Saturday, May 9, 2020

လြယ္လြယ္ကူကူ ဗိုက္အဆီခ်နည္း

Zawgyi Font

ဗိုက္ေခါက္ ထူသူမ်ား အတြက္ အလြယ္ကူဆုံးနဲ႔ အသက္သာဆုံး သဘာဝနည္းနဲ႔ အဆီခ် နည္းေလးကို ေျပာျပေပးပါမယ္။
(1) သံပုရာသီး (သို႔မဟုတ္) သံပုယိုသီးကို အလုံးလိုက္ ဆားပြတ္ၿပီး ေရေဆးပါ။
(2) အကြင္းလိုက္ လွီးထားၿပီး ေရေႏြးခြက္ထဲ ထည့္ပါ။
(3) ဂ်င္း တစ္လက္မခန္႔ကို င႐ုတ္က်ည္ေပြ႕ (သို႔) ဓါးျပားနဲ႔ ႐ိုက္ၿပီး ထည့္ပါ။
(4) သဘာဝ ပ်ားရည္ စစ္စစ္ကို ဟင္းစားဇြန္း တစ္ဇြန္းခန္႔ ထည့္ပါ။
(5) ေရေႏြးပူပူေလး ေလာင္း ထည့္ၿပီး အဖုံးကို အုပ္ထားပါ။
နာရီဝက္ခန္႔ ႏွပ္ထားၿပီးရင္ ဇြန္းနဲ႔ ေမႊၿပီး ေသာက္ႏိုင္ပါၿပီ။ ထမင္းစားၿပီး တစ္နာရီ အၾကာခန႔္မွာ ေသာက္ရင္ ပိုေကာင္းပါတယ္။ တစ္ေန႕တစ္ခြက္ သို႔ ႏွစ္ခြက္ ေသာက္ႏိုင္ပါတယ္။
၆လ မေက်ာ္ေသးတဲ့ ႏို႔တိုက္ မိခင္ေတြနဲ႔ အစာအိမ္ေရာဂါ ရွိသူေတြကေတာ့ မေသာက္သင့္ပါဘူး။ ပ်ားရည္ကို သဘာဝ ပ်ားရည္ စစ္စစ္ ႏွစ္ခ်ိဳ႕ပ်ားရည္ (အေဟာင္း) ရမွသာလွ်င္ အဆီက် ေစမွာပါ။
သၾကားရည္၊ ႀကံသကာရည္ ေရာထားတဲ့ဟာ ဆိုရင္ အဆီမက် ေစပါဘူး။ ပ်ားရည္ အစစ္မရရင္ သံပုရာကြင္းနဲ႔ ဂ်င္းျပားကိုပဲ ေရေႏြးစိမ္ ေသာက္လည္း ရပါတယ္။ အခ်ိဳဓါတ္ မပါေတာ့ အရသာ ကေတာ့ ေပါ့ေနလိမ့္မယ္။

Unicode

ဗိုက်ခေါက် ထူသူများ အတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံး သဘာဝနည်းနဲ့ အဆီချ နည်းလေးကို ပြောပြပေးပါမယ်။

(1) သံပုရာသီး (သို့မဟုတ်) သံပုယိုသီးကို အလုံးလိုက် ဆားပွတ်ပြီး ရေဆေးပါ။

(2) အကွင်းလိုက် လှီးထားပြီး ရေနွေးခွက်ထဲ ထည့်ပါ။

(3) ဂျင်း တစ်လက်မခန့်ကို ငရုတ်ကျည်ပွေ့ (သို့) ဓါးပြားနဲ့ ရိုက်ပြီး ထည့်ပါ။

(4) သဘာဝ ပျားရည် စစ်စစ်ကို ဟင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(5) ရေနွေးပူပူလေး လောင်း ထည့်ပြီး အဖုံးကို အုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားပြီးရင် ဇွန်းနဲ့ မွှေပြီး သောက်နိုင်ပါပြီ။ ထမင်းစားပြီး တစ်နာရီ အကြာခန့်မှာ သောက်ရင် ပိုကောင်းပါတယ်။ တစ်နေ့တစ်ခွက် သို့ နှစ်ခွက် သောက်နိုင်ပါတယ်။

၆လ မကျော်သေးတဲ့ နို့တိုက် မိခင်တွေနဲ့ အစာအိမ်ရောဂါ ရှိသူတွေကတော့ မသောက်သင့်ပါဘူး။ ပျားရည်ကို သဘာဝ ပျားရည် စစ်စစ် နှစ်ချို့ပျားရည် (အဟောင်း) ရမှသာလျှင် အဆီကျ စေမှာပါ။

သကြားရည်၊ ကြံသကာရည် ရောထားတဲ့ဟာ ဆိုရင် အဆီမကျ စေပါဘူး။ ပျားရည် အစစ်မရရင် သံပုရာကွင်းနဲ့ ဂျင်းပြားကိုပဲ ရေနွေးစိမ် သောက်လည်း ရပါတယ်။ အချိုဓါတ် မပါတော့ အရသာ ကတော့ ပေါ့နေလိမ့်မယ်။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...