Saturday, May 9, 2020

ႃကက္ဥအကာရဲ ့့ အံ့ႃသဖြယ္ရာ အစြမ္းေတြ

Zawgyi Font

ၾကက္ဥဆိုတာ ဝယ္ဝယ္ကူကူဝယ္လို႔ရသလို ေဈးလည္းမႀကီးပါဘူး။ ၎ၾကက္ဥထဲကမွ ၾကက္ဥအကာဟာ အသားဓာတ္မ်ားစြာ ပါဝင္ၿပီး ကိုလ္လက္စထေရာလ္မပါဝင္ဘဲ အဆီဓာတ္အနည္းငယ္သာပါရွိျခင္းေၾကာင့္ က်န္းမာေရးလိုက္စားသူေတြအေနနဲ႔ မွီဝဲသင့္ပါတယ္။ ၾကက္ဥအကာမွာ အာဟာရဓာတ္ျမင့္မားစြာပါဝင္တာေၾကာင့္ ဆံပင္နဲ႔ ဦးအေရျပားကို က်န္းမာသန္စြမ္းေစပါတယ္။ ေနာက္ထပ္ ဘာေတြ ေကာင္းက်ိဳးျပဳၿပီး ဘယ္လို အလွပေရးရာေတြမွာ အသုံးဝင္ေသးလည္းဆိုတာ ဆက္ေလ့လာၾကည့္ပါဦး …..
၁။ အေရးအေၾကာင္းမ်ားကိုဖယ္ရွားျခင္း ။
ၾကက္ဥအကာကို အျမႇဳပ္မ်ားထလာတဲ့အထိ ေခါက္ၿပီး မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ခဏအၾကာ မိမိမ်က္ႏွာတင္းတင္းေလးျဖစ္လာမွ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာကို ျပန္သစ္ပါ။ တစ္ပတ္ကို (၂)သို႔ (၃)ခါေလာက္ လုပ္ေပးျခင္းျဖင့္ သိသိသာသာ အေရးအေၾကာင္းေတြ ေလ်ာ့လာပါလိမ့္မယ္။
၂။ ေခြၽးေပါက္မ်ားကို က်ဥ္းေစျခင္း ။
ေခြၽးေပါက္က်ယ္ျခင္းဟာ လူတစ္ေယာက္ရဲ႕ အလွအပကို ပ်က္စီးေစပါတယ္။ ဒါကို သက္သာေအာင္လို႔ ဘယ္လိုလုပ္မလဲ။ အရင္ဆုံး ၾကက္ဥအကာကို အျမႇဳပ္ထေအာင္ ျပဳလုပ္ၿပီး ေခြၽးေပါက္က်ယ္တဲ့ေနရာ (အထူးသျဖင့္ ႏွာေခါင္းတဝိုက္)ကို လိမ္းေပးပါ။ (၁၀)မိနစ္ေလာက္ ထားၿပီးတဲ့ေနာက္ ေရေႏြးေႏြးနဲ႔ ေဆးခ်ပါ။ ေနာက္မွ ေရေအးေလးနဲ႔ ျပန္ေဆးပါ။
၃။ အဆီစုပ္ေပးျခင္း ။
မ်က္ႏွာအဆီျပန္ရင္ ၾကည့္ရဆိုး႐ုံတင္မကဘူး ဝက္ၿခံကိုလည္း ျဖစ္ေစပါတယ္။ ဒါဆို အဆီျပန္တာကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ ဂ်ဳံမႈန႔္အၾကမ္းနဲ႔ ၾကက္ဥအကာကို ေရာၿပီး မ်က္ႏွာေပါင္းတင္ပါ။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ ေရေအးျဖင့္ မ်က္ႏွာသစ္ပါ။ ဒါဆိုရင္ေတာ့ သင္ဟာ အဆီမျပန္တဲ့မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
၄။ မ်က္ႏွာေပၚက ဆဲလ္အေသေတြကို ဖယ္ရွားေပးျခင္း ။
မ်က္ႏွာေလး ၾကည္ၾကည္လင္လင္ရွိေစဖို႔ဆိုရင္ မ်က္ႏွာေပၚက ဆဲလ္အေသေတြကို အရင္ဆုံးဖယ္ရွားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ မပူပါနဲ႔ ၾကက္ဥအကာက မ်က္ႏွာခြၽတ္ေဆးအေနနဲ႔လည္း အသုံးျပဳလို႔ရပါတယ္။ အရင္ဆုံး ၾကက္ဥအကာကို ဂ်ဳံမႈန႔္အၾကမ္း၊ ပ်ားရည္ အနည္းငယ္တို႔ျဖင့္ ေရာၿပီး သမေအာင္ေမႊပါ။ ရလာတဲ့ အႏွစ္ကို မ်က္ႏွာေပၚမွာ စက္ဝိုင္းသ႑ာန္ ညင္သာစြာ လိမ္းက်ံေပးပါ။ မိနစ္အနည္းငယ္ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ ညင္ညင္သာသာ ျပန္ေဆးေပးပါ။ တစ္ပတ္ကို (၁)ႀကိမ္မွ (၂)ႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။
၅။ ဝက္ၿခံမ်ားကို လွ်င္ျမန္စြာေပ်ာက္ကင္းေစျခင္း ။
ၾကက္ဥအကာမွာပါဝင္တဲ့ အသားဓာတ္ဟာ ေရာင္ရမ္းျခင္းကိုသက္သာေစတဲ့အျပင္ အနာက်က္ႏႈန္းကိုလည္းျမန္ေစပါတယ္။ ညအိပ္ယာမဝင္ခင္မွာ ၾကက္ဥအကာကိုယူ၍ ဝက္ၿခံေပၚမွာ တို႔ထားၿပီးေနာက္ မနက္မိုးလင္းမွ ေရျဖင့္ေဆးခ်ပါ။ ဝက္ၿခံနဲ႔ ပတ္သက္ရင္ ၾကက္ဥအကာဟာ ကုန္က်မႈနည္းနည္းျဖင့္ အထိေရာက္ဆုံးေဆးတစ္လက္ျဖစ္ပါတယ္။
၆။ ပ်က္စီးေနေသာ ဆံပင္မ်ားအားေကာင္းမြန္ေစျခင္း ။
အ႐ိုးရွင္းဆုံးနဲ႔ အသက္သာဆုံးနည္းလမ္းကေတာ့ ၾကက္ဥအကာကို ဦးေရျပားနဲ႔ ဆံပင္အရင္းေနရာေတြမွာ လိမ္းေပးျခင္းျဖင့္ နဂိုဆံသားကို ျပန္လည္ပိုင္ဆိုင္ႏိုင္ပါတယ္။ မိနစ္(၂၀)ေလာက္ထားၿပီးမွ ေခါင္းေလွ်ာ္ရည္ျဖင့္ ေခါင္းျပန္ ေလွ်ာ္ေပးပါ။
၇။ Conditioner အေနနဲ႔ေရာ ။
ဆံပင္ကို ပုံမွန္ေပါင္းတင္ေပးျခင္းအားျဖင့္ ေတာက္ေျပာင္လွပေသာ ဆံသားမ်ားကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ပထမဦးဆုံး ဆံပင္အတို၊ အရွည္ေပၚမူတည္၍ ၾကက္ဥအကာအနည္းငယ္ကိုယူပါ။
ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီကို လက္ဖက္စားဇြန္း(၁)ဇြန္းဆီ ထည့္ၿပီး ေရာေႏွာေအာင္ေမႊပါ။ ေမႊလို႔ၿပီးသြားရင္ေတာ့ ဦးေရျပားကိုလိမ္းေပးပါ။ အခ်ိန္ခဏအၾကာထားၿပီးရင္ ေခါင္းေလွ်ာ္ရည္ျဖင့္ ေခါင္းျပန္ ေလွ်ာ္ေပးပါ။စာဖတ္လိုက္႐ုံေလးမဟုတ္ဘဲ တကယ္လက္ေတြ႕စမ္းသပ္ျခင္းျဖင့္ စစ္မွန္တဲ့ အလွအပကို ပိုင္ဆိုင္ႏိုင္ပါေစ ။

Unicode

ကြက်ဥဆိုတာ ဝယ်ဝယ်ကူကူဝယ်လို့ရသလို ဈေးလည်းမကြီးပါဘူး။ ၎င်းကြက်ဥထဲကမှ ကြက်ဥအကာဟာ အသားဓာတ်များစွာ ပါဝင်ပြီး ကိုလ်လက်စထရောလ်မပါဝင်ဘဲ အဆီဓာတ်အနည်းငယ်သာပါရှိခြင်းကြောင့် ကျန်းမာရေးလိုက်စားသူတွေအနေနဲ့ မှီဝဲသင့်ပါတယ်။ ကြက်ဥအကာမှာ အာဟာရဓာတ်မြင့်မားစွာပါဝင်တာကြောင့် ဆံပင်နဲ့ ဦးအရေပြားကို ကျန်းမာသန်စွမ်းစေပါတယ်။ နောက်ထပ် ဘာတွေ ကောင်းကျိုးပြုပြီး ဘယ်လို အလှပရေးရာတွေမှာ အသုံးဝင်သေးလည်းဆိုတာ ဆက်လေ့လာကြည့်ပါဦး …..

၁။ အရေးအကြောင်းများကိုဖယ်ရှားခြင်း ။

ကြက်ဥအကာကို အမြှုပ်များထလာတဲ့အထိ ခေါက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ခဏအကြာ မိမိမျက်နှာတင်းတင်းလေးဖြစ်လာမှ ရေနွေးနွေးလေးနဲ့ မျက်နှာကို ပြန်သစ်ပါ။ တစ်ပတ်ကို (၂)သို့ (၃)ခါလောက် လုပ်ပေးခြင်းဖြင့် သိသိသာသာ အရေးအကြောင်းတွေ လျော့လာပါလိမ့်မယ်။

၂။ ချွေးပေါက်များကို ကျဉ်းစေခြင်း ။

ချွေးပေါက်ကျယ်ခြင်းဟာ လူတစ်ယောက်ရဲ့ အလှအပကို ပျက်စီးစေပါတယ်။ ဒါကို သက်သာအောင်လို့ ဘယ်လိုလုပ်မလဲ။ အရင်ဆုံး ကြက်ဥအကာကို အမြှုပ်ထအောင် ပြုလုပ်ပြီး ချွေးပေါက်ကျယ်တဲ့နေရာ (အထူးသဖြင့် နှာခေါင်းတဝိုက်)ကို လိမ်းပေးပါ။ (၁၀)မိနစ်လောက် ထားပြီးတဲ့နောက် ရေနွေးနွေးနဲ့ ဆေးချပါ။ နောက်မှ ရေအေးလေးနဲ့ ပြန်ဆေးပါ။

၃။ အဆီစုပ်ပေးခြင်း ။

မျက်နှာအဆီပြန်ရင် ကြည့်ရဆိုးရုံတင်မကဘူး ဝက်ခြံကိုလည်း ဖြစ်စေပါတယ်။ ဒါဆို အဆီပြန်တာကို လျော့ချနိုင်ဖို့အတွက် ဂျုံမှုန့်အကြမ်းနဲ့ ကြက်ဥအကာကို ရောပြီး မျက်နှာပေါင်းတင်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေအေးဖြင့် မျက်နှာသစ်ပါ။ ဒါဆိုရင်တော့ သင်ဟာ အဆီမပြန်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးခြင်း ။

မျက်နှာလေး ကြည်ကြည်လင်လင်ရှိစေဖို့ဆိုရင် မျက်နှာပေါ်က ဆဲလ်အသေတွေကို အရင်ဆုံးဖယ်ရှားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ ကြက်ဥအကာက မျက်နှာချွတ်ဆေးအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ကြက်ဥအကာကို ဂျုံမှုန့်အကြမ်း၊ ပျားရည် အနည်းငယ်တို့ဖြင့် ရောပြီး သမအောင်မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းသဏ္ဍာန် ညင်သာစွာ လိမ်းကျံပေးပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနွေးလေးနဲ့ ညင်ညင်သာသာ ပြန်ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်မှ (၂)ကြိမ် ပြုလုပ်နိုင်ပါတယ်။

၅။ ဝက်ခြံများကို လျှင်မြန်စွာပျောက်ကင်းစေခြင်း ။

ကြက်ဥအကာမှာပါဝင်တဲ့ အသားဓာတ်ဟာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အပြင် အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။ ညအိပ်ယာမဝင်ခင်မှာ ကြက်ဥအကာကိုယူ၍ ဝက်ခြံပေါ်မှာ တို့ထားပြီးနောက် မနက်မိုးလင်းမှ ရေဖြင့်ဆေးချပါ။ ဝက်ခြံနဲ့ ပတ်သက်ရင် ကြက်ဥအကာဟာ ကုန်ကျမှုနည်းနည်းဖြင့် အထိရောက်ဆုံးဆေးတစ်လက်ဖြစ်ပါတယ်။

၆။ ပျက်စီးနေသော ဆံပင်များအားကောင်းမွန်စေခြင်း ။

အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းကတော့ ကြက်ဥအကာကို ဦးရေပြားနဲ့ ဆံပင်အရင်းနေရာတွေမှာ လိမ်းပေးခြင်းဖြင့် နဂိုဆံသားကို ပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ မိနစ်(၂၀)လောက်ထားပြီးမှ ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန် လျှော်ပေးပါ။

၇။ Conditioner အနေနဲ့ရော ။

ဆံပင်ကို ပုံမှန်ပေါင်းတင်ပေးခြင်းအားဖြင့် တောက်ပြောင်လှပသော ဆံသားများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ပထမဦးဆုံး ဆံပင်အတို၊ အရှည်ပေါ်မူတည်၍ ကြက်ဥအကာအနည်းငယ်ကိုယူပါ။

ဒိန်ချဉ်နဲ့ သံလွင်ဆီကို လက်ဖက်စားဇွန်း(၁)ဇွန်းဆီ ထည့်ပြီး ရောနှောအောင်မွှေပါ။ မွှေလို့ပြီးသွားရင်တော့ ဦးရေပြားကိုလိမ်းပေးပါ။ အချိန်ခဏအကြာထားပြီးရင် ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန် လျှော်ပေးပါ။စာဖတ်လိုက်ရုံလေးမဟုတ်ဘဲ တကယ်လက်တွေ့စမ်းသပ်ခြင်းဖြင့် စစ်မှန်တဲ့ အလှအပကို ပိုင်ဆိုင်နိုင်ပါစေ ။

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...