Friday, May 8, 2020

ပင့်ကူရှပ်ရင် သေတတ်သလား

Unicode
ပင့်ကူရှပ်ရင် သေတတ်သလား

ပင့်ကူဆိုတာဟာ ခြေချောင်းရှစ်ချောင်းပါတဲ့ သတ္တဝါဖြစ်ပြီး သူတို့မှာ အဆိပ်ရှိတဲ့အစွယ်ပါပါတယ်။

ပင့်ကူကိုက်ခံရတယ်ဆိုတာဟာ သူတို့ရဲ့ အဆိပ်ရှိတဲ့အစွယ်နဲ့ အထိုးခံရတာဖြစ်ပါတယ်။

ပင့်ကူအမျိုးအစား သုံးသောင်းကျော်ရှိပြီး အားလုံးနီးပါးဟာ အဆိပ်ရှိကြပါတယ်။ အဆိပ်ပြင်းတာ ပျော့တာ ပဲကွာပါတယ်။

ပင့်ကူကိုက်ခြင်းကို ပင့်ကူရှပ်တယ်လို့လည်း အရပ်ထဲမှာခေါ်ဝေါ်ကြပါတယ်။

ပင့်ကူကိုက်ခြင်း၊ ပင့်ကူရှပ်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပင့်ကူအများစုဟာ သူတို့ကိုသွားမထိမချင်း ကိုက်တတ်လေ့မရှိလို့ပါ။

ပင့်ကူကိုက်ခြင်း၊ ပင့်ကူရှပ်ခြင်း ခံရနိုင်ခြေများတဲ့သူတွေကတော့ ကလေးငယ်တွေဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ကစားရင်း စူးစမ်းရင်းနဲ့ အိမ်ကြိုအိမ်ကြား နေရာအနှံရောက်တတ်လို့ပါ။

ပင့်ကူကိုက်ခံရရင် Spider-man ပင့်ကူလူသားဖြစ်တယ်ဆိုတာဟာ ဇာတ်လမ်းရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။

အပြင်လက်တွေ့မှာတော့ ပင့်ကူကိုက်ခံရတဲ့အခါ ကိုက်ခံရတဲ့နေရာမှာ နီရဲရောင်ရမ်းနေတာ၊ ထုံကျဉ်နေတာ၊ ယားတာ၊ စပ်တာ တွေဖြစ်တတ်ပါတယ်။

ဒါ့အပြင် ပြင်းထန်ပါက ကိုယ်အပူချိန်တက်လာတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာ၊ အသက်ရှုရခက်လာတာ၊ ကိုက်တဲ့နေရာမှာ အပြာရင့်ရောင်အကွက်တွေပေါ်လာပြီး အဲ့နားကတစ်သျှူးတွေပျက်စီးလာတာ၊ အဆစ်အမြစ်တွေနာကျင်တာ ၊ဆီးထဲသွေးပါတာ၊ ဆီးမည်းတွေသွားတာ၊ တက်တာ၊ သတိလစ်တာ တွေဖြစ်နိုင်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။

ပင့်ကူအကိုက်ခံရတဲ့အခါ ခံစားရတဲ့လက္ခဏာ ပြင်းထန်နိုင်မနိုင် အသက်အန္တရာယ်ရှိမရှိက ကိုက်တဲ့ပင့်ကူအမျိုးအစား၊ အရွယ်အစား၊ ကိုက်ခံရတဲ့သူရဲ့ အသက်အရွယ်၊ ကိုယ်ခံအား၊ တခြားရောဂါအခံတွေရှိမရှိ စတဲ့အချက်များစွာ ပေါ်မူတည်နိုင်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင် အိမ်ထဲမှာတွေ့ရလေ့ရှိတဲ့ အိမ်ပင့်ကူတွေကတော့ အဆိပ်ပျော့တဲ့ (အဆိပ်သိပ်မရှိတဲ့) ပင့်ကူတွေဖြစ်ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာကျ လူငယ်၊ လူလတ်ပိုင်းတွေလို ကိုယ်ခံအားစနစ်မကောင်းတဲ့အတွက် အဆိပ်သိပ်မရှိတဲ့ အိမ်ပင့်ကူအကိုက်ခံရတာမျိုးဆိုပေမယ့်လည်း ရောဂါလက္ခဏာက ပြင်းထန်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

ပင့်ကူအကိုက်ခံရပြီးနောက် ကိုယ်အပူချိန်တက်လာတာ၊ ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ အသက်ရှုရခက်လာတာ၊ တကိုယ်လုံးအနီကွက်တွေထတာ၊ တက်တာ၊ သတိလစ်တာ စတဲ့ အပေါ်မှာတခါဖော်ပြထားတဲ့ ပြင်းထန်လက္ခဏာတွေထဲက တခုခုရှိလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြဖို့လိုပါတယ်။

ပင့်ကူကိုက်တဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်ပြီးအဆိပ်ထုတ်တာ၊ မီးစနဲ့ထိုးတာ၊ နှိပ်တာမျိုးတွေလုံးဝမလုပ်ဘဲ နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြပါ။

ဒီလိုသွားပြတဲ့အခါမှာလည်း ဖြစ်နိုင်ရင် ကိုက်သွားတဲ့ပင့်ကူကို အသေသတ်ပြီးသော်လည်းကောင်း အရှင်ဖမ်းပြီးသော်လည်းကောင်း ယူသွားသင့်ပါတယ်။ ဒါဟာ ကုသမှုမှာ ပိုအထောက်အကူဖြစ်နိုင်ပါတယ်။

ပင့်ကူအကိုက်ခံရတဲ့အခါ ရောဂါလက္ခဏာမပြင်းထန်ဘဲ နီရဲရောင်ရမ်းတာ၊ ယားတာ၊ စူးတာ လောက်ပဲဆိုရင်တော့ အိမ်မှာပဲကုသနိုင်ပါတယ်။

အကိုက်ခံရတဲ့နေရာကို ရေ၊ ဆပ်ပြာတို့ဖြင့် သေချာဆေးကာ အဝတ်သန့်နဲ့သုတ်ပြီး ဘီတာဒိုင်း ဆေးရည် ထည့်ပေးပါ။

ရောင်ရမ်းနာကျင်တာ၊ ယားတာအတွက်က ရေခဲကပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာ၊ Antihistamine အုပ်စုဝင်ဆေးတွေဖြစ်တဲ့ ဘာမီတွန် သို့မဟုတ် စီထရီဇင်းသောက်တာတွေ လုပ်နိုင်ပါတယ်။

နီရဲရောင်ရမ်းတာ၊ ယားတာ စူးတာတွေက အများအားဖြင့်တော့ နှစ်ရက်၊ သုံးရက်လောက်အကြာမှာ သက်သာသွားလေ့ရှိပါတယ်။

တကယ်လို့ မသက်သာဘူး သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသဖို့လိုပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ ပင့်ကူကိုက်ခံရခြင်း၊ ပင့်ကူရှပ်ခံရခြင်း ဖြစ်နိုင်ခြေနည်းအောင် ကလေးငယ်များကို အိမ်ကြိုအိမ်ကြားနေရာတွေ ကုတင်အောက်၊ အခန်းဒေါင့် စတဲ့မှောင်တဲ့နေရာတွေမှာ သွားရောက်ဆော့ကစားတာမျိုး မဖြစ်အောင်ဂရုစိုက်ပါလို့ မှာကြားချင်ပါတယ်။
Zawgicode
ပင့္ကူရွပ္ရင္ ေသတတ္သလား





ပင့္ကူဆိုတာဟာ ေျခေခ်ာင္းရွစ္ေခ်ာင္းပါတဲ့ သတၱဝါျဖစ္ၿပီး သူတို႔မွာ အဆိပ္ရွိတဲ့အစြယ္ပါပါတယ္။



ပင့္ကူကိုက္ခံရတယ္ဆိုတာဟာ သူတို႔ရဲ့ အဆိပ္ရွိတဲ့အစြယ္နဲ႔ အထိုးခံရတာျဖစ္ပါတယ္။



ပင့္ကူအမ်ိဳးအစား သုံးေသာင္းေက်ာ္ရွိၿပီး အားလုံးနီးပါးဟာ အဆိပ္ရွိၾကပါတယ္။ အဆိပ္ျပင္းတာ ေပ်ာ့တာ ပဲကြာပါတယ္။



ပင့္ကူကိုက္ျခင္းကို ပင့္ကူရွပ္တယ္လို႔လည္း အရပ္ထဲမွာေခၚေဝၚၾကပါတယ္။



ပင့္ကူကိုက္ျခင္း၊ ပင့္ကူရွပ္ျခင္းဟာ အျဖစ္မ်ားတဲ့ကိစၥေတာ့မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ပင့္ကူအမ်ားစုဟာ သူတို႔ကိုသြားမထိမခ်င္း ကိုက္တတ္ေလ့မရွိလို႔ပါ။



ပင့္ကူကိုက္ျခင္း၊ ပင့္ကူရွပ္ျခင္း ခံရနိုင္ေျခမ်ားတဲ့သူေတြကေတာ့ ကေလးငယ္ေတြျဖစ္ပါတယ္။ ကေလးငယ္ေတြဟာ ကစားရင္း စူးစမ္းရင္းနဲ႔ အိမ္ႀကိဳအိမ္ၾကား ေနရာအႏွံေရာက္တတ္လို႔ပါ။



ပင့္ကူကိုက္ခံရရင္ Spider-man ပင့္ကူလူသားျဖစ္တယ္ဆိုတာဟာ ဇာတ္လမ္း႐ုပ္ရွင္ထဲမွာပဲ ရွိပါတယ္။



အျပင္လက္ေတြ႕မွာေတာ့ ပင့္ကူကိုက္ခံရတဲ့အခါ ကိုက္ခံရတဲ့ေနရာမွာ နီရဲေရာင္ရမ္းေနတာ၊ ထုံက်ဥ္ေနတာ၊ ယားတာ၊ စပ္တာ ေတြျဖစ္တတ္ပါတယ္။



ဒါ့အျပင္ ျပင္းထန္ပါက ကိုယ္အပူခ်ိန္တက္လာတာ၊ ပ်ိဳ႕အန္တာ၊ ေခါင္းကိုက္တာ၊ ခ်မ္းတုန္ဖ်ားတာ၊ အသက္ရႈရခက္လာတာ၊ ကိုက္တဲ့ေနရာမွာ အျပာရင့္ေရာင္အကြက္ေတြေပၚလာၿပီး အဲ့နားကတစ္သၽွဴးေတြပ်က္စီးလာတာ၊ အဆစ္အျမစ္ေတြနာက်င္တာ ၊ဆီးထဲေသြးပါတာ၊ ဆီးမည္းေတြသြားတာ၊ တက္တာ၊ သတိလစ္တာ ေတြျဖစ္နိုင္ၿပီး အသက္အႏၲရာယ္ ထိခိုက္တတ္ပါတယ္။



ပင့္ကူအကိုက္ခံရတဲ့အခါ ခံစားရတဲ့လကၡဏာ ျပင္းထန္နိုင္မနိုင္ အသက္အႏၲရာယ္ရွိမရွိက ကိုက္တဲ့ပင့္ကူအမ်ိဳးအစား၊ အရြယ္အစား၊ ကိုက္ခံရတဲ့သူရဲ့ အသက္အရြယ္၊ ကိုယ္ခံအား၊ တျခားေရာဂါအခံေတြရွိမရွိ စတဲ့အခ်က္မ်ားစြာ ေပၚမူတည္နိုင္ပါတယ္။



အၾကမ္းအားျဖင့္ေျပာရရင္ အိမ္ထဲမွာေတြ႕ရေလ့ရွိတဲ့ အိမ္ပင့္ကူေတြကေတာ့ အဆိပ္ေပ်ာ့တဲ့ (အဆိပ္သိပ္မရွိတဲ့) ပင့္ကူေတြျဖစ္ပါတယ္။



ဒါေပမယ့္ ကေလးငယ္ေတြ၊ သက္ႀကီးရြယ္အိုေတြမွာက် လူငယ္၊ လူလတ္ပိုင္းေတြလို ကိုယ္ခံအားစနစ္မေကာင္းတဲ့အတြက္ အဆိပ္သိပ္မရွိတဲ့ အိမ္ပင့္ကူအကိုက္ခံရတာမ်ိဳးဆိုေပမယ့္လည္း ေရာဂါလကၡဏာက ျပင္းထန္နိုင္တာမ်ိဳး ျဖစ္နိုင္ပါတယ္။



ပင့္ကူအကိုက္ခံရၿပီးေနာက္ ကိုယ္အပူခ်ိန္တက္လာတာ၊ ခ်မ္းတုန္ဖ်ားတာ၊ ေခါင္းကိုက္တာ၊ ေအာ့အန္တာ၊ အသက္ရႈရခက္လာတာ၊ တကိုယ္လုံးအနီကြက္ေတြထတာ၊ တက္တာ၊ သတိလစ္တာ စတဲ့ အေပၚမွာတခါေဖာ္ျပထားတဲ့ ျပင္းထန္လကၡဏာေတြထဲက တခုခုရွိလာတယ္ဆိုရင္ေတာ့ နီးစပ္ရာေဆး႐ုံေဆးခန္းခ်က္ခ်င္းျပဖို႔လိုပါတယ္။



ပင့္ကူကိုက္တဲ့ဒဏ္ရာကို ပါးစပ္နဲ႔စုပ္ၿပီးအဆိပ္ထုတ္တာ၊ မီးစနဲ႔ထိုးတာ၊ ႏွိပ္တာမ်ိဳးေတြလုံးဝမလုပ္ဘဲ နီးစပ္ရာေဆး႐ုံေဆးခန္းခ်က္ခ်င္းျပပါ။



ဒီလိုသြားျပတဲ့အခါမွာလည္း ျဖစ္နိုင္ရင္ ကိုက္သြားတဲ့ပင့္ကူကို အေသသတ္ၿပီးေသာ္လည္းေကာင္း အရွင္ဖမ္းၿပီးေသာ္လည္းေကာင္း ယူသြားသင့္ပါတယ္။ ဒါဟာ ကုသမႈမွာ ပိုအေထာက္အကူျဖစ္နိုင္ပါတယ္။



ပင့္ကူအကိုက္ခံရတဲ့အခါ ေရာဂါလကၡဏာမျပင္းထန္ဘဲ နီရဲေရာင္ရမ္းတာ၊ ယားတာ၊ စူးတာ ေလာက္ပဲဆိုရင္ေတာ့ အိမ္မွာပဲကုသနိုင္ပါတယ္။



အကိုက္ခံရတဲ့ေနရာကို ေရ၊ ဆပ္ျပာတို႔ျဖင့္ ေသခ်ာေဆးကာ အဝတ္သန႔္နဲ႔သုတ္ၿပီး ဘီတာဒိုင္း ေဆးရည္ ထည့္ေပးပါ။



ေရာင္ရမ္းနာက်င္တာ၊ ယားတာအတြက္က ေရခဲကပ္တာ၊ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္တာ၊ Antihistamine အုပ္စုဝင္ေဆးေတြျဖစ္တဲ့ ဘာမီတြန္ သို႔မဟုတ္ စီထရီဇင္းေသာက္တာေတြ လုပ္နိုင္ပါတယ္။



နီရဲေရာင္ရမ္းတာ၊ ယားတာ စူးတာေတြက အမ်ားအားျဖင့္ေတာ့ ႏွစ္ရက္၊ သုံးရက္ေလာက္အၾကာမွာ သက္သာသြားေလ့ရွိပါတယ္။



တကယ္လို႔ မသက္သာဘူး သို႔မဟုတ္ ပိုဆိုးလာတယ္ဆိုရင္ေတာ့ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းျပသဖို႔လိုပါတယ္။



အဆုံးသတ္အေနနဲ႔ကေတာ့ ပင့္ကူကိုက္ခံရျခင္း၊ ပင့္ကူရွပ္ခံရျခင္း ျဖစ္နိုင္ေျခနည္းေအာင္ ကေလးငယ္မ်ားကို အိမ္ႀကိဳအိမ္ၾကားေနရာေတြ ကုတင္ေအာက္၊ အခန္းေဒါင့္ စတဲ့ေမွာင္တဲ့ေနရာေတြမွာ သြားေရာက္ေဆာ့ကစားတာမ်ိဳး မျဖစ္ေအာင္ဂ႐ုစိုက္ပါလို႔ မွာၾကားခ်င္ပါတယ္။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...