင့္ အျဖဴပိုဆင္းသည္။ သားေမြးလမ္းေၾကာင္းအတြင္း သားသမီးမရနိုင္ေစရန္ ထည့္ထားေသာပစၥည္းမ်ား သားအိမ္ကို အထက္သို႔တြန္းတင္ရန္ ထည့္ထားေသာ ပစၥည္းမ်ား၊ အျခားျပင္ပမွ ပစၥည္းတစ္ခုခုစသည္တို႔ က်န္ေနေသာေၾကာင့္ နံေစာ္ေသာ အျဖဴမ်ားဆင္းတတ္ၾကသည္။
အမ်ိဳးသမီး အဂၤါအတြင္း တစ္ေလၽွ်ာက္ အပူေလာင္ျခင္း၊ ထိခိုက္မိျခင္း၊ အမ်ိဳးသမီးအဂၤါထဲ ထည့္သြင္းထားသည့္ ေဆးေတာင့္မ်ား၊ ေဆးရည္မ်ားႏွင့္ ဓာတ္မတည့္ျခင္း၊ ျပင္းထန္ေသာေဆးရည္မ်ား ထည့္မိျခင္း စသည္တို႔ေၾကာင့္ အျဖဴဆင္းျခင္းမ်ားေလ့ရွိသည္။
အျဖဴပိုဆင္းေစေသာ ေရာဂါမ်ား
သားအိမ္၊ သားအိမ္ေခါင္း၊ သားေမြးလမ္းေၾကာင္း၊ မိန္းမကိုယ္အဝ၌ ျဖစ္ေသာအမ်ိဳးသမီးေရာဂါတို႔ေၾကာင့္ အျဖဴဆင္းျခင္း လြန္ကဲတတ္သည္။
၁။ ဂနိုေညာင္းက်ေရာဂါပိုး၊ အဆုတ္တီဘႌပိုး၊ ကာလသားေရာဂါပိုးတို႔ေၾကာင့္ အမ်ိဳးသမီးအဂၤါေရာင္ျခင္း အမ်ိဳးမ်ိဳး ျဖစ္လၽွင္ အျဖဴပိုဆင္းေစပါသည္။
၂။ မိုနီးလီယားေရာဂါ
၃။ ထရိုင္ကိုမိုးနပ္ေရာဂါ
၄။ ဓမၼတာကုန္ဆုံး၍ သားေမြးလမ္းေၾကာင္းေရာင္ျခင္း
၅။ ေအာက္သို႔ သားအိမ္ေလၽွာက်ေနျခင္း
၆။ သားအိမ္ႏွင့္ သားအိမ္ေခါင္းတြင္ အသားပိုအရြတ္လုံးမ်ားႏွင့္ အျခားအလုံးခဲေပၚေပါက္ျခင္း
၇။ အမ်ိဳးသမီးအဂၤါမ်ား တေလၽွာက္တြင္ ျဖစ္ေသာကင္ဆာေရာဂါအမ်ိဳးမ်ိဳး စသည္တို႔ေၾကာင့္ လြန္ကဲစြာ အျဖဴဆင္းရေလ့ရွိသည္။
ထရိုင္ကိုမိုးနပ္ေရာဂါတြင္ မိန္းမကိုယ္အဝတစ္ဝိုက္ ယားယံၿပီး ဓမၼတာလာေနသည့္အခါႏွင့္ ဓမၼတာလာၿပီးစရက္မ်ားတြင္ ထူးျခားေသာ အနံ့တစ္မ်ိဳးျဖင့္ အစိမ္းႏုေရာင္ အျဖဴဆင္းေလ့ရွိပါသည္။
အျဖဴဆင္းရာတြင္ ေသြးအနည္းငယ္ပါပါက အနံ့အလြန္ဆိုးလၽွင္ ဓမၼတာလာျခင္းမဟုတ္ဘဲ ေသြးခ်ည္းသက္သက္ အလြန္ဆင္းလၽွင္ ကင္ဆာေရာဂါ တစ္မ်ိဳးမ်ိဳးေၾကာင့္ ျဖစ္နိုင္ေလသည္။
အျဖဴဆင္းလၽွင္ – အမ်ိဳးသမီးတိုင္းသည္ အျဖဴဆင္းလာလၽွင္ ဦးစြာသဘာဝက်သည့္ ေကာင္းေသာအျဖဴႏွင့္ ဒုကၡေပးနိုင္ေသာ အျဖဴ ဟုတ္မဟုတ္ကို စဥ္းစားဆင္ျခင္၍ ခြဲျခားရမည္ျဖစ္သည္။ ဒုကၡေပးနိုင္ေသာ အျဖဴထင္ပါက အျဖဴဆင္းျခင္း လြန္ကဲေနပါက နီးစပ္ရာ ဆရာဝန္ႏွင့္ အျမန္ဆုံးတိုင္ပင္ၿပီး လိုအပ္ေသာ ေဆးကုသမႈမ်ား ခံယူရမည္ ျဖစ္သည္။
အမ်ိဳးသမီးမ်ား အေနျဖင့္ ေယဘူယ်အားျဖင့္ ဆရာဝန္မ်ား ေရာဂါဇစ္ျမစ္ရွာေဖြရာတြင္ အေထာက္အကူျဖစ္ေစရန္ မိမိ၏အျဖဴဆင္းျခင္းႏွင့္ ပတ္သက္ၿပီး ေအာက္ပါအခ်က္အလက္မ်ား နားလည္ရေသာ အျဖဴဆင္းျခင္း ပမာဏ၊ ဆင္းေသာ အျဖဴ၏အေရာင္အဆင္း၊ အျဖဴဆင္းသည့္ အခ်ိန္ကာလ (ဓမၼတာလာစဥ္ႏွင့္ မည္သို႔မည္ပုံ ဆက္စပ္ေနသည္။ အျဖဴဆင္းသည့္အခါ မိန္းမကိုယ္တစ္ဝိုက္ ယားယံမႈရွိမရွိ၊ ထူးျခားေသာ အနံ့ရွိမရွိ၊ ေယာက်္ားႏွင့္ ဆက္စပ္ရာတြင္ နာက်င္မႈရွိမရွိ မၾကာခင္ကာလအတြင္းက မွီဝဲခဲ့ေသာ ေဆးဝါးမ်ား နားလည္ထားသင့္သလို ဆရာဝန္မ်ား၏ ေဆးကုသမႈ ညႊန္ၾကားခ်က္မ်ားကို တိတိက်က် လိုက္နာရန္လည္း လိုအပ္လွ၏။ ဇနီးေမာင္ႏွံႏွစ္ဦးစလုံး ေဆးကုသမႈ တၿပိဳင္နက္ခံယူရန္ လိုအပ္ပါကလည္း ႏွစ္ဦးစလုံး တိက်စြာ ေဆးကုသမႈခံရမည္ျဖစ္သည္။
အျဖဴေၾကာင့္ ဒုကၡမေရာက္ေစရန္
အမ်ိဳးသမီးတို႔တြင္ အျဖဴဆင္းျခင္းေၾကာင့္ ဒုကၡမေရာက္ရေစရန္ ေအာက္ပါအတိုင္း ကာကြယ္နိုင္ပါသည္။
အဓိကအားျဖင့္ အမ်ိဳးသမီးတို႔၏ အတြင္းအျပင္ အဂၤါ မ်ားကို ထာဝစဥ္ သန႔္ရွင္းစင္ၾကယ္ေစရန္ လိုအပ္လွ၏။ ၎ေနရာတြင္ မသန႔္ရွင္းပါက ေရာဂါပို အမ်ိဳးမ်ိဳး ဝင္ေရာက္ေပါက္ဖြားၿပီး ဒုကၡေပးေသာ အျဖဴဆင္းျခင္းမ်ိဳး ျဖစ္ေလသည္။ ဆီးသြား၊ ဝမ္းသြားၿပီးသည့္အခါတိုင္း ယင္းေနရာတစ္ဝိုက္ ေရေဆးၿပီး သန႔္ရွင္းစင္ၾကယ္ေစရမည္။ ေန႔စဥ္မွန္မွန္ အမ်ိဳးသမီးအဂၤါအတြင္းအျပင္တစ္ဝိုက္ေရ၊ ဆပ္ျပာနဲ႔ ေဆးေၾကာရမည္။ သန႔္ရွင္းစင္ၾကယ္ေသာ အတြင္းခံေဘာင္းဘီဝတ္ျခင္းျဖင့္လည္း အမ်ိဳးသမီးအဂၤါမ်ား ထိုျပင္ပမွဖုန္မ်ား၊ မသန႔္ရွင္းေသာ အညစ္အေၾကးမ်ား မဝင္နိုင္ရန္ ကာကြယ္သင့္ပါသည္။ မိမိခင္ပြန္းေရာဂါကင္းၿပီး သန႔္ရွင္းစင္ၾကယ္ေနေစရန္ လိုအပ္လွပါသည္။ သားေမြးလမ္းေၾကာင္းအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးအတြက္ ထည့္ထားေသာ ပစၥည္းမ်ား သန႔္ရွင္းမႈရွိေစရန္ ထားသင့္ထားထိုက္ေသာ အခ်ိန္ထက္ ပိုမိုလြန္ကဲစြာ မထားမိေစရန္ က်န္းမာေနေစရန္ သတိျပဳရေပမည္။ အမ်ိဳးသမီးေရာဂါ အမ်ိဳးမ်ိဳးကိုလည္း ျဖစ္မလာေစရန္ ကာကြယ္၍ ျဖစ္လာပါကလည္း ေစာစီးစြာေဆးကုသမႈ ခံယူရေပမည္။
အားလုံးကို ျခဳံငုံေလ့လာသုံးသပ္ရေသာ္ အျဖဴဆင္းတိုင္းသည္ ေရာဂါမဟုတ္ပါ။ ရွက္စရာလည္း မလိုပါ။ အမ်ိဳးသမီးအခ်င္းခ်င္း မိသားစုဆရာဝန္စသျဖင့္ ေဆြးေႏြးတိုင္ပင္သင့္သည္။ အျဖဴလြန္ကဲစြာ ဆင္းျခင္း၏ ေနာက္ကြယ္တြင္ ဒုကၡေပးနိုင္ေသာေရာဂါ ဆိုးက်ိဳးအမ်ိဳးမ်ိဳးလည္း ရွိတတ္ၾကေပရာ အမ်ိဳးသမီးမ်ားအေနျဖင့္ အျဖဴဆင္းျခင္းေၾကာင့္ ဒုကၡမေရာက္ေစရန္ ဆင္ျခင္ေနထိုင္ၾကၿပီး လိုအပ္ပါက မိသားစုဆရာဝန္ျဖင့္ ျပသကာ ေစာစီးစြာထိေရာက္ေသာ ေဆးကုသမႈ ခံယူသင္ၾကားသင့္ပါသည္။
အခ်ိဳ႕မွာ ေဆး႐ုံေဆးခန္း ဆရာဝန္ႏွင့္ ျပသျခင္းမရွိခဲ့ဘဲ အျဖဴဆင္းျခင္းေၾကာင့္ ကိုယ္ေရာစိတ္ပါ ဒုကၡအမ်ိဳးမ်ိဳး ေရာက္ေနသူ မ်ားျပားလွသျဖင့္ အမ်ိဳးသမီးေတြအတြက္ ဆင္းရဲဒုကၡျဖစ္ေစပါသည္။
အျဖဴဆင္းျခင္း၏ သဘာဝကို သိရွိၿပီးသကာလ ပုံမွန္ဆင္းေလ့ရွိသည့္ အျဖဴလားေရာဂါေၾကာင့္ အျဖဴဆင္းရသည့္ အျဖဴလား ခႏၶာကိုယ္ေဟာ္မုန္း၊ ဓာတ္သတၱဳ၊ သက္ေစာင့္ဓာတ္မညီမၽွလို႔ က်န္းမာေရးဆိုးက်ိဳးေၾကာင့္ ဆင္းရေသာ အျဖဴလားဆိုတာ ကိုယ္တိုင္ဆုံးျဖတ္ျခင္းထက္ တတ္ကၽြမ္းေသာဆရာဝန္၊ ေဆး႐ုံေဆးခန္းမ်ားတြင္ ျပသကာ ကုသမႈခံယူသင့္ပါသည္။
Unicode
အချိန်တန် အရွယ်ရောက်ပြီးသော အမျိုးသမီးများ တွေ့ကြုံခံစားရသော အကြောင်းလက္ခဏာမှာ အဖြူဆင်းခြင်း ဖြစ်သည်။ သဘာဝအလျောက် အဖြူဆင်းခြင်းမှ သွေဖယ်၍ အမျိုးသမီးအားလုံး၏ ငါးပုံတစ်ပုံခန့် အဖြူဆင်းခြင်း ဝေဒနာခံစားရလေ့ရှိသည်။
အဖြူဆင်းသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာထိုင်းမှိုင်း နုံးချည့်မောပန်းကာ ခန္ဓာကိုယ် တစ်ခုလုံး အနေရခက်၊ အထိုင်ရခက်စေသည်။ အဖြူဆင်းသည့်အခါ အမျိုးသမီးအချို့သည် မိမိကိုယ် မိမိသန့်ရှင်းမှု မရှိပါလားဟု စိတ်ဒုက္ခရောက်ကြရသည်။ အချို့သည်လည်း ရောဂါတစ်ခုခုကြောင့်လား၊ စိတ်ရောဂါကြောင့်လားဆိုပြီး သိုလောသိုလောတွေးတော၍ စိတ်ပူပင်တတ်ကြသည်။ အဖြူဆင်းခြင်းမှာ မိန်းမတို့၏ သဘောသဘာဝကြောင့် ဖြစ်ရသည်ကို မကျေမနပ်ဖြစ်ကြသည်။ အချို့သည်လည်း အိမ်ထောင်ပြု၍ ဖြစ်ရသည်။ ကလေးမွေး၍ဖြစ်ရသည် စသည်ဖြင့် စိတ်အနှောင့်အယှက်အမျိုးမျိုး ဖြစ်ကြရပါသည်။
အမျိုးသမီးများမှာ သဘာဝအလျောက် အဖြူဆင်းလေ့ရှိသည်။ ရောဂါမဟုတ်ပါ။ သဘာဝအလျောက် အဖြူဆင်းသည်ဟု အမြဲတမ်း လျစ်လျူရှု မနေသင့်ပါ။ အဖြူူဆင်းခြင်း နောက်ကွယ်မှာ အကြောင်းရင်းခံ ရောဂါဆိုးများရှိတတ်ရာ အဖြူဆင်းခြင်း၏ သဘာဝကို စေ့ငစွာ သိရှိနားလည်ထားရန် လိုပါသည်။
သဘာဝကျသော အဖြူ
အဖြူဆင်းခြင်း အနည်းအများသည် အဖြူများများ ဆင်းစေသော အကြောင်းရင်းများ ရှိမရှိအချက်တွင် သာမက အမျိုးသမီးတစ်ဦးစီ၏ ခန္ဓာကိုယ်အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်သည်။ အချို့လည်း အဖြူအနည်းငယ်ဆင်းသည်နှင့် ကိုယ်လက်မအီမသာနှင့် စိတ်အနှောင့်အယှက်ဖြစ်ကြသော်လည်း အချို့ကမူ အဖြူဆင်းပြီး လုံချည်ခဏခဏ လဲရသော်လည်း ဂရုမစိုက်ကြပါ။ အဖြူဆင်းလွန်း၍ အတွင်းခံနှင့် လုံချည်များ မကြာခဏ လဲလှယ်ရခြင်း၊ ဓမ္မတာလာသကဲ့သို့ အဖြူဆင်းစဉ် အဝတ်၊ ဂွမ်းစသည်တို့ ခံရခြင်းဖြစ်နေပါက သဘာဝ မကျသော အန္တရာယ်ပေးနိုင်သော အဖြူဆင်းခြင်းဟု ယူဆရပါသည်။
တစ်ခါတစ်ရံ တချို့သော အချိန်ကာလများတွင် ရောဂါကြောင့် မဟုတ်ဘဲ သဘာဝအလျောက် အဖြူဆင်းခြင်း များလေ့ရှိသည်။ အပျိုဖြစ်စအချိန် လစဉ်ဓမ္မတာမလာခင် အချိန်နှင့် လာပြီးချင်းရက်များ၊ မမျိုးဥလွှတ်သည့် အချိန်ကာလ၊ လိင်စိတ်တက်ကြွချိန်၊ ကာမဆက်ဆံမှုပြုခါနီး၊ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးပြီး ခြောက်ပတ်အတွင်း သဘာဝအရ အဖြူဆင်းသည်။
သဘာဝမကျသော အဖြူဆင်းခြင်းများ
ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်ကြောင့်မဟုတ်ဘဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် အဖြူဆင်းလေ့ရှိသည်။ ကာလကြာမြင့်စွာ ဖျားနာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပင်သောကများ လွန်ကဲခြင်း၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လိင်ဆန္ဒ မပြည့်ခြင်း စသည်တို့ကြောင့် အဖြူပိုဆင်းသည်။ သားမွေးလမ်းကြောင်းအတွင်း သားသမီးမရနိုင်စေရန် ထည့်ထားသောပစ္စည်းများ သားအိမ်ကို အထက်သို့တွန်းတင်ရန် ထည့်ထားသော ပစ္စည်းများ၊ အခြားပြင်ပမှ ပစ္စည်းတစ်ခုခုစသည်တို့ ကျန်နေသောကြောင့် နံစော်သော အဖြူများဆင်းတတ်ကြသည်။
အမျိုးသမီး အင်္ဂါအတွင်း တစ်လျျှောက် အပူလောင်ခြင်း၊ ထိခိုက်မိခြင်း၊ အမျိုးသမီးအင်္ဂါထဲ ထည့်သွင်းထားသည့် ဆေးတောင့်များ၊ ဆေးရည်များနှင့် ဓာတ်မတည့်ခြင်း၊ ပြင်းထန်သောဆေးရည်များ ထည့်မိခြင်း စသည်တို့ကြောင့် အဖြူဆင်းခြင်းများလေ့ရှိသည်။
အဖြူပိုဆင်းစေသော ရောဂါများ
သားအိမ်၊ သားအိမ်ခေါင်း၊ သားမွေးလမ်းကြောင်း၊ မိန်းမကိုယ်အဝ၌ ဖြစ်သောအမျိုးသမီးရောဂါတို့ကြောင့် အဖြူဆင်းခြင်း လွန်ကဲတတ်သည်။
၁။ ဂနိုညောင်းကျရောဂါပိုး၊ အဆုတ်တီင်္ဘီပိုး၊ ကာလသားရောဂါပိုးတို့ကြောင့် အမျိုးသမီးအင်္ဂါရောင်ခြင်း အမျိုးမျိုး ဖြစ်လျှင် အဖြူပိုဆင်းစေပါသည်။
၂။ မိုနီးလီယားရောဂါ
၃။ ထရိုင်ကိုမိုးနပ်ရောဂါ
၄။ ဓမ္မတာကုန်ဆုံး၍ သားမွေးလမ်းကြောင်းရောင်ခြင်း
၅။ အောက်သို့ သားအိမ်လျှောကျနေခြင်း
၆။ သားအိမ်နှင့် သားအိမ်ခေါင်းတွင် အသားပိုအရွတ်လုံးများနှင့် အခြားအလုံးခဲပေါ်ပေါက်ခြင်း
၇။ အမျိုးသမီးအင်္ဂါများ တလျှောက်တွင် ဖြစ်သောကင်ဆာရောဂါအမျိုးမျိုး စသည်တို့ကြောင့် လွန်ကဲစွာ အဖြူဆင်းရလေ့ရှိသည်။
ထရိုင်ကိုမိုးနပ်ရောဂါတွင် မိန်းမကိုယ်အဝတစ်ဝိုက် ယားယံပြီး ဓမ္မတာလာနေသည့်အခါနှင့် ဓမ္မတာလာပြီးစရက်များတွင် ထူးခြားသော အနံ့တစ်မျိုးဖြင့် အစိမ်းနုရောင် အဖြူဆင်းလေ့ရှိပါသည်။
အဖြူဆင်းရာတွင် သွေးအနည်းငယ်ပါပါက အနံ့အလွန်ဆိုးလျှင် ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးချည်းသက်သက် အလွန်ဆင်းလျှင် ကင်ဆာရောဂါ တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်လေသည်။
အဖြူဆင်းလျှင် – အမျိုးသမီးတိုင်းသည် အဖြူဆင်းလာလျှင် ဦးစွာသဘာဝကျသည့် ကောင်းသောအဖြူနှင့် ဒုက္ခပေးနိုင်သော အဖြူ ဟုတ်မဟုတ်ကို စဉ်းစားဆင်ခြင်၍ ခွဲခြားရမည်ဖြစ်သည်။ ဒုက္ခပေးနိုင်သော အဖြူထင်ပါက အဖြူဆင်းခြင်း လွန်ကဲနေပါက နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြီး လိုအပ်သော ဆေးကုသမှုများ ခံယူရမည် ဖြစ်သည်။
အမျိုးသမီးများ အနေဖြင့် ယေဘူယျအားဖြင့် ဆရာဝန်များ ရောဂါဇစ်မြစ်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် မိမိ၏အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး အောက်ပါအချက်အလက်များ နားလည်ရသော အဖြူဆင်းခြင်း ပမာဏ၊ ဆင်းသော အဖြူ၏အရောင်အဆင်း၊ အဖြူဆင်းသည့် အချိန်ကာလ (ဓမ္မတာလာစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည်။ အဖြူဆင်းသည့်အခါ မိန်းမကိုယ်တစ်ဝိုက် ယားယံမှုရှိမရှိ၊ ထူးခြားသော အနံ့ရှိမရှိ၊ ယောကျ်ားနှင့် ဆက်စပ်ရာတွင် နာကျင်မှုရှိမရှိ မကြာခင်ကာလအတွင်းက မှီဝဲခဲ့သော ဆေးဝါးများ နားလည်ထားသင့်သလို ဆရာဝန်များ၏ ဆေးကုသမှု ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန်လည်း လိုအပ်လှ၏။ ဇနီးမောင်နှံနှစ်ဦးစလုံး ဆေးကုသမှု တပြိုင်နက်ခံယူရန် လိုအပ်ပါကလည်း နှစ်ဦးစလုံး တိကျစွာ ဆေးကုသမှုခံရမည်ဖြစ်သည်။
အဖြူကြောင့် ဒုက္ခမရောက်စေရန်
အမျိုးသမီးတို့တွင် အဖြူဆင်းခြင်းကြောင့် ဒုက္ခမရောက်ရစေရန် အောက်ပါအတိုင်း ကာကွယ်နိုင်ပါသည်။
အဓိကအားဖြင့် အမျိုးသမီးတို့၏ အတွင်းအပြင် အင်္ဂါ များကို ထာဝစဉ် သန့်ရှင်းစင်ကြယ်စေရန် လိုအပ်လှ၏။ ၎င်းနေရာတွင် မသန့်ရှင်းပါက ရောဂါပို အမျိုးမျိုး ဝင်ရောက်ပေါက်ဖွားပြီး ဒုက္ခပေးသော အဖြူဆင်းခြင်းမျိုး ဖြစ်လေသည်။ ဆီးသွား၊ ဝမ်းသွားပြီးသည့်အခါတိုင်း ယင်းနေရာတစ်ဝိုက် ရေဆေးပြီး သန့်ရှင်းစင်ကြယ်စေရမည်။ နေ့စဉ်မှန်မှန် အမျိုးသမီးအင်္ဂါအတွင်းအပြင်တစ်ဝိုက်ရေ၊ ဆပ်ပြာနဲ့ ဆေးကြောရမည်။ သန့်ရှင်းစင်ကြယ်သော အတွင်းခံဘောင်းဘီဝတ်ခြင်းဖြင့်လည်း အမျိုးသမီးအင်္ဂါများ ထိုပြင်ပမှဖုန်များ၊ မသန့်ရှင်းသော အညစ်အကြေးများ မဝင်နိုင်ရန် ကာကွယ်သင့်ပါသည်။ မိမိခင်ပွန်းရောဂါကင်းပြီး သန့်ရှင်းစင်ကြယ်နေစေရန် လိုအပ်လှပါသည်။ သားမွေးလမ်းကြောင်းအတွင်း အကြောင်းအမျိုးမျိုးအတွက် ထည့်ထားသော ပစ္စည်းများ သန့်ရှင်းမှုရှိစေရန် ထားသင့်ထားထိုက်သော အချိန်ထက် ပိုမိုလွန်ကဲစွာ မထားမိစေရန် ကျန်းမာနေစေရန် သတိပြုရပေမည်။ အမျိုးသမီးရောဂါ အမျိုးမျိုးကိုလည်း ဖြစ်မလာစေရန် ကာကွယ်၍ ဖြစ်လာပါကလည်း စောစီးစွာဆေးကုသမှု ခံယူရပေမည်။
အားလုံးကို ခြုံငုံလေ့လာသုံးသပ်ရသော် အဖြူဆင်းတိုင်းသည် ရောဂါမဟုတ်ပါ။ ရှက်စရာလည်း မလိုပါ။ အမျိုးသမီးအချင်းချင်း မိသားစုဆရာဝန်စသဖြင့် ဆွေးနွေးတိုင်ပင်သင့်သည်။ အဖြူလွန်ကဲစွာ ဆင်းခြင်း၏ နောက်ကွယ်တွင် ဒုက္ခပေးနိုင်သောရောဂါ ဆိုးကျိုးအမျိုးမျိုးလည်း ရှိတတ်ကြပေရာ အမျိုးသမီးများအနေဖြင့် အဖြူဆင်းခြင်းကြောင့် ဒုက္ခမရောက်စေရန် ဆင်ခြင်နေထိုင်ကြပြီး လိုအပ်ပါက မိသားစုဆရာဝန်ဖြင့် ပြသကာ စောစီးစွာထိရောက်သော ဆေးကုသမှု ခံယူသင်ကြားသင့်ပါသည်။
အချို့မှာ ဆေးရုံဆေးခန်း ဆရာဝန်နှင့် ပြသခြင်းမရှိခဲ့ဘဲ အဖြူဆင်းခြင်းကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခအမျိုးမျိုး ရောက်နေသူ များပြားလှသဖြင့် အမျိုးသမီးတွေအတွက် ဆင်းရဲဒုက္ခဖြစ်စေပါသည်။
အဖြူဆင်းခြင်း၏ သဘာဝကို သိရှိပြီးသကာလ ပုံမှန်ဆင်းလေ့ရှိသည့် အဖြူလားရောဂါကြောင့် အဖြူဆင်းရသည့် အဖြူလား ခန္ဓာကိုယ်ဟော်မုန်း၊ ဓာတ်သတ္တု၊ သက်စောင့်ဓာတ်မညီမျှလို့ ကျန်းမာရေးဆိုးကျိုးကြောင့် ဆင်းရသော အဖြူလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက် တတ်ကျွမ်းသောဆရာဝန်၊ ဆေးရုံဆေးခန်းများတွင် ပြသကာ ကုသမှုခံယူသင့်ပါသည်။
Subscribe to:
Post Comments (Atom)
ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး
ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...

-
Zawgyi Font ႃကြက္နားရြက္မွို ရခိုင္သုပ္ ႂ ကြက္နား႐ြက္မွို အစိမ္းကို ေရစင္ေအာင္ ေဆးၿပီး အေနေတာ္ညွပ္လို႔ ေ...
-
Zawgyi Font ခ်စ္သူႏွစ္ဦးအၾကား အနမ္းခ်င္း ဖလွယ္ၾကတယ္ဆိုတာဟာ ထူးဆန္းလွတဲ့ အျပဳအမူတစ္ခုေတာ့မဟုတ္ပါဘူး။ လိင္...
-
အမ်ိဳးသားလိင္အဂၤါရဲ့ ဘဝသက္တမ္း ကမၻာႀကီးမွာ သက္ရွိ၊ သက္မဲ့အရာေတြအားလုံး အခ်ိန္သက္တမ္းတစ္ခုကို ေက်ာ္လြန္လာတာနဲ႔အမၽွ ေျပာင္း...
No comments:
Post a Comment