Monday, May 11, 2020

အမ်ိဳးသမီးမ်ား သတိထားသင့္ေသာ္ ရင္သားကင္ဆာ

Zawgyi Font
         
             အမ်ိဳးသမီးမ်ား ျဖစ္ပြားတတ္တဲ့ ကင္ဆာေရာဂါမ်ားအနက္ ဒုတိယအျဖစ္အမ်ားဆုံးျဖစ္ၿပီး အမ်ိဳးသမီးထုတစ္ရပ္လုံး အသက္အႏၲရာယ္ စိန္ေခၚေနတဲ့ ေရာဂါမွာ ရင္သားကင္ဆာ ( breast cancer ) ျဖစ္တယ္။
( WHO ) အဆိုအရ ကမၻာေပၚမွာ အမ်ိဳးသမီးသန္းဝက္ခန႔္ဟာ ရင္သားကင္ဆာကို ေစာေစာစီးစီး ကုသရရင္ အသက္ရွင္နိုင္ေပမယ့္ ေဆးဝါးကုသမႈ မခံယူခဲ့လို႔ အသက္ဆုံးရႈံးခဲ့ရတယ္ဆိုတယ္။ဖြံ့ၿဖိဳးတိုးတက္ဆဲနိုင္ငံမ်ားမွာ ရင္သားကင္ဆာ ျဖစ္ပြားသူ ( ၇၅% ) ဟာအသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီး၊ ဖြံ့ၿဖိဳး   ၿပီးနိုင္ငံမ်ားမွာ ( ၂၅% ) ဟာ အသက္အႏၲရာယ္ရွိေၾကာင္း သိရွိရပါတယ္။
ျဖစ္ပြားပုံ
လူသားတို႔ရဲ့ ခႏၶာကိုယ္မွာ ဆဲလ္အမ်ိဳးမ်ိဳးမတူညီပဲ ကြဲျပားျခားနားစြာ ဖြဲ႕စည္းထားတယ္။ ဆဲလ္တို႔ရဲ့ သဘာဝဟာ ဆဲလ္တိုင္းမွာ မ်ိဳးရိုးဗီဇဆိုင္ရာ အခ်က္အလက္မ်ား တူညီေပမယ့္ မိမိတည္ရွိတဲ့ သက္ဆိုင္ရာ အစိတ္အပိုင္း အလိုက္ မတူကြဲျပားျခားနားတဲ့ တာဝန္မ်ား ထမ္းေဆာင္ၾကရပါတယ္။ က်န္းမာတဲ့ ပုံမွန္ဆဲလ္မ်ားရဲ့ လႈံေဆာ္မႈေၾကာင့္ က်န္းမာတဲ့ ခႏၶာကိုယ္ပိုင္ရွင္မ်ား ျဖစ္လာတယ္။ တကယ္လို႔ ဆဲလ္တခ်ိဳ႕က အေၾကာင္းတစ္ခုခုေၾကာင့္ ထိခိုက္မႈမ်ားလာတဲ့အခါ ပုံမွန္မဟုတ္ပဲ မွားယြင္းတဲ့ လုပ္ေဆာင္မႈမ်ားက တျဖည္းျဖည္း ကင္ဆာအသြင္ ေျပာင္းလဲသြားတယ္။
ရင္သားဆဲလ္မ်ားဟာ အဆီတစ္ရႉးနဲ႔ ဆက္သြယ္ေရးတစ္ရႉး (Fat-connective tissue ) တို႔နဲ႔ ဖြဲ႕စည္းထားတယ္။ ရင္သားမွာရွိတဲ့ ဆဲလ္ဟာ အမ်ိဳးသမီးတို႔ အသက္အရြယ္အလိုက္ တစ္စထက္တစ္စ တိုးတက္ေျပာင္းလဲလာတယ္။ အမ်ိဳးသမီးမ်ား အပ်ိဳေဖာ္ဝင္စအရြယ္မွာ ရင္သားဖြံ့ၿဖိဳးႀကီးမားျခင္း တာဝန္ေဆာင္ရြက္ၾကတယ္။ အမ်ိဳးသမီးမ်ား ကေလးေမြးဖြားၿပီးတဲ့အခါမွာ ရင္ေသြးက နို႔ကိုငုံလိုက္ျခင္းျဖင့္ နို႔ရည္ထြက္ဖို႔ ပံ့ပိုးေပးတယ္။ ပုံမွန္သဘာဝက ပုံမွန္ဆဲလ္ကြဲ   ျခင္းနဲ႔ မ်ိဳးပြားၾကၿပီး ယင္းတို႔က်ရာတာဝန္မ်ား ထမ္းေဆာင္ၾကတယ္။ အခ်ိန္တန္ရင္ ဆဲလ္မ်ားေသဆုံးကာ ဆဲလ္အသစ္မ်ား အစားထိုးလာတယ္။
ကင္ဆာျဖစ္မယ့္ဆဲလ္က ဆဲလ္ကြဲစမွာ အထိန္းအကြပ္မဲ့လာၿပီး ေသဆုံးသင့္တဲ့အခ်ိန္မွာ ယင္းဆဲလ္မ်ား ေသဆုံးျခင္း မရွိေတာ့ပါ။ ဆဲလ္မ်ားဟာ ပုံမွန္ဆဲလ္မ်ားထက္ ပိုမိုလ်င္လ်င္ျမန္ျမန္ ဆဲလ္ကြဲၿပီး ေသဆုံးရမယ့္အခ်ိန္မွာ အဆမတန္မ်ားျပားလာကာ အဖုအက်ိတ္အျဖစ္ စတင္ျဖစ္ပြားလာတယ္။ စတင္ျဖစ္ပြားစမွာ နာက်င္ျခင္း မရွိေပမယ့္ အဖုအက်ိတ္မ်ား ပိုမိုႀကီးထြားလာတယ္။
ယင္းအက်ိတ္မ်ား ႀကီးထြားလာတာနဲ႔အမၽွ ကင္ဆာဆဲလ္မ်ားဟာ ယင္းတို႔အဂၤါအစိတ္အပိုင္းမ်ားကို တိုက္ခိုက္ဖ်က္ဆီးတယ္။ ရင္သားကင္ဆာေပၚတဲ့ အဖုအက်ိတ္မ်ား ျဖစ္ေပၚရင္ အမ်ိဳးသမီးမ်ား စတင္အႏၲရာယ္ျပဳတယ္။ ေရာဂါရင့္ၿပီး အဖုအက်ိတ္မ်ား အနာအသြင္ေျပာင္းကာ က်န္တဲ့ဆဲလ္မ်ား တိုက္ခိုက္တယ္။ အက်ိတ္အခဲမ်ား ေပၚကြဲၿပီး အနာျဖစ္ကာ ကင္ဆာႀကီးထြားကာ အသက္ဆုံးရႈံးနိုင္တယ္။နို႔မတိုက္မိခင္မ်ား ကေလးေမြးဖြားၿပီး နို႔မတိုက္တဲ့မိခင္မ်ားဟာ ရင္သားကင္ဆာျဖစ္ႏႈန္း ပိုမိုမ်ားတယ္။ နို႔တိုက္တဲ့မိခင္က နို႔မတိုက္တဲ့မိခင္ထက္ ရင္သားကင္ဆာျဖစ္ႏႈန္း (၄၃%) ေလ်ာ့နည္းတယ္။ ရင္သားကင္ဆာက ကေလးေမြးဖြားၿပီး နို႔တိုက္တိုင္း ျဖစ္ပြားႏႈန္း (၇%) ေလ်ာ့နည္းသြားတယ္။
တိရစၧာန္အဆီ။ တိရစၧာန္အဆီ၊ ေထာပတ္၊ မလိုင္ စတဲ့ အဆီဓာတ္မ်ားပါဝင္တဲ့ အစားအစာမ်ား အလြန္အကၽြံ စားသုံးျခင္း ျပည့္ဝဆီ (ဆီအုန္း၊ ျပန္ေၾကာ္ဆီ၊ ဝက္ဆီ) နဲ႔ စိမ္ထားတဲ့ အသင့္အျမန္စားအစာမ်ား (ပီဇာ၊ ဆင္းဒဝစ္၊ ဟမ္ဘာဂါ) မ်ားစားသုံးျခင္း၊ နို႔ႏွင့္နို႔ထြက္ပစၥည္း အလြန္အကၽြံ စားသုံးျခင္းတို႔ဟာ သာမန္ဟင္းရြက္ဆီ မျပည့္ဝဆီ (ႏွမ္း၊ ေျမပဲ၊ ေနၾကာ၊ သံလြင္ဆီ) သုံးသူမ်ားထက္ ရင္သားကင္ဆာျဖစ္ႏႈန္း (၅၀%) ခန႔္ရွိေၾကာင္း ေတြ႕ရွိရပါတယ္။
မ်ိဳးရိုး။ မိခင္မွာရင္သားကင္ဆာရွိရင္ (သို႔) ေဆြမ်ိဳး ေမာင္ႏွမဝမ္းကြဲ အေဒၚတို႔မွာ ရင္သားကင္ဆာရွိရင္ မိမိမွာ မ်ိဳးဗီဇပါဝင္လာၿပီး ျဖစ္နိုင္ေခ် မ်ားတယ္။
ပုံမွန္မဟုတ္တဲ့ မ်ိဳးဗီဇလူသားတို႔ ခႏၶာကိုယ္တြင္း မ်ိဳးရိုးဗီဇမ်ားအနက္ အခ်ိဳ႕မ်ိဳးဗီဇတို႔မွာ ကင္ဆာျဖစ္ေစတတ္တဲ့ မ်ိဳးဗီဇမ်ားရွိသလို ကင္ဆာတိုက္ဖ်က္နိုင္တဲ့ မ်ိဳးဗီဇလည္း ရွိတတ္တယ္။အခ်ိဳ႕မွာ ကင္ဆာတိုက္ဖ်က္နိုင္တဲ့ မ်ိဳးဗီဇရွိေပမယ့္ မ်ိဳးဗီဇပ်က္စီးသြားလို႔ ရင္သားကင္ဆာျဖစ္ရတယ္။
အဝလြန္ျခင္း။ အဝလြန္တဲ့ အမ်ိဳးသမီးမ်ားမွာ ရင္သားကင္ဆာ ျဖစ္ႏႈန္း (၂၀%) ပိုမိုတယ္။ ရင္သားကင္ဆာျဖစ္ၿပီး ေဆးကုသမႈခံယူထားတဲ့တိုင္ အဝလြန္အမ်ိဳးသမီးက ကင္ဆာျဖစ္ႏႈန္း (၁၀%) ပိုတယ္။ ပဋိသေႏၶတားေဆး ကာလရွည္စားသုံး ထိုးႏွံသူမ်ား၊ အရိုးမ်ားႀကီးထြားသန္မာေစတဲ့ ကယ္လ္ဆီယမ္ ေဖာက္  ျပန္ျခင္း နီျမန္းတဲ့အသားကို တာရွည္အသုံးျပဳျခင္း၊ ဝိုင္(သို႔)ဘီယာနဲ႔ အရက္ ေန႔စဥ္ေသာက္ျခင္းက ရင္သားကင္ဆာျဖစ္ပြားႏႈန္း ျမင့္တယ္။ ေဆးလိပ္ႏွင့္ကြမ္းမ်ားရင္လည္း ရင္သားကင္ဆာ ျဖစ္ပြားနိုင္တယ္။
ကုသျခင္း။ ခြဲစိတ္ဖယ္ရွား ကုသျခင္း၊ ဓာတ္ေရာင္ျခည္ေပး ကုသျခင္း၊ ကင္ဆာဓာတုေဆးဝါးျဖင့္ ကုသျခင္း၊ ေဟာ္မုန္းေပးကုသျခင္း တို႔နဲ႔ ကုသနိုင္တယ္။ (၇၅%)က အသက္အႏၲရာယ္ႏွင့္ ရင္ဆိုင္ရေၾကာင္း ကင္ဆာေဖာင္ေဒးရွင္း မွတ္တမ္းအရ သိရွိရတယ္။ တစ္မ်ိဳးထက္ ပိုမိုေပးကုသျခင္းက ရလဒ္ေကာင္း  မြန္တယ္။
ရင္သားကင္ဆာေဆးသစ္ ေဆးပညာရွင္မ်ား ႀကိဳးပမ္းမႈအရ ရင္သားကင္ဆာ ဟန႔္တားနိုင္တဲ့ ျပဴဘိုစီကလစ္ေဆး (puboiclib) ထြက္ရွိလာတယ္။ ယင္းကိုအီစႀတိဳဂ်င္ ဆန႔္က်င္၊Antioestrogen၊ ကုသေဆး ဖီးဖက္ထရန႔္ (Ful -vestrant)နဲ႔တြဲဖက္ကုသျခင္းကရင္သားကင္ဆာ(၁)ႏွင့္အဆင့္(၂)ကို ထိန္ထားနိုင္   ေၾကာင္း ေတြ႕ရတယ္။ အဆင့္(၃)ပင္ရပ္ပစ္နိုင္ေၾကာင္း ေတြ႕ရွိရတယ္။ယင္းေဆး(၂)မ်ိဳး ကုသမႈက ရင္သားကင္ဆာ ႀကီးထြားႏႈန္း ေလးလေက်ာ္ ေႏွာင့္ေႏွးသြားေစတယ္ဆိုတယ္။ ဖ်ဴဖက္ထရန႔္ (Fulvestrant) ေဆးဟာ ေဟာ္မုန္းကုသေဆးျဖစ္ၿပီး (Puboclib) ေဆးက ရင္သားအက်ိတ္ျဖစ္လို႔ အားေပးတဲ့ ပရို တိန္းကို ဟန႔္တားေပးနိုင္စြမ္း ရွိတယ္။ ယင္းေဆး (၂)မ်ိဳးနဲ႔ကုသရင္ ရင္သားကင္ဆာ ဟန႔္တားနိုင္လို႔ ကင္ဆာအမ်ိဳးသမီးမ်ား ဝမ္းေျမာက္ဖြယ္ျဖစ္တယ္။
ရင္သားကင္ဆာ မျဖစ္ခင္ အမ်ိဳးသမီးတိုင္းဟာ ေရခ်ိဳးခ်ိန္ေတြမွာ ဘယ္ဖက္၊ ညာဖက္ရင္သား အက်ိတ္ အဖုမ်ား စမ္းၾကည့္ရင္း ႀကီးထြားေနရင္ (သို႔) အက်ိတ္အဖု ေတြ႕ရင္ မိသားစုဆရာဝန္ ျပသရမယ္။ အမ်ိဳးသမီးတို႔ က်န္းမာေရးကို ၿခိမ္းေျခာက္ေနတဲ့ ရင္သားကင္ဆာအႏၲရာယ္ဆိုးႀကီးမွ ကင္းလြတ္ေစဖို႔ အိမ္  ေထာင္သားေမြးျခင္း ကေလးကို မိခင္နို႔တိုက္ေကၽြးျခင္းအျပင္ ေဟာလိဝုဒ္မင္းသမီးဂ်ိဳလီတို႔လို ရင္သားကင္ဆာရာဇဝင္ရွိသူမ်ား ႀကိဳတင္ျပသကုသမႈ ခံယူသင့္ပါတယ္။
ရင္သားကင္ဆာရဲ့ ေနာက္ဆက္တြဲ ေရာဂါမ်ားမွာ အဆုတ္ကင္ဆာ၊ အရိုးကင္ဆာ၊ သားဥအိမ္ကင္ဆာ၊ အစာအိမ္အူလမ္းေၾကာင္းကင္ဆာစသျဖင့္ ပ်ံ႕ႏွံ့ျဖစ္ပြားတယ္။ တစ္ဖက္မွာျဖစ္ရင္ ေနာက္တစ္ဖက္ျဖစ္ဖို႔ လြယ္ကူလို႔ ေရာဂါျဖစ္ရင္ ဓာတ္ကၽြမ္းတဲ့ ဆရာဝန္မ်ားရဲ့ ခြဲစိတ္မႈခံယူျခင္း ကင္ဆာေဆးသြင္းကုသ     ျခင္း၊ ဓာတ္ေရာင္ျခည္ကုသျခင္း၊ ေဟာ္မုန္းစတဲ့ တစ္ခုထက္ ပိုမိုကုသမႈခံပါ။
 
  Unicode
     
     

အမျိုးသမီးများ ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါများအနက် ဒုတိယအဖြစ်အများဆုံးဖြစ်ပြီး အမျိုးသမီးထုတစ်ရပ်လုံး အသက်အန္တရာယ် စိန်ခေါ်နေတဲ့ ရောဂါမှာ ရင်သားကင်ဆာ ( breast cancer ) ဖြစ်တယ်။
( WHO ) အဆိုအရ ကမ္ဘာပေါ်မှာ အမျိုးသမီးသန်းဝက်ခန့်ဟာ ရင်သားကင်ဆာကို စောစောစီးစီး ကုသရရင် အသက်ရှင်နိုင်ပေမယ့် ဆေးဝါးကုသမှု မခံယူခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတယ်။ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ( ၇၅% ) ဟာအသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး၊ ဖွံ့ဖြိုး   ပြီးနိုင်ငံများမှာ ( ၂၅% ) ဟာ အသက်အန္တရာယ်ရှိကြောင်း သိရှိရပါတယ်။
ဖြစ်ပွားပုံ
လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်အမျိုးမျိုးမတူညီပဲ ကွဲပြားခြားနားစွာ ဖွဲ့စည်းထားတယ်။ ဆဲလ်တို့ရဲ့ သဘာဝဟာ ဆဲလ်တိုင်းမှာ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ တူညီပေမယ့် မိမိတည်ရှိတဲ့ သက်ဆိုင်ရာ အစိတ်အပိုင်း အလိုက် မတူကွဲပြားခြားနားတဲ့ တာဝန်များ ထမ်းဆောင်ကြရပါတယ်။ ကျန်းမာတဲ့ ပုံမှန်ဆဲလ်များရဲ့ လှုံဆော်မှုကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်လာတယ်။ တကယ်လို့ ဆဲလ်တချို့က အကြောင်းတစ်ခုခုကြောင့် ထိခိုက်မှုများလာတဲ့အခါ ပုံမှန်မဟုတ်ပဲ မှားယွင်းတဲ့ လုပ်ဆောင်မှုများက တဖြည်းဖြည်း ကင်ဆာအသွင် ပြောင်းလဲသွားတယ်။
ရင်သားဆဲလ်များဟာ အဆီတစ်ရှူးနဲ့ ဆက်သွယ်ရေးတစ်ရှူး (Fat-connective tissue ) တို့နဲ့ ဖွဲ့စည်းထားတယ်။ ရင်သားမှာရှိတဲ့ ဆဲလ်ဟာ အမျိုးသမီးတို့ အသက်အရွယ်အလိုက် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလာတယ်။ အမျိုးသမီးများ အပျိုဖော်ဝင်စအရွယ်မှာ ရင်သားဖွံ့ဖြိုးကြီးမားခြင်း တာဝန်ဆောင်ရွက်ကြတယ်။ အမျိုးသမီးများ ကလေးမွေးဖွားပြီးတဲ့အခါမှာ ရင်သွေးက နို့ကိုငုံလိုက်ခြင်းဖြင့် နို့ရည်ထွက်ဖို့ ပံ့ပိုးပေးတယ်။ ပုံမှန်သဘာဝက ပုံမှန်ဆဲလ်ကွဲ   ခြင်းနဲ့ မျိုးပွားကြပြီး ယင်းတို့ကျရာတာဝန်များ ထမ်းဆောင်ကြတယ်။ အချိန်တန်ရင် ဆဲလ်များသေဆုံးကာ ဆဲလ်အသစ်များ အစားထိုးလာတယ်။
ကင်ဆာဖြစ်မယ့်ဆဲလ်က ဆဲလ်ကွဲစမှာ အထိန်းအကွပ်မဲ့လာပြီး သေဆုံးသင့်တဲ့အချိန်မှာ ယင်းဆဲလ်များ သေဆုံးခြင်း မရှိတော့ပါ။ ဆဲလ်များဟာ ပုံမှန်ဆဲလ်များထက် ပိုမိုလျင်လျင်မြန်မြန် ဆဲလ်ကွဲပြီး သေဆုံးရမယ့်အချိန်မှာ အဆမတန်များပြားလာကာ အဖုအကျိတ်အဖြစ် စတင်ဖြစ်ပွားလာတယ်။ စတင်ဖြစ်ပွားစမှာ နာကျင်ခြင်း မရှိပေမယ့် အဖုအကျိတ်များ ပိုမိုကြီးထွားလာတယ်။
ယင်းအကျိတ်များ ကြီးထွားလာတာနဲ့အမျှ ကင်ဆာဆဲလ်များဟာ ယင်းတို့အင်္ဂါအစိတ်အပိုင်းများကို တိုက်ခိုက်ဖျက်ဆီးတယ်။ ရင်သားကင်ဆာပေါ်တဲ့ အဖုအကျိတ်များ ဖြစ်ပေါ်ရင် အမျိုးသမီးများ စတင်အန္တရာယ်ပြုတယ်။ ရောဂါရင့်ပြီး အဖုအကျိတ်များ အနာအသွင်ပြောင်းကာ ကျန်တဲ့ဆဲလ်များ တိုက်ခိုက်တယ်။ အကျိတ်အခဲများ ပေါ်ကွဲပြီး အနာဖြစ်ကာ ကင်ဆာကြီးထွားကာ အသက်ဆုံးရှုံးနိုင်တယ်။နို့မတိုက်မိခင်များ ကလေးမွေးဖွားပြီး နို့မတိုက်တဲ့မိခင်များဟာ ရင်သားကင်ဆာဖြစ်နှုန်း ပိုမိုများတယ်။ နို့တိုက်တဲ့မိခင်က နို့မတိုက်တဲ့မိခင်ထက် ရင်သားကင်ဆာဖြစ်နှုန်း (၄၃%) လျော့နည်းတယ်။ ရင်သားကင်ဆာက ကလေးမွေးဖွားပြီး နို့တိုက်တိုင်း ဖြစ်ပွားနှုန်း (၇%) လျော့နည်းသွားတယ်။
တိရစ္ဆာန်အဆီ။ တိရစ္ဆာန်အဆီ၊ ထောပတ်၊ မလိုင် စတဲ့ အဆီဓာတ်များပါဝင်တဲ့ အစားအစာများ အလွန်အကျွံ စားသုံးခြင်း ပြည့်ဝဆီ (ဆီအုန်း၊ ပြန်ကြော်ဆီ၊ ဝက်ဆီ) နဲ့ စိမ်ထားတဲ့ အသင့်အမြန်စားအစာများ (ပီဇာ၊ ဆင်းဒဝစ်၊ ဟမ်ဘာဂါ) များစားသုံးခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်း အလွန်အကျွံ စားသုံးခြင်းတို့ဟာ သာမန်ဟင်းရွက်ဆီ မပြည့်ဝဆီ (နှမ်း၊ မြေပဲ၊ နေကြာ၊ သံလွင်ဆီ) သုံးသူများထက် ရင်သားကင်ဆာဖြစ်နှုန်း (၅၀%) ခန့်ရှိကြောင်း တွေ့ရှိရပါတယ်။
မျိုးရိုး။ မိခင်မှာရင်သားကင်ဆာရှိရင် (သို့) ဆွေမျိုး မောင်နှမဝမ်းကွဲ အဒေါ်တို့မှာ ရင်သားကင်ဆာရှိရင် မိမိမှာ မျိုးဗီဇပါဝင်လာပြီး ဖြစ်နိုင်ချေ များတယ်။
ပုံမှန်မဟုတ်တဲ့ မျိုးဗီဇလူသားတို့ ခန္ဓာကိုယ်တွင်း မျိုးရိုးဗီဇများအနက် အချို့မျိုးဗီဇတို့မှာ ကင်ဆာဖြစ်စေတတ်တဲ့ မျိုးဗီဇများရှိသလို ကင်ဆာတိုက်ဖျက်နိုင်တဲ့ မျိုးဗီဇလည်း ရှိတတ်တယ်။အချို့မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ မျိုးဗီဇရှိပေမယ့် မျိုးဗီဇပျက်စီးသွားလို့ ရင်သားကင်ဆာဖြစ်ရတယ်။
အဝလွန်ခြင်း။ အဝလွန်တဲ့ အမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်နှုန်း (၂၀%) ပိုမိုတယ်။ ရင်သားကင်ဆာဖြစ်ပြီး ဆေးကုသမှုခံယူထားတဲ့တိုင် အဝလွန်အမျိုးသမီးက ကင်ဆာဖြစ်နှုန်း (၁၀%) ပိုတယ်။ ပဋိသန္ဓေတားဆေး ကာလရှည်စားသုံး ထိုးနှံသူများ၊ အရိုးများကြီးထွားသန်မာစေတဲ့ ကယ်လ်ဆီယမ် ဖောက်  ပြန်ခြင်း နီမြန်းတဲ့အသားကို တာရှည်အသုံးပြုခြင်း၊ ဝိုင်(သို့)ဘီယာနဲ့ အရက် နေ့စဉ်သောက်ခြင်းက ရင်သားကင်ဆာဖြစ်ပွားနှုန်း မြင့်တယ်။ ဆေးလိပ်နှင့်ကွမ်းများရင်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်တယ်။
ကုသခြင်း။ ခွဲစိတ်ဖယ်ရှား ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း၊ ကင်ဆာဓာတုဆေးဝါးဖြင့် ကုသခြင်း၊ ဟော်မုန်းပေးကုသခြင်း တို့နဲ့ ကုသနိုင်တယ်။ (၇၅%)က အသက်အန္တရာယ်နှင့် ရင်ဆိုင်ရကြောင်း ကင်ဆာဖောင်ဒေးရှင်း မှတ်တမ်းအရ သိရှိရတယ်။ တစ်မျိုးထက် ပိုမိုပေးကုသခြင်းက ရလဒ်ကောင်း  မွန်တယ်။
ရင်သားကင်ဆာဆေးသစ် ဆေးပညာရှင်များ ကြိုးပမ်းမှုအရ ရင်သားကင်ဆာ ဟန့်တားနိုင်တဲ့ ပြူဘိုစီကလစ်ဆေး (puboiclib) ထွက်ရှိလာတယ်။ ယင်းကိုအီစတြိုဂျင် ဆန့်ကျင်၊Antioestrogen၊ ကုသဆေး ဖီးဖက်ထရန့် (Ful -vestrant)နဲ့တွဲဖက်ကုသခြင်းကရင်သားကင်ဆာ(၁)နှင့်အဆင့်(၂)ကို ထိန်ထားနိုင်   ကြောင်း တွေ့ရတယ်။ အဆင့်(၃)ပင်ရပ်ပစ်နိုင်ကြောင်း တွေ့ရှိရတယ်။ယင်းဆေး(၂)မျိုး ကုသမှုက ရင်သားကင်ဆာ ကြီးထွားနှုန်း လေးလကျော် နှောင့်နှေးသွားစေတယ်ဆိုတယ်။ ဖျူဖက်ထရန့် (Fulvestrant) ဆေးဟာ ဟော်မုန်းကုသဆေးဖြစ်ပြီး (Puboclib) ဆေးက ရင်သားအကျိတ်ဖြစ်လို့ အားပေးတဲ့ ပရို တိန်းကို ဟန့်တားပေးနိုင်စွမ်း ရှိတယ်။ ယင်းဆေး (၂)မျိုးနဲ့ကုသရင် ရင်သားကင်ဆာ ဟန့်တားနိုင်လို့ ကင်ဆာအမျိုးသမီးများ ဝမ်းမြောက်ဖွယ်ဖြစ်တယ်။
ရင်သားကင်ဆာ မဖြစ်ခင် အမျိုးသမီးတိုင်းဟာ ရေချိုးချိန်တွေမှာ ဘယ်ဖက်၊ ညာဖက်ရင်သား အကျိတ် အဖုများ စမ်းကြည့်ရင်း ကြီးထွားနေရင် (သို့) အကျိတ်အဖု တွေ့ရင် မိသားစုဆရာဝန် ပြသရမယ်။ အမျိုးသမီးတို့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရင်သားကင်ဆာအန္တရာယ်ဆိုးကြီးမှ ကင်းလွတ်စေဖို့ အိမ်  ထောင်သားမွေးခြင်း ကလေးကို မိခင်နို့တိုက်ကျွေးခြင်းအပြင် ဟောလိဝုဒ်မင်းသမီးဂျိုလီတို့လို ရင်သားကင်ဆာရာဇဝင်ရှိသူများ ကြိုတင်ပြသကုသမှု ခံယူသင့်ပါတယ်။
ရင်သားကင်ဆာရဲ့ နောက်ဆက်တွဲ ရောဂါများမှာ အဆုတ်ကင်ဆာ၊ အရိုးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာစသဖြင့် ပျံ့နှံ့ဖြစ်ပွားတယ်။ တစ်ဖက်မှာဖြစ်ရင် နောက်တစ်ဖက်ဖြစ်ဖို့ လွယ်ကူလို့ ရောဂါဖြစ်ရင် ဓာတ်ကျွမ်းတဲ့ ဆရာဝန်များရဲ့ ခွဲစိတ်မှုခံယူခြင်း ကင်ဆာဆေးသွင်းကုသ     ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ဟော်မုန်းစတဲ့ တစ်ခုထက် ပိုမိုကုသမှုခံပါ။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...