Friday, May 8, 2020

ေက်ာက္ကပ္ ေက်ာက္မတည္ေအာင္ ဘယ္လိုေရွာင္ရမလဲ

Zawgyi
ခါးနာလို႔ ဆီးေအာင့္တာေတြရွိလို႔ ဓာတ္မွန္႐ိုက္၊ အာထရာေဆာင္း ေထာက္ၾကည့္တဲ့အခါ ေက်ာက္မႈန္ေလးေတြ ေက်ာက္ေလးေတြ ေတြ႕ရေလ့ ရွိပါတယ္။
ေက်ာက္တည္တဲ့အခါ …
• ဆီးပူမယ္၊ ေအာင့္မယ္၊ နာမယ္၊ က်င္မယ္
• ဆီးေနာက္မယ္၊ ေသြးပါတတ္မယ္
• ခဏခဏ ဆီးသြားခ်င္မိမယ္
• ဆီးတင္းတဲ့အခါ ခါးနာလာတတ္မယ္၊ ခ်မ္းမယ္၊ တုန္ၿပီး ဖ်ားလာမယ္
အထက္ပါလကၡဏာေတြ တစ္ခုမွမရွိဘဲ ခါးေလးမွာ ပူၿပီး ကြက္ကြက္ကေလး ေအာင့္ေနတတ္တာ တစ္ခုထဲလည္း ရွိေနတတ္ပါတယ္။
>> ဒီေတာ့ ေက်ာက္မတည္ေအာင္ ဘာလုပ္ၾကမလဲ?
• ေရ တစ္ရက္ကို ေရသန္႔ တစ္ဘူးခြဲကေန ႏွစ္ဘူး ေသာက္ပါ။
• ဆား ေလွ်ာ့စားပါ။ ငပိ၊ ငါးေျခာက္၊ ငံျပာရည္ ေရွာင္ေပးပါ။ ႀကိဳက္လို႔ စားရင္ေတာင္ ေန႔စဥ္ မျဖစ္သင့္ပါဘူး။
• ကိုကာကိုလာ ေရွာင္ပါ။ စက္႐ံုထုတ္ အခ်ိဳရည္ ေလွ်ာ့ေသာက္ပါ။ သဘာဝေရသန္႔သာ ေသာက္ပါ။ ေရဆာတိုင္း ေရသန္႔သန္႔သာေသာက္ဖို႔ တိုက္တြန္းပါတယ္။
• သံပရာရည္ ေသာက္ပါ။
• ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း ႏြားႏို႔၊ ဒိန္ခ်ဥ္၊ ကယ္လ္ဆီယမ္ဓာတ္ ျပည့္ဝေအာင္ စားပါ။
• အသားစား ေလွ်ာ့ပါ။ ၾကက္သား၊ ဝက္သား၊ အမဲသား ေလွ်ာ့ပါ။
• အစိမ္းရင့္ရင့္ သစ္သီးသစ္ႏွံေတြ စားေပးပါ။
• ေန႔စဥ္ မွ်တညီၫြတ္တဲ့ အစာအုပ္စုေတြ ပါဝင္ပါေစ။
(အသားနည္းနည္း အသီးအရြက္ ေပါေပါၾကြယ္ၾကြယ္နဲ႔ အခ်ဥ္ဓာတ္မ်ားမ်ား ပါ၀င္ပါေစ။)
Unicode
ခါးနာလို့ ဆီးအောင့်တာတွေရှိလို့ ဓာတ်မှန်ရိုက်၊ အာထရာဆောင်း ထောက်ကြည့်တဲ့အခါ ကျောက်မှုန်လေးတွေ ကျောက်လေးတွေ တွေ့ရလေ့ ရှိပါတယ်။

ကျောက်တည်တဲ့အခါ …

• ဆီးပူမယ်၊ အောင့်မယ်၊ နာမယ်၊ ကျင်မယ်

• ဆီးနောက်မယ်၊ သွေးပါတတ်မယ်

• ခဏခဏ ဆီးသွားချင်မိမယ်

• ဆီးတင်းတဲ့အခါ ခါးနာလာတတ်မယ်၊ ချမ်းမယ်၊ တုန်ပြီး ဖျားလာမယ်

အထက်ပါလက္ခဏာတွေ တစ်ခုမှမရှိဘဲ ခါးလေးမှာ ပူပြီး ကွက်ကွက်ကလေး အောင့်နေတတ်တာ တစ်ခုထဲလည်း ရှိနေတတ်ပါတယ်။

>> ဒီတော့ ကျောက်မတည်အောင် ဘာလုပ်ကြမလဲ?

• ရေ တစ်ရက်ကို ရေသန့် တစ်ဘူးခွဲကနေ နှစ်ဘူး သောက်ပါ။

• ဆား လျှော့စားပါ။ ငပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်ပေးပါ။ ကြိုက်လို့ စားရင်တောင် နေ့စဉ် မဖြစ်သင့်ပါဘူး။

• ကိုကာကိုလာ ရှောင်ပါ။ စက်ရုံထုတ် အချိုရည် လျှော့သောက်ပါ။ သဘာဝရေသန့်သာ သောက်ပါ။ ရေဆာတိုင်း ရေသန့်သန့်သာသောက်ဖို့ တိုက်တွန်းပါတယ်။

• သံပရာရည် သောက်ပါ။

• နို့နဲ့ နို့ထွက်ပစ္စည်း နွားနို့၊ ဒိန်ချဉ်၊ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝအောင် စားပါ။

• အသားစား လျှော့ပါ။ ကြက်သား၊ ဝက်သား၊ အမဲသား လျှော့ပါ။

• အစိမ်းရင့်ရင့် သစ်သီးသစ်နှံတွေ စားပေးပါ။

• နေ့စဉ် မျှတညီညွတ်တဲ့ အစာအုပ်စုတွေ ပါဝင်ပါစေ။

(အသားနည်းနည်း အသီးအရွက် ပေါပေါကြွယ်ကြွယ်နဲ့ အချဉ်ဓာတ်များများ ပါဝင်ပါစေ။)

No comments:

ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး

 ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...