သူ႔ကိုေမြးလာေတာ့ သူ႔အေမက စိတ္ပ်က္သြားတယ္။
ဘာေၾကာင့္လဲဆိုေတာ့
လက္မထပ္ထားပဲ ေမြးလာတဲ့ ကေလးလည္းျဖစ္၊
ေယာက္်ားေလးလည္း ျဖစ္ေနလို့။
သူလိုခ်င္တာက မိန္းကေလးတဲ့။
ကေလးကိုေမြးစားတဲ့သူရွိရင္ ေပးပစ္ဖို့ ဆုံးျဖတ္လိုက္တယ္။
ဒါနဲ႔ ေရွ႕ေနတစ္ေယာက္ကို အကူအညီေတာင္း တယ္။
“ဒီေကာင္ေလးကို … ဘြဲ႕ရ ပညာတတ္
လင္မယားႏွစ္ေယာက္လက္ထဲကို ေမြးစားရင္ ေပးခ်င္တယ္”
တဲ့။
ေရွ႕ေနကလည္း လိုက္ရွာပါတယ္။
ကေလးကို ေမြးစားခ်င္တာက
ဘြဲ႕လည္းမရ၊ ပညာလည္း မတတ္သူေတြ။
ဒါေပမဲ့ သူတို့က ကတိေပးတယ္။
“ကၽြန္မတို့ ပညာမတတ္ေပမယ့္
သူ႔ကို တကၠသိုလ္ေရာက္ေအာင္ထားမယ္” တဲ့။
ေနာက္ဆုံးေတာ့ ကေလးရဲ အေမက ေမြးစားမိခင္ဖခင္ေတြလက္ထဲ
သူ႔သားေလးကို ထည့္လိုက္တယ္။
ဖခင္ မိခင္သစ္ေတြက သူ႔ကို
ေကာင္းေကာင္း ေစာင့္ေရွာက္ပါတယ္။
တကၠသိုလ္လည္း ထားေပးပါတယ္။
ဒါေပမဲ့ ဆင္းရဲေတာ့ သူ ဒုကၡေရာက္ရတယ္။
သူက တကၠသိုလ္တက္ခဲ့ရတဲ့ အခ်ိန္က အေၾကာင္းေတြကို
ဒီလို ျပန္ေျပာျပတယ္။
“ကၽြန္ေတာ္ အေဆာင္မေနနိုင္ဘူး။
ဒါေၾကာင့္ သူငယ္ခ်င္းေတြရဲ့ အခန္းမွာ ကပ္ေနရတယ္။
ၾကမ္းျပင္ေပၚ ဒီအတိုင္း အိပ္ရတယ္။ စားစရာမရွိလို့
Coke ပုလင္းေတြလိုက္စုၿပီး တစ္လုံး ၅ ဆင့္နဲ႔
သြားျပန္သြင္းရတယ္။ ရတဲ့ ပိုက္ဆံနဲ႔ တစ္ခုခုဝယ္စားရတယ္။
တနဂၤေႏြေန႔ဆိုရင္ ၇ မိုင္ေလာက္ေဝးတဲ့
ကုလားဘုရားေက်ာင္းကို လမ္းေလၽွာက္သြားရတယ္။
တစ္ပတ္မွာ အဲ့ဒီတစ္ရက္ပဲ ေကာင္းေကာင္းစားရတယ္”
သူေက်ာင္းဆက္မတက္နိုင္ေတာ့ပါဘူး
ေက်ာင္းစရိတ္ကႀကီးတယ္။
ရည္ရြယ္ခ်က္ကလည္းႀကီးတယ္။
လုပ္ခ်င္တာေတြ အမ်ားႀကီးရွိေနတယ္။
အသက္ ၂၀ မွာ သူ႔သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေပါင္းၿပီး
ကားဂိုေဒါင္ထဲမွာ လုပ္ငန္းတစ္ခုလုပ္တယ္။
Apple I ဆိုတဲ့ ကြန္ပ်ဴတာေလးေပၚလာတယ္။
ဆိုင္တစ္ဆိုင္ကို သြားျပတယ္။
သေဘာက်လို့ အလုံး ၅၀ မွာတယ္။
သူငယ္ခ်င္းႏွစ္ေယာက္ ရွိတာေလးေတြေရာင္းၿပီး
အလုပ္ထဲကို သြန္ထည့္လိုက္ၾကတယ္။
အဲ့ဒီမွာ Apple ဆိုတာ ျဖစ္လာတယ္။
Apple ဆိုတဲ့ အမည္ကို ဘာျဖစ္လို့ ေပးသလဲဆိုေတာ့
သူ ငတ္ျပတ္ေနတုန္းက ပန္းသီးၿခံတစ္ၿခံထဲမွာ
အလုပ္ လုပ္ခဲ့ရဖူးတာကို အမွတ္ရလို့ပါတဲ့။
သူတို့ဆီမွာ ဘဝေတြကို အဲ့ဒီလို ခက္ခဲစြာေက်ာ္ျဖတ္ၿပီး ထိပ္တန္းေရာက္ေအာင္ လုပ္ခဲ့ၾကတာ။
သူဆိုတာက ကၽြန္ေတာ္ အေလးစားဆုံးပုဂၢိဳလ္
Apple ကုမၸဏီရဲ့ဖခင္ “Steve Jobs”
ခုေတာ့ သူကြယ္လြန္သြားပါၿပီ။
ရာစုႏွစ္တစ္စုမွာ စံျပဳေလာက္တဲ့
တီထြင္ပညာရွင္တစ္ဦး ျဖစ္ေနခဲ့ပါတယ္။
Unicode
အပယ်ခံ ပန်းသီးလေးတစ်လုံး
သူ့ကိုမွေးလာတော့ သူ့အမေက စိတ်ပျက်သွားတယ်။
ဘာကြောင့်လဲဆိုတော့
လက်မထပ်ထားပဲ မွေးလာတဲ့ ကလေးလည်းဖြစ်၊
ယောက်ျားလေးလည်း ဖြစ်နေလို့။
သူလိုချင်တာက မိန်းကလေးတဲ့။
ကလေးကိုမွေးစားတဲ့သူရှိရင် ပေးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ ရှေ့နေတစ်ယောက်ကို အကူအညီတောင်း တယ်။
“ဒီကောင်လေးကို … ဘွဲ့ရ ပညာတတ်
လင်မယားနှစ်ယောက်လက်ထဲကို မွေးစားရင် ပေးချင်တယ်”
တဲ့။
ရှေ့နေကလည်း လိုက်ရှာပါတယ်။
ကလေးကို မွေးစားချင်တာက
ဘွဲ့လည်းမရ၊ ပညာလည်း မတတ်သူတွေ။
ဒါပေမဲ့ သူတို့က ကတိပေးတယ်။
“ကျွန်မတို့ ပညာမတတ်ပေမယ့်
သူ့ကို တက္ကသိုလ်ရောက်အောင်ထားမယ်” တဲ့။
နောက်ဆုံးတော့ ကလေးရဲ အမေက မွေးစားမိခင်ဖခင်တွေလက်ထဲ
သူ့သားလေးကို ထည့်လိုက်တယ်။
ဖခင် မိခင်သစ်တွေက သူ့ကို
ကောင်းကောင်း စောင့်ရှောက်ပါတယ်။
တက္ကသိုလ်လည်း ထားပေးပါတယ်။
ဒါပေမဲ့ ဆင်းရဲတော့ သူ ဒုက္ခရောက်ရတယ်။
သူက တက္ကသိုလ်တက်ခဲ့ရတဲ့ အချိန်က အကြောင်းတွေကို
ဒီလို ပြန်ပြောပြတယ်။
“ကျွန်တော် အဆောင်မနေနိုင်ဘူး။
ဒါကြောင့် သူငယ်ချင်းတွေရဲ့ အခန်းမှာ ကပ်နေရတယ်။
ကြမ်းပြင်ပေါ် ဒီအတိုင်း အိပ်ရတယ်။ စားစရာမရှိလို့
Coke ပုလင်းတွေလိုက်စုပြီး တစ်လုံး ၅ ဆင့်နဲ့
သွားပြန်သွင်းရတယ်။ ရတဲ့ ပိုက်ဆံနဲ့ တစ်ခုခုဝယ်စားရတယ်။
တနင်္ဂနွေနေ့ဆိုရင် ၇ မိုင်လောက်ဝေးတဲ့
ကုလားဘုရားကျောင်းကို လမ်းလျှောက်သွားရတယ်။
တစ်ပတ်မှာ အဲ့ဒီတစ်ရက်ပဲ ကောင်းကောင်းစားရတယ်”
သူကျောင်းဆက်မတက်နိုင်တော့ပါဘူး
ကျောင်းစရိတ်ကကြီးတယ်။
ရည်ရွယ်ချက်ကလည်းကြီးတယ်။
လုပ်ချင်တာတွေ အများကြီးရှိနေတယ်။
အသက် ၂၀ မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းပြီး
ကားဂိုဒေါင်ထဲမှာ လုပ်ငန်းတစ်ခုလုပ်တယ်။
Apple I ဆိုတဲ့ ကွန်ပျူတာလေးပေါ်လာတယ်။
ဆိုင်တစ်ဆိုင်ကို သွားပြတယ်။
သဘောကျလို့ အလုံး ၅၀ မှာတယ်။
သူငယ်ချင်းနှစ်ယောက် ရှိတာလေးတွေရောင်းပြီး
အလုပ်ထဲကို သွန်ထည့်လိုက်ကြတယ်။
အဲ့ဒီမှာ Apple ဆိုတာ ဖြစ်လာတယ်။
Apple ဆိုတဲ့ အမည်ကို ဘာဖြစ်လို့ ပေးသလဲဆိုတော့
သူ ငတ်ပြတ်နေတုန်းက ပန်းသီးခြံတစ်ခြံထဲမှာ
အလုပ် လုပ်ခဲ့ရဖူးတာကို အမှတ်ရလို့ပါတဲ့။
သူတို့ဆီမှာ ဘဝတွေကို အဲ့ဒီလို ခက်ခဲစွာကျော်ဖြတ်ပြီး ထိပ်တန်းရောက်အောင် လုပ်ခဲ့ကြတာ။
သူဆိုတာက ကျွန်တော် အလေးစားဆုံးပုဂ္ဂိုလ်
Apple ကုမ္ပဏီရဲ့ဖခင် “Steve Jobs”
ခုတော့ သူကွယ်လွန်သွားပါပြီ။
ရာစုနှစ်တစ်စုမှာ စံပြုလောက်တဲ့
တီထွင်ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါတယ်။
No comments:
Post a Comment