Friday, May 8, 2020

ပန္းသီး အေျကာင္း က်န္းမာေရး အတြက္

Apple ပန္းသီး

ပန်းသီးမှာ ထူးခြားချက်တစ်ခုရှိတယ်။ အဲ့ဒါက သူ့ကို ကိုင်လိုက်တာနဲ့ တစ်ကိုက်လောက် ကိုက်ချင်လာအောင် ဆွဲဆောင်နိုင်ခြင်းပါပဲ။ ပန်းသီးကြိုက်တဲ့သူတွေဆို ပိုသိမှာပါ… ပန်းသီးကို အခွံမခွာဘဲ အလုံးလိုက် ကိုက်စားခြင်းက ကျန်းမာရေးကို ပိုမိုအထောက်အကူပြုစေပါတယ်။

အကြောင်းကတော့ ပန်းသီးမှာ ပါဝင်တဲ့ ဗီတာမင် ဓာတ်တွေက အခွံနဲ့ အသားကြားမှာ ရှိလို့ပါ။ သာမာန် ပန်းသီးတစ်လုံးမှာ ကယ်လိုရီ ၉၅ အထိပါဝင်ပြီး ဗီတာမင် စီ၊ ပိုတက်စီယမ် နဲ့ ဗီတာမင် ကေ တို့ ပါဝင်ပါတယ်။ ပန်းသီး တစ်လုံး အရွယ်အစားကလည်း အနည်းဆုံး ၁၈၂ ဂရမ် လောက်ရှိပြီး လူတစ်ယောက် အတွက် လုံလောက်စေမယ့် ပမာဏပဲဖြစ်ပါတယ်။

ဒါ့ပြင် ပန်းသီးမှာ လူ့ခန္တာကိုယ် အတွက် ထူးခြားအံ့ဖွယ် အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်ခြင်း

မေမေတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဝိတ်တက်လာပြီလား? မသိဘူး ဆိုတဲ့ ပြဿနာကို ပန်းသီးက ဖြေရှင်းပေးနိုင်ပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္တာကိုယ် အတွင်းပိုင်း အဆီတွေကို လျော့ချပေးနိုင်စွမ်း ရှိပြီး အသားအရေကိုလည်း စိုပြေလာစေပါတယ်။ ပန်းသီးကို နေ့စဉ် တစ်လုံးပုံမှန် စားသုံးပေးမယ်ဆို နဂိုမူလ ကိုယ်အလေးချိန်မှ ၂ ပေါင် အနည်းဆုံး စတင်လျော့ကျ လာစေမှာ ဖြစ်ပါတယ်။

နှလုံးအားကောင်းစေခြင်း

ပန်းသီးရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက နှလုံးရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို ၆၀ ရာခိုင်နှုန်းအထိ ကာကွယ် တားဆီးပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူ့သွေးကြောထဲက ကိုလက်စရော လို့ခေါ်တဲ့ သွေးတွင်းအဆီပါဝင်မှု ကို ပန်းသီးမှာ ရှိတဲ့ အမျှင်တွေ ပျော်ဝင်နေတဲ့ ရေဓာတ် က ဖယ်ရှားပေးတာကြောင့် နှလုံးနဲ့ ပက်သက်တဲ့ ဆက်စပ်ရောဂါတွေလည်း ကြိုတင် ကာကွယ်ထားနိုင်ပါတယ်။

လေဖြတ်ခြင်း

သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့ ဓာတ်တစ်မျိုးက ပန်းသီးမှာ ပျော်ဝင်နေတာကြောင့် ပန်းသီး ပုံမှန်စားခြင်းကလည်း လေဖြတ်ခြင်းကို ၂၀ ရာခိုင်နှုန်းအထိ တားဆီးပေးနိုင်ပါတယ်။ လေဖြတ်တယ်ဆိုတာ ခန္တာကိုယ်က သွေးဖိအားတွေ လျော့နည်းလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းသီးကို ဖျော်ပြီး တစ်နေ့တစ်ခွက် သောက်သုံးခြင်းကြောင့် သွေးတိုးခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။

ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးခြင်း

ဦးနှောက်ဆိုတာ ၂၄ နာရီအလုပ်လုပ်နေရတဲ့ ခန္တာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ခန္တာကိုယ်ကြီးက အိပ်စက်အနားယူနေရင်တောင် ဦးနှောက်က အိမ်မက်တွေမက်ပြီး အလုပ်လုပ် ပေးနေတာလေ။ ပန်းသီးစားသုံးပေးခြင်းက ဦးနှောက် အလုပ်လုပ်ပုံကိုရော၊ မှတ်ဉာဏ်စွမ်းရည်ပိုင်းကိုပါ များစွာ အထောက်အကူပြုစေပါတယ်။

ဒါ့ကြောင့် ဖေဖေ မေမေ တို့အတွက်ရော သားသားမီးမီးတို့ အတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ပန်းသီးကို ပုံမှန်စားသုံးပေးသင့်တယ်နော်….
Zawgi code
 ပန္းသီးမွာ ထူးျခားခ်က္တစ္ခုရွိတယ္။ အဲ့ဒါက သူ႔ကို ကိုင္လိုက္တာနဲ႔ တစ္ကိုက္ေလာက္ ကိုက္ခ်င္လာေအာင္ ဆြဲေဆာင္နိုင္ျခင္းပါပဲ။ ပန္းသီးႀကိဳက္တဲ့သူေတြဆို ပိုသိမွာပါ… ပန္းသီးကို အခြံမခြာဘဲ အလုံးလိုက္ ကိုက္စားျခင္းက က်န္းမာေရးကို ပိုမိုအေထာက္အကူျပဳေစပါတယ္။



အေၾကာင္းကေတာ့ ပန္းသီးမွာ ပါဝင္တဲ့ ဗီတာမင္ ဓာတ္ေတြက အခြံနဲ႔ အသားၾကားမွာ ရွိလို႔ပါ။ သာမာန္ ပန္းသီးတစ္လုံးမွာ ကယ္လိုရီ ၉၅ အထိပါဝင္ၿပီး ဗီတာမင္ စီ၊ ပိုတက္စီယမ္ နဲ႔ ဗီတာမင္ ေက တို႔ ပါဝင္ပါတယ္။ ပန္းသီး တစ္လုံး အရြယ္အစားကလည္း အနည္းဆုံး ၁၈၂ ဂရမ္ ေလာက္ရွိၿပီး လူတစ္ေယာက္ အတြက္ လုံေလာက္ေစမယ့္ ပမာဏပဲျဖစ္ပါတယ္။



ဒါ့ျပင္ ပန္းသီးမွာ လူ႔ခႏၲာကိုယ္ အတြက္ ထူးျခားအံ့ဖြယ္ အက်ိဳးေက်းဇူးေတြလည္း ရွိပါေသးတယ္။



ကိုယ္အေလးခ်ိန္ ထိန္းညႇိေပးနိုင္ျခင္း



ေမေမတို႔ ေန႔စဥ္ၾကဳံေတြ႕ေနရတဲ့ ဝိတ္တက္လာၿပီလား? မသိဘူး ဆိုတဲ့ ျပႆနာကို ပန္းသီးက ေျဖရွင္းေပးနိုင္ပါတယ္။ ပန္းသီးမွာ အမၽွင္ဓာတ္နဲ႔ ေရဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ခႏၲာကိုယ္ အတြင္းပိုင္း အဆီေတြကို ေလ်ာ့ခ်ေပးနိုင္စြမ္း ရွိၿပီး အသားအေရကိုလည္း စိုေျပလာေစပါတယ္။ ပန္းသီးကို ေန႔စဥ္ တစ္လုံးပုံမွန္ စားသုံးေပးမယ္ဆို နဂိုမူလ ကိုယ္အေလးခ်ိန္မွ ၂ ေပါင္ အနည္းဆုံး စတင္ေလ်ာ့က် လာေစမွာ ျဖစ္ပါတယ္။



ႏွလုံးအားေကာင္းေစျခင္း



ပန္းသီးရဲ့ ေနာက္ထပ္ထူးျခားခ်က္တစ္ခုက ႏွလုံးေရာဂါ ျဖစ္ပြားနိုင္မႈႏႈန္းကို ၆၀ ရာခိုင္ႏႈန္းအထိ ကာကြယ္ တားဆီးေပးနိုင္ျခင္းပဲ ျဖစ္ပါတယ္။ လူ႔ေသြးေၾကာထဲက ကိုလက္စေရာ လို႔ေခၚတဲ့ ေသြးတြင္းအဆီပါဝင္မႈ ကို ပန္းသီးမွာ ရွိတဲ့ အမၽွင္ေတြ ေပ်ာ္ဝင္ေနတဲ့ ေရဓာတ္ က ဖယ္ရွားေပးတာေၾကာင့္ ႏွလုံးနဲ႔ ပက္သက္တဲ့ ဆက္စပ္ေရာဂါေတြလည္း ႀကိဳတင္ ကာကြယ္ထားနိုင္ပါတယ္။



ေလျဖတ္ျခင္း



ေသြးဖိအားကို ထိန္းညႇိေပးနိုင္တဲ့ ဓာတ္တစ္မ်ိဳးက ပန္းသီးမွာ ေပ်ာ္ဝင္ေနတာေၾကာင့္ ပန္းသီး ပုံမွန္စားျခင္းကလည္း ေလျဖတ္ျခင္းကို ၂၀ ရာခိုင္ႏႈန္းအထိ တားဆီးေပးနိုင္ပါတယ္။ ေလျဖတ္တယ္ဆိုတာ ခႏၲာကိုယ္က ေသြးဖိအားေတြ ေလ်ာ့နည္းလာတဲ့အခါ ျဖစ္ပြားတတ္တဲ့ ေရာဂါတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ပန္းသီးကို ေဖ်ာ္ၿပီး တစ္ေန႔တစ္ခြက္ ေသာက္သုံးျခင္းေၾကာင့္ ေသြးတိုးျခင္းကိုလည္း ကာကြယ္ေပး နိုင္ပါတယ္။



ဦးေႏွာက္စြမ္းရည္ကို ျမႇင့္တင္ေပးျခင္း



ဦးေႏွာက္ဆိုတာ ၂၄ နာရီအလုပ္လုပ္ေနရတဲ့ ခႏၲာကိုယ္အတြင္းက အစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ ခႏၲာကိုယ္ႀကီးက အိပ္စက္အနားယူေနရင္ေတာင္ ဦးေႏွာက္က အိမ္မက္ေတြမက္ၿပီး အလုပ္လုပ္ ေပးေနတာေလ။ ပန္းသီးစားသုံးေပးျခင္းက ဦးေႏွာက္ အလုပ္လုပ္ပုံကိုေရာ၊ မွတ္ဉာဏ္စြမ္းရည္ပိုင္းကိုပါ မ်ားစြာ အေထာက္အကူျပဳေစပါတယ္။



ဒါ့ေၾကာင့္ ေဖေဖ ေမေမ တို႔အတြက္ေရာ သားသားမီးမီးတို႔ အတြက္ပါ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတဲ့ ပန္းသီးကို ပုံမွန္စားသုံးေပးသင့္တယ္ေနာ္….

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...