သစ္ေမႊး
သစ္ေမႊးကို အေက်ာ္ဟူ၍လည္း ေခၚသည္။ သစ္ေမႊးေခၚ အေက်ာ္သည္ နံ့သာျဖဴ၊ နံ့သာနီ၊ ကရမက္၊ အေက်ာ္၊ စမၸာဟူေသာ နံ့သာမ်ိဳးငါးပါးတြင္ ပါဝင္သည္။႐ုကၡေဗဒ အလိုအားျဖင့္ သစ္ေမႊးပင္ မ်ားသည္ တင္မီးေလ အီးစီး မ်ိဳးရင္းတြင္ပါဝင္ၿပီး ႐ုကၡေဗဒအမည္မွာ အကြီေလးရီးယား အဂလိုခ်ာျဖစ္သည္။ အပင္ႀကီးမ်ိဳးျဖစ္ၿပီး တစ္ႏွစ္ပတ္လုံး စိမ္းလန္းသည္။ အျမင့္ေပ ၇ဝ မွ ၁ဝဝ ထိရွိသည္။ ပင္စည္ႏွင့္အကိုင္း အခက္တို့မွာ ေျဖာင့္မတ္ျခင္းမရွိေပ။ အခက္အလက္မ်ားျဖာၿပီးအရြက္မ်ား ခပ္က်ဲက်ဲထြက္သည္။ အရြက္မ်ား သည္ အလ်ား ၂ လက္မမွ ၃ လက္မအထိ ရွိၿပီး အနံမွာ ၁ ၁၊၂ လက္မခန႔္ရွိသည္။ အရြက္သည္သားေရ ကဲ့သို့ ေပ်ာ့ေျပာင္းေတာက္ပသည္။ အပြင့္မွာ အျဖဴေရာင္ျဖစ္ၿပီး ပိုးသားကဲ့သို့ ႏူးညံ့သည္။ အရြယ္မွာအလြန္ ေသးငယ္သည္။ တေပါင္း တန္ခူးလမ်ားတြင္ ပြင့္သည္။ အသီးမ်ားမွာလည္း ကတၱီပါကဲ့သို့ ႏူးညံ့ၿပီး ဘဲဥပုံသဏၭာန္ရွိသည္။ အရြယ္မွာ ၁ လက္မမွ ၂ လက္မအထိရွိသည္။ သစ္ေမႊးကို စုေဆာင္းရာ၌ အႏွစ္ရွိမည္ထင္ရေသာ သစ္ေမႊး ပင္မ်ားကို ရွာေဖြခုတ္လွဲၿပီး သစ္အကာ မ်ားစင္ေအာင္ သစ္လုံးလိုက္ ေျမစိုတြင္ ျမႇုပ္ရသည္။ ေျမစိုတြင္ ျမႇုပ္ေသာေၾကာင့္ ေဆြးေျမ့ၿပီး အကာမ်ား ကင္းစင္သြားေသာ အႏွစ္မွာသစ္ေမႊးပင္ျဖစ္သည္။ သစ္ေမႊးပင္၏ အသားစိုတြင္ အေမႊးနံ့လုံးဝမရွိေပ။ အခ်ိန္ၾကာျမင့္စြာ ခုတ္လွဲထားစဥ္ သစ္ေမႊးအႏွစ္တြင္ မွိုတစ္မ်ိဳးစြဲလာသည္။ ထိုအခါ သစ္ေမႊးအႏွစ္သည္ ေဆြးေျမ့လာသည္။ ယင္းကဲ့သို့ မွိုမ်ားစြဲကပ္၍ ေဆြးေျမ့လာမွသာ သစ္ေမႊးအႏွစ္သည္ ေမႊးလာသည္။ ပိုးစားထား သည့္ အရာမ်ားကိုလည္း သစ္ေမႊး၌ ေတြ႕ရသည္။ သစ္ေမႊးအႏွစ္မွ အဆီထုတ္ယူနိုင္ၿပီး ယင္းအဆီကို ေရေမႊး ျပဳလုပ္ရာတြင္ သုံးသည္။ သစ္ေမႊးကို အေမႊးတိုင္မ်ား လုပ္ရာတြင္လည္း အသုံးျပဳသည္။ သစ္ေမႊးအနံ့ကို ပိုးမႊားမ်ား အလြန္ေၾကာက္သည္။ အေခါက္ကို စကၠဴျပဳလုပ္ရာ၌၎၊ ႀကိဳးမ်ားျပဳလုပ္ရာ၌၎ အသုံးျပဳသည္။ ျမန္မာ့ ေဆးမီးတိုအရ အနာမ်ား ေရာင္ရမ္းလၽွင္ သစ္ေမႊးကို ေသြး၍လိမ္းသည္။ အေညႇာ္မိလၽွင္လည္း သစ္ေမႊးကိုေသြး၍ ဆားအနည္းငယ္ေရာၿပီး တိုက္သည္။
စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္ ေျမာက္ပိုင္း၊ တနသၤာရီရိုးမႏွင့္ ၿမိတ္ကၽြန္းစုမ်ား၌ သစ္ေမႊးပင္မ်ား ေပါက္ေရာက္သည္။ အိႏၵိယ၊ ဗဂၤလားေဒ့ရွ၊ မေလးရွား၊ အင္ဒိုနီးရွားႏွင့္ တ႐ုတ္ နိုင္ငံမ်ား၌လည္း သစ္ေမႊး ပင္မ်ားကို ေတြ႕ၾကရသည္။
ေဈးကြက္ဝင္ၿပီး အက်ိဳးအျမတ္ျဖစ္ထြန္းလာေသာေၾကာင့္ သစ္ေမႊးပင္ကို စစ္ကိုင္း၊ ပဲခူး၊ ရန္ကုန္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးမ်ား၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တို့တြင္ ပုဂၢလိက စိုက္ပ်ိဳးသူမ်ားက အပင္အေရအတြက္ သိန္းႏွင့္ခ်ီ၍ စိုက္ပ်ိဳးေနၾကေၾကာင္းသိရသည္။ ကခ်င္ျပည္နယ္မွထြက္ရွိေသာ သစ္ေမႊးမ်ိဳးသည္ ကမၻာ့တန္းဝင္ အေကာင္းဆုံး သစ္ေမႊးတစ္မ်ိဳးျဖစ္သည္ဟုလည္းသိရသည္။ စီးပြားျဖစ္စိုက္ပ်ိဳးေသာ သစ္ေမႊးပင္မ်ားကို စိုက္ပ်ိဳးၿပီး သုံးႏွစ္ၾကာလၽွင္ သစ္ေမႊးဆီ ျဖစ္ေစမယ့္ ကပ္ပါးမွိုကို ပင္စည္ထဲ ထိုးသြင္းေပးရပါတယ္။ ခုနစ္ႏွစ္ေလာက္ၾကာရင္ ခုတ္လွဲၿပီး ေဈးကြက္ကိုတင္ပို့နိုင္ပါတယ္။ ေဈးကြက္ဝင္သစ္ေမႊးရဲ့ အရည္အေသြးနဲ႔ အဆင့္အတန္းဟာ ကပ္ပါးမွိုထိုးသြင္းၿပီး ႏွစ္ၾကာရွည္မွုအေပၚမွာလည္း မူတည္ပါတယ္။
ပုံသဏၭာန္ : အပင္ - အျမဲစိမ္း အပင္ႀကီးမ်ိဳး ျဖစ္ၿပီး အျမင့္ေပ ၇၀ မွ ၁၀၀ အထိ ျမင့္၏။ ပင္စည္ႏွင့္ အကိုင္း အခက္ တို့မွာ ေျဖာင့္မတ္ျခင္း မရွိေခ်။ အခက္ အလက္ မ်ားစြာ ျဖာသည္။ အေခါက္ လွိုင္းထ သကဲ့သို့ ၾကမ္းတမ္း၏။ အသားပြ၍ အျဖဴေရာင္ သမ္းေသာ ဝါဖန႔္ဖန႔္ အဆင္း ရွိသည္။ အရြက္ - -- ရြက္လႊဲ ခပ္က်ဲက်ဲ ထြက္သည္။ အလ်ား ၂ လက္မမွ ၃ လက္မ ထိ ရွည္၏။ အနံ ၁ ၁/၂ လက္မ ခန႔္ရွိ၏။ ရြက္ျပား သားေရ ကဲ့သို့ ေပ်ာ့ေပ်ာင္း၍ ေတာက္ပၿပီး ရြက္ညႇာ တိုသည္။ ရြက္ေၾကာ မ်ားျပားသည္။ အပြင့္ - ပြင့္ညႇာမဲ့ သို့မဟုတ္ အလြန္ တိုေသာ ပြင့္ညႇာ ရွိသည္။ ထီးပုံသဏၭာန္ ပန္းခိုင္ ျဖစ္သည္။ အပြင့္ အလြန္ ေသးငယ္၍ ပိုးသား ကဲ့သို့ ႏူးညံ့သည္။ အျဖဴေရာင္ ရွိသည္။ တန္ေပါင္း တန္ခူးတြင္ ပြင့္သည္။ အသီး - ကတၱီပါ ကဲ့သို့ ႏူးညံ့ၿပီး ဘဲဥပုံ ဆန္ဆန္ ရွိ၏။ ၁ ၁/၂ မွ ၂ လက္မ ထိ ရွည္၏။ အသီးတြင္ ႏွမ္းေစ့ခန႔္ အေစ့ ေျမာက္ျမားစြာ ပါသည္။ ဝါဆို ဝါေခါင္ တြင္သီးသည္။ အသုံးျပဳနိုင္သည့္ အစိတ္အပိုင္းမ်ား : အႏွစ္သား။ ျမန္မာနိုင္ငံတြင္ ေတြ႕နိုင္ေသာေနရာမ်ား : တနသၤာရီ ရိုးမ၊ ၿမိတ္ခရိုင္ တြင္းရွိ ကၽြန္းမ်ား တြင္ ေပါက္ေရာက္သည္။ ေပါက္ေရာက္ပုံသဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။ အသုံးဝင္ပုံ : အာနိသင္ - ျမန္မာ ေဆးက်မ္းမ်ား အလို အရ အေက်ာ္သည္ ေအး၏။ အပူကို ၿငိမ္းေစ၏။ ေခ်ာင္းဆိုး ေရာဂါ၊ ႏူနာ တို့ကို နိုင္၏။ ခါးေသာ အရသာ ရွိ၏။ ေၾကညက္ လြယ္၏။ ဝၿဖိဳးေစ၏။ အစာမေၾက ေရာဂါ၊ မ်က္စိ ေရာဂါ၊ နားေရာဂါ တို့ကို ေပ်ာက္ကင္း ေစ၏။ ဆီးရႊင္ ေစ၏။ အသည္းႏွင့္ အူတြင္း၌ ျဖစ္ေသာ ေရာဂါ မ်ားကို ေပ်ာက္ကင္း ေစ၏။ ခံတြင္းနံ့ မေကာင္းျခင္း ကိုပယ္၏။
အသုံးျပဳပုံ- အႏွစ္သား
အလြန္ မူးေဝျခင္း ျဖစ္ပါက အေက်ာ္ကို ေသြး၍ ရွူျခင္း သို့မဟုတ္ မီးရွို့၍ အခိုး ျပဳလုပ္ ရွူျခင္းျဖင့္ ေပ်ာက္ကင္း ေစနိုင္၏။
ဝမ္းဗိုက္ နာလၽွင္ အေက်ာ္ႏွင့္ ၾကက္ဆူျမစ္ အခြံ အေခါက္ကို ေရာစပ္ ေသြးၿပီးဝမ္းဗိုက္တြင္ လိမ္းေပး ပါက ေပ်ာက္ကင္း နိုင္၏။
အေက်ာ္မွုန႔္ ကို ပ်ားရည္ႏွင့္ ေဖ်ာ္၍ လ်က္ေသာ္ နာတာရွည္ အဖ်ားႏွင့္ အဖ်ားငုပ္ျခင္း မ်ားေပ်ာက္ကင္း၍ ႏွလုံးႏွင့္ အစာအိမ္ကို အားေပး၏။
အေက်ာ္ကို ေသြးေသာက္ျခင္း၊အေက်ာ္မွုန႔္ ကို သနပ္ဖက္တြင္ ထည့္၍ ေဆးလိပ္ ကဲ့သို့ျပဳလုပ္ၿပီး မီးညႇိကာ ရွူေပးျခင္း၊ ေဆးတံ ကဲ့သို့ အခိုးရွူပိုက္ျဖင့္ မီးညႇိ၍ ရွူေပးျခင္းျဖင့္ ပန္းနာ ရင္က်ပ္ ေရာဂါႏွင့္ ေအာ့အန္ေသာ ေရာဂါမ်ား ေပ်ာက္၏။
အေက်ာ္နက္ ကို ဆီႏွင့္ ေသြး၍ လိမ္းေသာ္ ေလထိုး ေလေအာင့္ ေပ်ာက္၏။
အေက်ာ္ကို အိုးထိန္းပင္၏ အေစးႏွင့္ ေရာ၍ မက်က္နိုင္ေသာ အနာ၊ ပိုးက် ေနေသာ အနာမ်ား ေပၚတြင္ မွိုင္းတိုက္ ေပးပါက ပိုးမ်ား ပ်က္စီး၍ အနာ ေကာင္းစြာ က်က္သြားမည္။
သစ္ေမႊးပင္သည္ အျမင့္ေပ ၄ဝ ခန႔္ရွိၿပီး လုံးပတ္ ၁ဝ ေပခန႔္ရွိတတ္ ပါသည္။ ပညာရွင္မ်ား ေလ့လာေတြ႕ ရွိခ်က္အရ သစ္ေမႊးပင္အမ်ိဳးအစား ၁၁ မ်ိဳးခန႔္ရွိေသာ္လည္း Aquilaria, Crossnar ႏွင့္ Aquilaria Malauenis အမ်ိဳးအစားႏွစ္မ်ိဳးမွာ အေကာင္းဆုံး ျဖစ္ေၾကာင္း သိရွိရပါသည္။ ယင္းတို့ကို တနသၤာရီတိုင္းႏွင့္ ကခ်င္ ျပည္နယ္တို့တြင္ ေတြ႕ရွိရပါသည္။
ေပါက္ေရာက္ရာ ေဒသမ်ား
သစ္ေမႊးပင္ေပါက္ေရာက္ရာ ေဒသမ်ားမွာ အေရွ႕ေတာင္အာရွႏွင့္ အာရွ ပစိဖိတ္ေဒသမ်ားျဖစ္ၾကသည္။ အိႏၵိယ၊ နီေပါ၊ ဘူတန္၊ ျမန္မာ၊ တ႐ုတ္၊ ထိုင္း၊ ကေမၻာဒီးယား၊ လာအို၊ ဗီယက္နမ္၊ မေလးရွား၊ အင္ဒိုနီးရွား၊ သီရိလကၤာ၊ ပါပူးဝါး နယူးဂီနီႏွင့္ ဩစေၾတးလ်ကၽြန္းစု အခ်ိဳ့တြင္ သဘာဝအတိုင္း ေပါက္ ေရာက္ၾကသည္။ ျမန္မာနိုင္ငံတြင္ Aquilaria Agalocha Roxb ႏွင့္ Aquilaria Malaccer Lam တို့ကို မွတ္တမ္းတင္ထားပါသည္။ ျမန္မာနိုင္ငံတြင္ သစ္ေမႊးေပါက္ေရာက္ရာ ေဒသမ်ားမွာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယား ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္းတို့ ျဖစ္ၾကပါသည္။
ေဈးကြက္ဝင္လာပုံႏွင့္ သမိုင္းေၾကာင္း
သစ္ေမႊးကို အာရပ္လူမ်ိဳးမ်ားက ပိုမိုႀကိဳက္ႏွစ္သက္ၾကပါသည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂ဝဝဝ ေက်ာ္ခန႔္မွ စတင္အသုံးျပဳခဲ့ၿပီး အာရိယန္ လူမ်ိဳးမ်ားက စတင္အသုံးျပဳကာ အာဂါဟု ေခၚၾကသည္။ အီဂ်စ္လူမ်ိဳးမ်ား အေနျဖင့္ မံမီ႐ုပ္အေလာင္းမ်ား စီစဥ္သည့္အခါတြင္ သစ္ေမႊးအဆီခဲအား အဓိက ကုန္ၾကမ္းအျဖစ္ အသုံးျပဳေၾကာင္း မွတ္သားရဖူးပါသည္။ အာရပ္လူမ်ိဳးတို့သည္ သစ္ေမႊးကို ဘာသာေရးပြဲေတာ္မွအစ မိသားစုပိုင္းအထိ မီးထြန္းညႇိၿပီး ေမႊးႀကိဳင္သည့္ရနံ့ကို ရွူရွိုက္ရင္း အပန္းေျဖၾကၿပီး ေရေမႊးစသည့္ ပစၥည္းမ်ားကို အနံ့ၾကာရွည္ ခံနိုင္ေအာင္ အသုံးျပဳသည္ဟု ဆိုပါသည္။ သစ္ေမႊးကို ခရစ္ယာန္ သမၼာက်မ္းစာတြင္ ခရစ္ေတာ္ ေမြးဖြားစဥ္က အေရွ႕ဘက္နိုင္ငံမွ ပညာရွင္သုံးဦး ေရာက္ရွိလာၿပီး ခရစ္ေတာ္အား ပူေဇာ္ရာတြင္ လက္ေဆာင္ပစၥည္းသုံးမ်ိဳးပါ ရွိသည္။ လက္ေဆာင္တစ္မ်ိဳးမွာ မူးရာ - Mura ဟုေခၚသည့္ သစ္ေမႊး ျဖစ္ပါသည္။ သို့ျဖစ္၍ သစ္ေမႊးကို အထြတ္အျမတ္ အျဖစ္ပူေဇာ္ရာတြင္ ခရစ္ေတာ္ လက္ထက္ကပင္ အသုံးျပဳခဲ့ေၾကာင္း သိရွိရပါသည္။ ထို့ေၾကာင့္ ခရစ္ယာန္ ဘာသာဝင္ အမ်ားစုျဖစ္ေသာ ကခ်င္တိုင္းရင္းသားမ်ားက သမၼာက်မ္းစာအတိုင္းမူးရာဟုလည္း ေခၚေဝၚခဲ့ၾကပါသည္။
သစ္ေမႊးသည္ ၁၉၆၉ ခုႏွစ္ ေနာက္ပိုင္းတြင္ ေဈးေကာင္းရရွိလာသည္။ ယင္းအခ်ိန္က ပထမတန္း စား တစ္ပိႆာလၽွင္ က်ပ္တစ္ ေသာင္းေဈး၊ ဒုတိယတန္းစား တစ္ ပိႆာလၽွင္ ၂၅ဝ က်ပ္ႏွုန္းမွ ေနာက္ ပိုင္းတြင္ ပထမတန္းစား တစ္ပိႆာ က်ပ္ငါးေသာင္း၊ ဒုတိယတန္းစား တစ္ပိႆာက်ပ္ ႏွစ္ေသာင္းငါးေထာင္၊ ေရာေႏွာအတန္းအစား က်ပ္ငါးေထာင္အထိ ေမွာင္ခိုစီးပြားေရး ေလာကတြင္ ျမင့္တက္လာခဲ့သည္။ အထက္တြင္ တင္ျပခဲ့သည့္ အတိုင္း အိႏၵိယ-ျမန္မာ နယ္စပ္တမူးၿမိဳ့တြင္ ယင္း အခ်ိန္ကာလက သစ္ေမႊးႏွင့္ ႀကီးပြားခ်မ္းသာသြားၾကသူမ်ားရွိ သလို သစ္ေမႊးႏွင့္ ဘဝပ်က္သြား ၾကသူမ်ားလည္းရွိခဲ့ပါသည္။
သစ္ေမႊးေဈးကြက္ ခ်ဲ႕လာပုံမွာ ဤသို့ျဖစ္သည္။ အိႏၵိယနိုင္ငံ၊ အာသံျပည္နယ္၊ မဏိပူရျပည္နယ္ သစ္ေမႊးကုန္သည္၊ သစ္ေမႊးစုေဆာင္းခြင့္ရသူ အင္ဖာလံၿမိဳ့မွ မစၥတာ အိုဘိုဒင္က အခြန္ေပးေဆာင္၍ ေပါက္ေဈးႏွင့္ ဝယ္ယူစုေဆာင္းခဲ့သည္။ လမ္းပန္း ဆက္သြယ္မွု အခက္အခဲမ်ားေၾကာင့္ တမူးၿမိဳ့မွတစ္ဆင့္ မိုးေရးၿမိဳ့တြင္ ျမန္မာျပည္မွ အၿပီးျပန္သူတို့ထံ အေရာင္းအဝယ္လုပ္သည္။ ဝယ္ယူ သိုေလွာင္ျခင္း၊ ျပန္လည္ ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ အာသံ ျပည္နယ္က ကုန္သည္ႀကီးမ်ားက ယင္းကာလတြင္ ျမန္မာနိုင္ငံအစိုးရ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ သစ္ေတာ ဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာန ညႊန္ ၾကားေရးမွူးခ်ဳပ္ထံ သစ္ေမႊးဝယ္ယူ လိုေၾကာင္း ဆက္သြယ္ခဲ့သည္ဟု သိရပါသည္။ ဆက္သြယ္သူမ်ားထဲမွ အာသံျပည္နယ္၊ ဒူဟာဘီၿမိဳ့ေန မစၥတာ ဒီလစ္ပဒပတာဆိုသူ ပါဝင္သည္။ သူက ျမန္မာျပည္က သတ္မွတ္ထားေသာ စည္းကမ္းမ်ားကို လိုက္နာၿပီး ျမန္မာေတာင္သူမ်ားကို သစ္ေမႊးပညာသင္ေပးပါမည္ဟု ဆို ၿပီး သစ္ေတာဦးစီးဌာနသို့ တင္ျပ ေတာင္းဆိုခဲ့သည္ဟု သိရပါသည္။
ကသည္းလူမ်ိဳးတို့သည္ သစ္ေမႊး စုေဆာင္းေရး အတတ္ပညာ၊ ထုတ္ယူနည္းအတတ္ပညာ ကၽြမ္းက်င္ပါသည္။ ျမန္မာ-အိႏၵိယ နယ္စပ္ေန တိုင္းရင္းသားမ်ားကိုကသည္း လူမ်ိဳးတို့က သစ္ေမႊးထုတ္ယူေရး အတတ္ပညာသင္ၾကားေပးၿပီး ရွာေဖြ စုေဆာင္းၾကသည္။ သစ္ေမႊးမ်ားကို ျမန္မာျပည္ အရပ္ရပ္မွတစ္ဆင့္ အင္ဖာ၊ အာသံ၊ ကာလကတၱားအထိ သစ္ေမႊးအဆီ ထုတ္လုပ္ငန္းရွင္မ်ားထံ တင္ပို့ခဲ့ၾကသည္။ ထိုမွတစ္ဆင့္ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အာရပ္ နိုင္ငံမ်ားႏွင့္ အစၥေရးနိုင္ငံမ်ားသို့ ပို့ၿပီး ေရာင္းခ်ခဲ့ၾကသည္။ အာရပ္နိုင္ငံမ်ားသည္ ေရနံေၾကာင့္ ခ်မ္းသာ ႂကြယ္ဝလ်က္ရွိၾကသျဖင့္ သစ္ေမႊးကို ေဈးေကာင္းေပးၿပီး ဝယ္ယူခဲ့ၾကပါသည္။
အသုံးဝင္မွု
အထက္တြင္ တင္ျပခဲ့သည့္အတိုင္း သစ္ေမႊးကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂ဝဝဝ ေက်ာ္ခန႔္မွ စတင္ အသုံးျပဳခဲ့ၾကၿပီး အာရိယန္ လူမ်ိဳးမ်ားက စတင္ အသုံးျပဳကာ အာဂါဟု ေခၚခဲ့ၾကသည္။ အီဂ်စ္လူမ်ိဳးမ်ား အေနျဖင့္ မံမီ႐ုပ္အေလာင္းမ်ား စီရင္သည့္အခါတြင္ သစ္ေမႊးအဆီခဲအား အဓိကအသုံးျပဳခဲ့ေၾကာင္းမွတ္သား ဖူးပါသည္။ သစ္ေမႊးကို တိုင္းရင္း ေဆးဝါးမ်ား ျပဳလုပ္ရာတြင္လည္း အသုံးျပဳေလ့ရွိသည္။ အသည္းေျခာက္ေရာဂါ၊ ေလျဖတ္ေရာဂါ၊ ေသြးကင္ဆာေရာဂါ၊ အသည္းေရာင္ အသားဝါ၊ ေအအိုင္ဒီအက္စ္ ေရာဂါမ်ားအတြက္ အထူးသင့္ေလ်ာ္သည္။ ေရေမႊးႏွင့္ အလွကုန္မ်ား ျပဳလုပ္ရာတြင္လည္း အဓိကကုန္ၾကမ္းအျဖစ္ အသုံးျပဳ သည္။ ကခ်င္ျပည္နယ္ေဒသခံ တိုင္း ရင္းသားမ်ားက ရိုးရာေဆးဝါးအျဖစ္ အသုံးျပဳေလ့ရွိသည္။
ေဆးက်မ္းအလိုအရ သစ္ေမႊးသည္ ေအး၏။ အပူကိုနိုင္ေစ၏။ ေခ်ာင္းဆိုး ေရာဂါ၊ ႏူနာတို့ကို နိုင္ေစ၏။ ခါးေသာအရသာရွိ၏။ ေၾကညက္ လြယ္၏။ ဝၿဖိဳးေစ၏။ အစာမေၾက ေရာဂါ၊ မ်က္စိေရာဂါ၊ နားေရာဂါတို့ ကို ေပ်ာက္ကင္းေစ၏။ ဆီးရႊင္ေစ၏။ အသည္းႏွင့္ အူတြင္း၌ ျဖစ္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္းေစ၏။ ခံတြင္းအနံ့မေကာင္းျခင္းကို ပယ္၏ ဟု ဆိုထားပါသည္။
နိုင္ငံတကာတြင္ တိုင္းရင္းေဆး အေမႊးနံ့သာ၊ အလွကုန္ပစၥည္းမ်ား၊ အေမႊးတိုင္၊ အဓိက ကုန္ၾကမ္းမ်ားအျဖစ္ ဘာသာေရးဆိုင္ရာမ်ားတြင္ ပူေဇာ္ရန္ သုံးစြဲၾကၿပီး အာရပ္လူမ်ိဳးမ်ားရွိရာ နိုင္ငံတိုင္း၌ အိမ္တိုင္းတြင္ သုံးစြဲၾကသည္။ သစ္ေမႊးမ်ားကို အမွုန႔္ ျပဳလုပ္ၿပီး အေမႊးတိုင္မ်ား ျပဳလုပ္၍ ထြန္းညႇိပူေဇာ္ျခင္း၊ အမွုန႔္အား မီးရွို့၍ အနံ့ကို ရွူရွိုက္ျခင္းမ်ားျဖင့္ စိတ္ခ်မ္းေျမ့ျခင္းႏွင့္ စိတ္ၾကည္လင္ မွုမ်ားျဖစ္ေစနိုင္ေသာေၾကာင့္ အလြန္ တန္ဖိုးထားၾကျခင္းျဖစ္ပါသည္။
စြန႔္စားရွာေဖြခဲ့ၾကသည့္အတြက္ မ်ိဳးတုံးလုနီးပါးျဖစ္ခဲ့
သစ္ေမႊးေမွာင္ခိုေဈးကြက္ က်ယ္ ျပန႔္လာသည့္ ၁၉၆၉-၇ဝ ေနာက္ပိုင္းတြင္ လူငယ္ လူရြယ္မ်ားသည္ စိတ္တူ သေဘာတူ ငါးေယာက္ႏွင့္ အထက္ အဖြဲ႕ဖြဲ႕၍ ခ်င္းတြင္းျမစ္တစ္ေလၽွာက္ ေတာေတာင္မ်ား၊ မူးျမစ္ရိုးတစ္ေလၽွာက္ ေတာေတာင္မ်ား၊ နာဂေတာင္တန္း အေရာက္ေရာက္၊ ကခ်င္ျပည္နယ္ ေတာနက္ႀကီးမ်ား၊ တနသၤာရီတိုင္း ေတာေတာင္မ်ား၊ မဟာၿမိဳင္ ေတာလည္းမက်န္၊ ဆင္မေၾကာက္၊ က်ားမေၾကာက္၊ သူပုန္မေၾကာက္ ေနရာအႏွံ့ ေက်ာပိုးအိတ္ တစ္လုံးစီျဖင့္ သစ္ေမႊးအရွာ ထြက္ခဲ့ၾကသည္။ အခ်ိဳ့လည္း စြန႔္စားရက်ိဳး၊ အပင္ပန္းခံရ က်ိဳးနပ္ခဲ့ၾကသည္။ အခ်ိဴ႕လည္း ငွက္ဖ်ားဒဏ္၊ ပင္ပန္းမွုဒဏ္မ်ားသာ အဖတ္ တင္ခဲ့ၾကသည္။ ဤမၽွအထိ သစ္ေမႊးေလာဘ၊ သစ္ေမႊးရတနာက ဂုဏ္ႀကီးခဲ့သည္။ ဤမၽွတန္ဖိုးႀကီးေသာ၊ ဂုဏ္ႀကီးေသာ သစ္ေမႊးပင္မ်ားကို အလြန္အမင္း စည္းမဲ့ကမ္း မဲ့ ခုတ္ယူခဲ့ၾကေသာေၾကာင့္ မ်ိဳးတုံး လုနီးပါး အေျခအေနျဖစ္ေပၚခဲ့ရ သည္။
အပင္ေတြ႕ေသာ္လည္း အဆီေတြ႕ခ်င္မွ ေတြ႕သည္။ သဘာဝ သစ္ေမႊးပင္မ်ားတြင္ ပ်မ္းမၽွျခင္းအားျဖင့္ ဆယ္ပင္မွာ တစ္ပင္ႏွုန္းေလာက္သာ အဆီေတြ႕ရသည္ဟု သိရွိရပါသည္။ သည္ေတာ့ ရတနာဟူသည္ ထိုက္တန္ေသာသူမွ ခံစားရသည္ဟူေသာ စကားလည္း မွန္ေနသည္။ အဖြဲ႕တစ္ဖြဲ႕က ဤေတာဤေတာင္တြင္ ႏွံ့ႏွံ့စပ္စပ္ ရွာေဖြခဲ့ေသာ္လည္း သစ္ေမႊးပင္ကို ေတြ႕ခ်င္မွေတြ႕သည္။ သို့ေသာ္ ကံထိုက္ေသာ ေနာက္တစ္ဖြဲ႕က ဤ ေတာဤေတာင္ကို ထပ္မံေရာက္ရွိ ရွာေဖြေသာ္ အဆီျပည့္ေနေသာ တန္ဖိုးႀကီး သစ္ေမႊးပင္ကို ေတြ႕ရတတ္သည္။ ရတနာဟူသည္ နတ္ႀကီးလွသည္။ သစ္ေမႊးပင္ဟု ဆိုေသာ္လည္း သာမန္အားျဖင့္မေမႊးဘဲ အပင္မ်ားတြင္ မွိုစြဲကပ္ေနမွသာလၽွင္ သစ္ေမႊး ရရွိပါသည္။ အဆိုပါ သစ္ေမႊးရရွိမွသာ တန္ဖိုးႀကီးမားသည္။ သို့ေသာ္လည္း သစ္ေမႊးရွာအဖြဲ႕တို့သည္ ေတြ႕သမၽွ သစ္ေမႊးပင္ဟူသေရြ႕ ခုတ္လွဲ ျဖတ္ေတာက္ အဆီရွာေဖြခဲ့ၾကသျဖင့္ သဘာဝ ေတာေတာင္မ်ားတြင္ သစ္ေမႊးပင္မ်ား ရွားပါးလာခဲ့သည္။ ဤုသို့ စည္းမဲ့ကမ္းမဲ့ ခုတ္လွဲျဖတ္ေတာက္ ရွာေဖြခဲ့ၾကသျဖင့္ သစ္ေမႊးပင္မ်ားသည္ မ်ိဳးတုံးလုနီးပါး အေျခအေန သို့ ေရာက္ရွိခဲ့ပါသည္။
သစ္ေမႊးဆီျဖစ္ေပၚေစေသာ ေဆးသြင္းနည္းေတြ႕ရွိ
သစ္ေမႊး၏ အဓိက ဇာတ္ေဆာင္မွာ သစ္ေမႊးပိုး သို့မဟုတ္ ကပ္ပါးမွို Fungus ျဖစ္ၿပီး ေရာဂါ တစ္မ်ိဳးမ်ိဳး အပင္အား ထိခိုက္ခံရမွုေၾကာင့္ ယင္းေရာဂါပိုးကို အပင္က ျပန္လည္ခုခံ နိုင္ရန္အတြက္ လိုအပ္ေသာအရည္ကို ထုတ္ေပးလာၿပီး ထိုရည္အႏွစ္မွ သစ္ေမႊးဆီအျဖစ္ ေျပာင္းလဲျဖစ္ေပၚျခင္းျဖစ္ကာ သစ္ေမႊးပင္၏ သစ္သားေရာင္မွာ အျဖဴေရာင္မွ တျဖည္းျဖည္း အနက္ေရာင္သို့ ေျပာင္းလဲျဖစ္ေပၚၿပီး အနံ့မွာလည္း ေမႊးရနံ့ထြက္ေပၚလာ ေၾကာင္းသိရပါသည္။ သဘာဝ သစ္ေမႊးပင္၏ သေဘာသဘာဝမ်ားကို ေလ့လာေဖာ္ထုတ္ရန္ သစ္ေမႊးဆီ ျဖစ္ေပၚမွု အေျခခံ သုေတသန ျပဳခ်က္မ်ားအေပၚ အသုံးခ်လ်က္ လူတို့ ဖန္တီးစိုက္ပ်ိဳးရရွိသည့္ သစ္ေမႊးပင္အား သစ္ေမႊးဆီ ျဖစ္ေပၚေစေသာ မွိုမ်ားေမြးျမဴကာ ေဆးထိုးသြင္းျခင္းျဖင့္ သစ္ေမႊးဆီ ထြက္ရွိသည့္ အပင္ရရွိနိုင္ ေၾကာင္းသိရပါသည္။ အေကာင္းဆုံး သစ္ေမႊးမွာ အနက္ျဖစ္ၿပီး ေရတြင္ ထည့္ၾကည့္ပါက နစ္ျမဳပ္သြားေၾကာင္း။ ေဒသအလိုက္ သစ္ေမႊး အတန္းအစား ကြဲျပားနိုင္ၿပီး သစ္ေမႊး ဆီပါဝင္မွု ရနံ့ႏွင့္ သိပ္သည္းဆတို့ ကြဲျပားမွုအေပၚ တန္ဖိုးကြာျခားေၾကာင္း သိရွိရပါသည္။
အပင္သက္တမ္း ေလးႏွစ္မွ ေျခာက္ႏွစ္အရြယ္ ေမလေနာက္ဆုံးပတ္ႏွင့္ ဇြန္လအတြင္း မွိုမ်ိဳးထည့္ သြင္းရန္သင့္ေလ်ာ္သည္။ မွိုသြင္းၿပီး တစ္ႏွစ္ၾကာပါက သစ္ေမႊးထုတ္ ယူနိုင္ၿပီ ျဖစ္ပါသည္။ သစ္ေမႊးတစ္ပင္လၽွင္ သစ္ေမႊးဆီ ကီလို ၂ဝ မွ ၄ဝ အထိ ရရွိနိုင္ေၾကာင္း သိရွိရပါသည္။ သစ္ေမႊးကို မတ္လမွ ေမလအတြင္း ထုတ္ယူပါက အသင့္ေတာ္ဆုံး ျဖစ္သည္။ သစ္ေမႊးအတန္းအစား ခြဲျခားရာ၌ အထက္တြင္ တင္ျပခဲ့သည့္အတိုင္း သစ္ေမႊးတုံးသည္ အနက္ေရာင္ရွိၿပီး ေရတြင္နစ္ျမဳပ္ပါက ပထမတန္းစားဟု သတ္မွတ္ၿပီး ေရတြင္ေပၚပါက ဒုတိယတန္းစားဟု သတ္မွတ္ပါသည္။
သစ္ေမႊးပင္ေကာင္းျဖစ္ရန္ မွိုမ်ိဳးသန႔္သန႔္ သြင္းေပးရန္ လိုအပ္ပါသည္။ ထိုင္းနိုင္ငံ၌ ပင္စည္အေခါက္ကို ငါးစင္တီမီတာ အက်ယ္၊ ၃၇ စင္တီမီ တာ အရွည္ခြာ၍ အေပါက္ေဖာက္ၿပီး မ်ိဳးသြင္းရသည္။ သစ္ေမႊးျဖစ္ရန္ လိုအပ္ေသာ Phaeoacrvmonium Parqsiaica မွိုမ်ိဳးသန႔္သန႔္ျဖစ္ရန္ လိုအပ္ေၾကာင္း သိရွိရပါသည္။
ယခုအခါ ျပည္တြင္းရွိ ကုမၸဏီ မ်ားသည္လည္း ေဆးသြင္းနည္းကို ေဆာင္ရြက္နိုင္ၿပီျဖစ္၍ စီးပြားျဖစ္ စိုက္ပ်ိဳးေရးကို ကုမၸဏီမ်ားေရာ တစ္ဦးခ်င္းပါ အေကာင္အထည္ ေဖာ္ေနၾကၿပီ ျဖစ္ပါသည္။ ျမန္မာနိုင္ငံတြင္ သစ္ေမႊးပင္ စိုက္ပ်ိဳးေရးကို စီးပြားျဖစ္ စိုက္ပ်ိဳးရန္အတြက္ ျပည္ပ ကုမၸဏီ မ်ား စိတ္ဝင္စားမွုရွိလာၿပီး အက်ိဳး တူပူးေပါင္းေဆာင္ရြက္ရန္ လာေရာက္ ၾကမည္ဟု သိရပါသည္။
ျမန္မာနိုင္ငံသို့ လာေရာက္ၾကမည့္ ျပည္ပ ကုမၸဏီမ်ားမွာ စင္ကာပူ၊ တ႐ုတ္၊ ထိုင္းႏွင့္ အင္ဒိုနီးရွား စသည့္နိုင္ငံမ်ားမွ အေျခစိုက္ ကုမၸဏီ မ်ားျဖစ္ၿပီး ျပည္တြင္း ယူနီဗာဆယ္ ဂ်နရယ္ထရိတ္ဒင္း ကုမၸဏီႏွင့္ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္မည္ဟု သိရပါသည္။
တ႐ုတ္နိုင္ငံ၊ ဟိုင္နန္ကၽြန္း တြင္လည္း ျမန္မာနိုင္ငံ၊ ကခ်င္ျပည္ နယ္မွ မ်ိဳးေစ့မ်ား ယူေဆာင္ စိုက္ပ်ိဳး ၍ ျဖစ္ထြန္းေအာင္ျမင္လ်က္ရွိ ေၾကာင္း သိရွိရပါသည္။
တစ္ေခတ္ဆန္းသစ္လာေတာ့မည့္ ျမန္မာ့သစ္ေမႊး
ျမန္မာနိုင္ငံရွိ မည္သည့္ေနရာ ေဒသမဆို သစ္ေမႊးကို စနစ္တက် ျပဳစုပ်ိဳးေထာင္စိုက္ပ်ိဳးပါက ျဖစ္ထြန္း ေအာင္ျမင္လ်က္ရွိၿပီး အက်ိဳးရလဒ္ ႀကီးမားလွပါသည္။ သဘာဝ ေတာမ်ားတြင္ ေပါက္ေရာက္ေသာ သစ္ေမႊး ပင္မ်ားသည္ ဆယ္ပင္လၽွင္ တစ္ပင္သာ သစ္ေမႊးဆီ ရွိသည္။ ယခုအခါ ေခတ္မီနည္းအရ အပင္တိုင္းကို ေဆးသြင္းအဆီ ထုတ္ယူနိုင္သည္ျဖစ္၍ တိုင္းနယ္ျပည္နယ္အသီးသီး၊ နိုင္ငံအႏွံ့ စိုက္ပ်ိဳးမွုမ်ား ရွိေနၾကၿပီ ျဖစ္ပါသည္။ အထူးသျဖင့္ ယခုအခါ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္း၊ မႏၲေလးတိုင္း၊ မြန္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ေနျပည္ ေတာ္တို့တြင္ စီးပြားျဖစ္ေရာ တစ္နိုင္တစ္ပိုင္ပါ စိုက္ပ်ိဳးေနၾကၿပီ ျဖစ္ပါသည္။ ထို့ေၾကာင့္ ေနာင္တြင္ သစ္ေမႊး စိုက္ပ်ိဳးထုတ္လုပ္မွု လုပ္ငန္းသည္ ျမန္မာနိုင္ငံအတြက္ နိုင္ငံျခားဝင္ေငြ ရွာေဖြေပးသည့္ စီးပြားေရး လုပ္ငန္းႀကီးတစ္ခု ျဖစ္လာေတာ့မည္ ျဖစ္ပါသည္။ ျမန္မာ့သစ္ေမႊး တစ္ေခတ္ ဆန္းသစ္လာေတာ့မည္ျဖစ္ပါသည္။
ဗဟုသုတစိတ္ဝင္စားသူ စာဖတ္ဝါသနာရွင္မ်ား ေလ့လာလိုသူမ်ား အတြက္ အျမဲအသစ္ေတြ တင္ေပးမွာျဖစ္ပါတယ္
Unicode
သစ်မွှေး
သစ်မွှေးကို အကျော်ဟူ၍လည်း ခေါ်သည်။ သစ်မွှေးခေါ် အကျော်သည် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ အကျော်၊ စမ္ပာဟူသော နံ့သာမျိုးငါးပါးတွင် ပါဝင်သည်။ရုက္ခဗေဒ အလိုအားဖြင့် သစ်မွှေးပင် များသည် တင်မီးလေ အီးစီး မျိုးရင်းတွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ အကွီလေးရီးယား အဂလိုချာဖြစ်သည်။ အပင်ကြီးမျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး စိမ်းလန်းသည်။ အမြင့်ပေ ရဝ မှ ၁ဝဝ ထိရှိသည်။ ပင်စည်နှင့်အကိုင်း အခက်တို့မှာ ဖြောင့်မတ်ခြင်းမရှိပေ။ အခက်အလက်များဖြာပြီးအရွက်များ ခပ်ကျဲကျဲထွက်သည်။ အရွက်များ သည် အလျား ၂ လက်မမှ ၃ လက်မအထိ ရှိပြီး အနံမှာ ၁ ၁၊၂ လက်မခန့်ရှိသည်။ အရွက်သည်သားရေ ကဲ့သို့ ပျော့ပြောင်းတောက်ပသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး ပိုးသားကဲ့သို့ နူးညံ့သည်။ အရွယ်မှာအလွန် သေးငယ်သည်။ တပေါင်း တန်ခူးလများတွင် ပွင့်သည်။ အသီးများမှာလည်း ကတ္တီပါကဲ့သို့ နူးညံ့ပြီး ဘဲဥပုံသဏ္ဌာန်ရှိသည်။ အရွယ်မှာ ၁ လက်မမှ ၂ လက်မအထိရှိသည်။ သစ်မွှေးကို စုဆောင်းရာ၌ အနှစ်ရှိမည်ထင်ရသော သစ်မွှေး ပင်များကို ရှာဖွေခုတ်လှဲပြီး သစ်အကာ များစင်အောင် သစ်လုံးလိုက် မြေစိုတွင် မြှုပ်ရသည်။ မြေစိုတွင် မြှုပ်သောကြောင့် ဆွေးမြေ့ပြီး အကာများ ကင်းစင်သွားသော အနှစ်မှာသစ်မွှေးပင်ဖြစ်သည်။ သစ်မွှေးပင်၏ အသားစိုတွင် အမွှေးနံ့လုံးဝမရှိပေ။ အချိန်ကြာမြင့်စွာ ခုတ်လှဲထားစဉ် သစ်မွှေးအနှစ်တွင် မှိုတစ်မျိုးစွဲလာသည်။ ထိုအခါ သစ်မွှေးအနှစ်သည် ဆွေးမြေ့လာသည်။ ယင်းကဲ့သို့ မှိုများစွဲကပ်၍ ဆွေးမြေ့လာမှသာ သစ်မွှေးအနှစ်သည် မွှေးလာသည်။ ပိုးစားထား သည့် အရာများကိုလည်း သစ်မွှေး၌ တွေ့ရသည်။ သစ်မွှေးအနှစ်မှ အဆီထုတ်ယူနိုင်ပြီး ယင်းအဆီကို ရေမွှေး ပြုလုပ်ရာတွင် သုံးသည်။ သစ်မွှေးကို အမွှေးတိုင်များ လုပ်ရာတွင်လည်း အသုံးပြုသည်။ သစ်မွှေးအနံ့ကို ပိုးမွှားများ အလွန်ကြောက်သည်။ အခေါက်ကို စက္ကူပြုလုပ်ရာ၌၎င်း၊ ကြိုးများပြုလုပ်ရာ၌၎င်း အသုံးပြုသည်။ မြန်မာ့ ဆေးမီးတိုအရ အနာများ ရောင်ရမ်းလျှင် သစ်မွှေးကို သွေး၍လိမ်းသည်။ အညှော်မိလျှင်လည်း သစ်မွှေးကိုသွေး၍ ဆားအနည်းငယ်ရောပြီး တိုက်သည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီရိုးမနှင့် မြိတ်ကျွန်းစုများ၌ သစ်မွှေးပင်များ ပေါက်ရောက်သည်။ အိန္ဒိယ၊ ဗင်္ဂလားဒေ့ရှ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံများ၌လည်း သစ်မွှေး ပင်များကို တွေ့ကြရသည်။
ဈေးကွက်ဝင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းလာသောကြောင့် သစ်မွှေးပင်ကို စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပုဂ္ဂလိက စိုက်ပျိုးသူများက အပင်အရေအတွက် သိန်းနှင့်ချီ၍ စိုက်ပျိုးနေကြကြောင်းသိရသည်။ ကချင်ပြည်နယ်မှထွက်ရှိသော သစ်မွှေးမျိုးသည် ကမ္ဘာ့တန်းဝင် အကောင်းဆုံး သစ်မွှေးတစ်မျိုးဖြစ်သည်ဟုလည်းသိရသည်။ စီးပွားဖြစ်စိုက်ပျိုးသော သစ်မွှေးပင်များကို စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် သစ်မွှေးဆီ ဖြစ်စေမယ့် ကပ်ပါးမှိုကို ပင်စည်ထဲ ထိုးသွင်းပေးရပါတယ်။ ခုနစ်နှစ်လောက်ကြာရင် ခုတ်လှဲပြီး ဈေးကွက်ကိုတင်ပို့နိုင်ပါတယ်။ ဈေးကွက်ဝင်သစ်မွှေးရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းဟာ ကပ်ပါးမှိုထိုးသွင်းပြီး နှစ်ကြာရှည်မှုအပေါ်မှာလည်း မူတည်ပါတယ်။
ပုံသဏ္ဌာန် : အပင် - အမြဲစိမ်း အပင်ကြီးမျိုး ဖြစ်ပြီး အမြင့်ပေ ၇၀ မှ ၁၀၀ အထိ မြင့်၏။ ပင်စည်နှင့် အကိုင်း အခက် တို့မှာ ဖြောင့်မတ်ခြင်း မရှိချေ။ အခက် အလက် များစွာ ဖြာသည်။ အခေါက် လှိုင်းထ သကဲ့သို့ ကြမ်းတမ်း၏။ အသားပွ၍ အဖြူရောင် သမ်းသော ဝါဖန့်ဖန့် အဆင်း ရှိသည်။ အရွက် - -- ရွက်လွှဲ ခပ်ကျဲကျဲ ထွက်သည်။ အလျား ၂ လက်မမှ ၃ လက်မ ထိ ရှည်၏။ အနံ ၁ ၁/၂ လက်မ ခန့်ရှိ၏။ ရွက်ပြား သားရေ ကဲ့သို့ ပျော့ပျောင်း၍ တောက်ပပြီး ရွက်ညှာ တိုသည်။ ရွက်ကြော များပြားသည်။ အပွင့် - ပွင့်ညှာမဲ့ သို့မဟုတ် အလွန် တိုသော ပွင့်ညှာ ရှိသည်။ ထီးပုံသဏ္ဌာန် ပန်းခိုင် ဖြစ်သည်။ အပွင့် အလွန် သေးငယ်၍ ပိုးသား ကဲ့သို့ နူးညံ့သည်။ အဖြူရောင် ရှိသည်။ တန်ပေါင်း တန်ခူးတွင် ပွင့်သည်။ အသီး - ကတ္တီပါ ကဲ့သို့ နူးညံ့ပြီး ဘဲဥပုံ ဆန်ဆန် ရှိ၏။ ၁ ၁/၂ မှ ၂ လက်မ ထိ ရှည်၏။ အသီးတွင် နှမ်းစေ့ခန့် အစေ့ မြောက်မြားစွာ ပါသည်။ ဝါဆို ဝါခေါင် တွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အနှစ်သား။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တနင်္သာရီ ရိုးမ၊ မြိတ်ခရိုင် တွင်းရှိ ကျွန်းများ တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံသဘာဝ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလို အရ အကျော်သည် အေး၏။ အပူကို ငြိမ်းစေ၏။ ချောင်းဆိုး ရောဂါ၊ နူနာ တို့ကို နိုင်၏။ ခါးသော အရသာ ရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိ ရောဂါ၊ နားရောဂါ တို့ကို ပျောက်ကင်း စေ၏။ ဆီးရွှင် စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ ခံတွင်းနံ့ မကောင်းခြင်း ကိုပယ်၏။
အသုံးပြုပုံ- အနှစ်သား
အလွန် မူးဝေခြင်း ဖြစ်ပါက အကျော်ကို သွေး၍ ရှူခြင်း သို့မဟုတ် မီးရှို့၍ အခိုး ပြုလုပ် ရှူခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
ဝမ်းဗိုက် နာလျှင် အကျော်နှင့် ကြက်ဆူမြစ် အခွံ အခေါက်ကို ရောစပ် သွေးပြီးဝမ်းဗိုက်တွင် လိမ်းပေး ပါက ပျောက်ကင်း နိုင်၏။
အကျော်မှုန့် ကို ပျားရည်နှင့် ဖျော်၍ လျက်သော် နာတာရှည် အဖျားနှင့် အဖျားငုပ်ခြင်း များပျောက်ကင်း၍ နှလုံးနှင့် အစာအိမ်ကို အားပေး၏။
အကျော်ကို သွေးသောက်ခြင်း၊အကျော်မှုန့် ကို သနပ်ဖက်တွင် ထည့်၍ ဆေးလိပ် ကဲ့သို့ပြုလုပ်ပြီး မီးညှိကာ ရှူပေးခြင်း၊ ဆေးတံ ကဲ့သို့ အခိုးရှူပိုက်ဖြင့် မီးညှိ၍ ရှူပေးခြင်းဖြင့် ပန်းနာ ရင်ကျပ် ရောဂါနှင့် အော့အန်သော ရောဂါများ ပျောက်၏။
အကျော်နက် ကို ဆီနှင့် သွေး၍ လိမ်းသော် လေထိုး လေအောင့် ပျောက်၏။
အကျော်ကို အိုးထိန်းပင်၏ အစေးနှင့် ရော၍ မကျက်နိုင်သော အနာ၊ ပိုးကျ နေသော အနာများ ပေါ်တွင် မှိုင်းတိုက် ပေးပါက ပိုးများ ပျက်စီး၍ အနာ ကောင်းစွာ ကျက်သွားမည်။
သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်ရှိတတ် ပါသည်။ ပညာရှင်များ လေ့လာတွေ့ ရှိချက်အရ သစ်မွှေးပင်အမျိုးအစား ၁၁ မျိုးခန့်ရှိသော်လည်း Aquilaria, Crossnar နှင့် Aquilaria Malauenis အမျိုးအစားနှစ်မျိုးမှာ အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းတို့ကို တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် တွေ့ရှိရပါသည်။
ပေါက်ရောက်ရာ ဒေသများ
သစ်မွှေးပင်ပေါက်ရောက်ရာ ဒေသများမှာ အရှေ့တောင်အာရှနှင့် အာရှ ပစိဖိတ်ဒေသများဖြစ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါပူးဝါး နယူးဂီနီနှင့် ဩစတြေးလျကျွန်းစု အချို့တွင် သဘာဝအတိုင်း ပေါက် ရောက်ကြသည်။ မြန်မာနိုင်ငံတွင် Aquilaria Agalocha Roxb နှင့် Aquilaria Malaccer Lam တို့ကို မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပေါက်ရောက်ရာ ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြပါသည်။
ဈေးကွက်ဝင်လာပုံနှင့် သမိုင်းကြောင်း
သစ်မွှေးကို အာရပ်လူမျိုးများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင်အသုံးပြုခဲ့ပြီး အာရိယန် လူမျိုးများက စတင်အသုံးပြုကာ အာဂါဟု ခေါ်ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီစဉ်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း မှတ်သားရဖူးပါသည်။ အာရပ်လူမျိုးတို့သည် သစ်မွှေးကို ဘာသာရေးပွဲတော်မှအစ မိသားစုပိုင်းအထိ မီးထွန်းညှိပြီး မွှေးကြိုင်သည့်ရနံ့ကို ရှူရှိုက်ရင်း အပန်းဖြေကြပြီး ရေမွှေးစသည့် ပစ္စည်းများကို အနံ့ကြာရှည် ခံနိုင်အောင် အသုံးပြုသည်ဟု ဆိုပါသည်။ သစ်မွှေးကို ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်တော် မွေးဖွားစဉ်က အရှေ့ဘက်နိုင်ငံမှ ပညာရှင်သုံးဦး ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင်ပစ္စည်းသုံးမျိုးပါ ရှိသည်။ လက်ဆောင်တစ်မျိုးမှာ မူးရာ - Mura ဟုခေါ်သည့် သစ်မွှေး ဖြစ်ပါသည်။ သို့ဖြစ်၍ သစ်မွှေးကို အထွတ်အမြတ် အဖြစ်ပူဇော်ရာတွင် ခရစ်တော် လက်ထက်ကပင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ကချင်တိုင်းရင်းသားများက သမ္မာကျမ်းစာအတိုင်းမူးရာဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။
သစ်မွှေးသည် ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် ဈေးကောင်းရရှိလာသည်။ ယင်းအချိန်က ပထမတန်း စား တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေး၊ ဒုတိယတန်းစား တစ် ပိဿာလျှင် ၂၅ဝ ကျပ်နှုန်းမှ နောက် ပိုင်းတွင် ပထမတန်းစား တစ်ပိဿာ ကျပ်ငါးသောင်း၊ ဒုတိယတန်းစား တစ်ပိဿာကျပ် နှစ်သောင်းငါးထောင်၊ ရောနှောအတန်းအစား ကျပ်ငါးထောင်အထိ မှောင်ခိုစီးပွားရေး လောကတွင် မြင့်တက်လာခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တမူးမြို့တွင် ယင်း အချိန်ကာလက သစ်မွှေးနှင့် ကြီးပွားချမ်းသာသွားကြသူများရှိ သလို သစ်မွှေးနှင့် ဘဝပျက်သွား ကြသူများလည်းရှိခဲ့ပါသည်။
သစ်မွှေးဈေးကွက် ချဲ့လာပုံမှာ ဤသို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရပြည်နယ် သစ်မွှေးကုန်သည်၊ သစ်မွှေးစုဆောင်းခွင့်ရသူ အင်ဖာလံမြို့မှ မစ္စတာ အိုဘိုဒင်က အခွန်ပေးဆောင်၍ ပေါက်ဈေးနှင့် ဝယ်ယူစုဆောင်းခဲ့သည်။ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် တမူးမြို့မှတစ်ဆင့် မိုးရေးမြို့တွင် မြန်မာပြည်မှ အပြီးပြန်သူတို့ထံ အရောင်းအဝယ်လုပ်သည်။ ဝယ်ယူ သိုလှောင်ခြင်း၊ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ အာသံ ပြည်နယ်က ကုန်သည်ကြီးများက ယင်းကာလတွင် မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ထံ သစ်မွှေးဝယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။ ဆက်သွယ်သူများထဲမှ အာသံပြည်နယ်၊ ဒူဟာဘီမြို့နေ မစ္စတာ ဒီလစ်ပဒပတာဆိုသူ ပါဝင်သည်။ သူက မြန်မာပြည်က သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး မြန်မာတောင်သူများကို သစ်မွှေးပညာသင်ပေးပါမည်ဟု ဆို ပြီး သစ်တောဦးစီးဌာနသို့ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရပါသည်။
ကသည်းလူမျိုးတို့သည် သစ်မွှေး စုဆောင်းရေး အတတ်ပညာ၊ ထုတ်ယူနည်းအတတ်ပညာ ကျွမ်းကျင်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်နေ တိုင်းရင်းသားများကိုကသည်း လူမျိုးတို့က သစ်မွှေးထုတ်ယူရေး အတတ်ပညာသင်ကြားပေးပြီး ရှာဖွေ စုဆောင်းကြသည်။ သစ်မွှေးများကို မြန်မာပြည် အရပ်ရပ်မှတစ်ဆင့် အင်ဖာ၊ အာသံ၊ ကာလကတ္တားအထိ သစ်မွှေးအဆီ ထုတ်လုပ်ငန်းရှင်များထံ တင်ပို့ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရပ် နိုင်ငံများနှင့် အစ္စရေးနိုင်ငံများသို့ ပို့ပြီး ရောင်းချခဲ့ကြသည်။ အာရပ်နိုင်ငံများသည် ရေနံကြောင့် ချမ်းသာ ကြွယ်ဝလျက်ရှိကြသဖြင့် သစ်မွှေးကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ကြပါသည်။
အသုံးဝင်မှု
အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။
ဆေးကျမ်းအလိုအရ သစ်မွှေးသည် အေး၏။ အပူကိုနိုင်စေ၏။ ချောင်းဆိုး ရောဂါ၊ နူနာတို့ကို နိုင်စေ၏။ ခါးသောအရသာရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိရောဂါ၊ နားရောဂါတို့ ကို ပျောက်ကင်းစေ၏။ ဆီးရွှင်စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါများကို ပျောက်ကင်းစေ၏။ ခံတွင်းအနံ့မကောင်းခြင်းကို ပယ်၏ ဟု ဆိုထားပါသည်။
နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်ပါသည်။
စွန့်စားရှာဖွေခဲ့ကြသည့်အတွက် မျိုးတုံးလုနီးပါးဖြစ်ခဲ့
သစ်မွှေးမှောင်ခိုဈေးကွက် ကျယ် ပြန့်လာသည့် ၁၉၆၉-ရဝ နောက်ပိုင်းတွင် လူငယ် လူရွယ်များသည် စိတ်တူ သဘောတူ ငါးယောက်နှင့် အထက် အဖွဲ့ဖွဲ့၍ ချင်းတွင်းမြစ်တစ်လျှောက် တောတောင်များ၊ မူးမြစ်ရိုးတစ်လျှောက် တောတောင်များ၊ နာဂတောင်တန်း အရောက်ရောက်၊ ကချင်ပြည်နယ် တောနက်ကြီးများ၊ တနင်္သာရီတိုင်း တောတောင်များ၊ မဟာမြိုင် တောလည်းမကျန်၊ ဆင်မကြောက်၊ ကျားမကြောက်၊ သူပုန်မကြောက် နေရာအနှံ့ ကျောပိုးအိတ် တစ်လုံးစီဖြင့် သစ်မွှေးအရှာ ထွက်ခဲ့ကြသည်။ အချို့လည်း စွန့်စားရကျိုး၊ အပင်ပန်းခံရ ကျိုးနပ်ခဲ့ကြသည်။ အချိူ့လည်း ငှက်ဖျားဒဏ်၊ ပင်ပန်းမှုဒဏ်များသာ အဖတ် တင်ခဲ့ကြသည်။ ဤမျှအထိ သစ်မွှေးလောဘ၊ သစ်မွှေးရတနာက ဂုဏ်ကြီးခဲ့သည်။ ဤမျှတန်ဖိုးကြီးသော၊ ဂုဏ်ကြီးသော သစ်မွှေးပင်များကို အလွန်အမင်း စည်းမဲ့ကမ်း မဲ့ ခုတ်ယူခဲ့ကြသောကြောင့် မျိုးတုံး လုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့ရ သည်။
အပင်တွေ့သော်လည်း အဆီတွေ့ချင်မှ တွေ့သည်။ သဘာဝ သစ်မွှေးပင်များတွင် ပျမ်းမျှခြင်းအားဖြင့် ဆယ်ပင်မှာ တစ်ပင်နှုန်းလောက်သာ အဆီတွေ့ရသည်ဟု သိရှိရပါသည်။ သည်တော့ ရတနာဟူသည် ထိုက်တန်သောသူမှ ခံစားရသည်ဟူသော စကားလည်း မှန်နေသည်။ အဖွဲ့တစ်ဖွဲ့က ဤတောဤတောင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း သစ်မွှေးပင်ကို တွေ့ချင်မှတွေ့သည်။ သို့သော် ကံထိုက်သော နောက်တစ်ဖွဲ့က ဤ တောဤတောင်ကို ထပ်မံရောက်ရှိ ရှာဖွေသော် အဆီပြည့်နေသော တန်ဖိုးကြီး သစ်မွှေးပင်ကို တွေ့ရတတ်သည်။ ရတနာဟူသည် နတ်ကြီးလှသည်။ သစ်မွှေးပင်ဟု ဆိုသော်လည်း သာမန်အားဖြင့်မမွှေးဘဲ အပင်များတွင် မှိုစွဲကပ်နေမှသာလျှင် သစ်မွှေး ရရှိပါသည်။ အဆိုပါ သစ်မွှေးရရှိမှသာ တန်ဖိုးကြီးမားသည်။ သို့သော်လည်း သစ်မွှေးရှာအဖွဲ့တို့သည် တွေ့သမျှ သစ်မွှေးပင်ဟူသရွေ့ ခုတ်လှဲ ဖြတ်တောက် အဆီရှာဖွေခဲ့ကြသဖြင့် သဘာဝ တောတောင်များတွင် သစ်မွှေးပင်များ ရှားပါးလာခဲ့သည်။ ဤုသို့ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖြတ်တောက် ရှာဖွေခဲ့ကြသဖြင့် သစ်မွှေးပင်များသည် မျိုးတုံးလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့ပါသည်။
သစ်မွှေးဆီဖြစ်ပေါ်စေသော ဆေးသွင်းနည်းတွေ့ရှိ
သစ်မွှေး၏ အဓိက ဇာတ်ဆောင်မှာ သစ်မွှေးပိုး သို့မဟုတ် ကပ်ပါးမှို Fungus ဖြစ်ပြီး ရောဂါ တစ်မျိုးမျိုး အပင်အား ထိခိုက်ခံရမှုကြောင့် ယင်းရောဂါပိုးကို အပင်က ပြန်လည်ခုခံ နိုင်ရန်အတွက် လိုအပ်သောအရည်ကို ထုတ်ပေးလာပြီး ထိုရည်အနှစ်မှ သစ်မွှေးဆီအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ကာ သစ်မွှေးပင်၏ သစ်သားရောင်မှာ အဖြူရောင်မှ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲဖြစ်ပေါ်ပြီး အနံ့မှာလည်း မွှေးရနံ့ထွက်ပေါ်လာ ကြောင်းသိရပါသည်။ သဘာဝ သစ်မွှေးပင်၏ သဘောသဘာဝများကို လေ့လာဖော်ထုတ်ရန် သစ်မွှေးဆီ ဖြစ်ပေါ်မှု အခြေခံ သုတေသန ပြုချက်များအပေါ် အသုံးချလျက် လူတို့ ဖန်တီးစိုက်ပျိုးရရှိသည့် သစ်မွှေးပင်အား သစ်မွှေးဆီ ဖြစ်ပေါ်စေသော မှိုများမွေးမြူကာ ဆေးထိုးသွင်းခြင်းဖြင့် သစ်မွှေးဆီ ထွက်ရှိသည့် အပင်ရရှိနိုင် ကြောင်းသိရပါသည်။ အကောင်းဆုံး သစ်မွှေးမှာ အနက်ဖြစ်ပြီး ရေတွင် ထည့်ကြည့်ပါက နစ်မြုပ်သွားကြောင်း။ ဒေသအလိုက် သစ်မွှေး အတန်းအစား ကွဲပြားနိုင်ပြီး သစ်မွှေး ဆီပါဝင်မှု ရနံ့နှင့် သိပ်သည်းဆတို့ ကွဲပြားမှုအပေါ် တန်ဖိုးကွာခြားကြောင်း သိရှိရပါသည်။
အပင်သက်တမ်း လေးနှစ်မှ ခြောက်နှစ်အရွယ် မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မှိုမျိုးထည့် သွင်းရန်သင့်လျော်သည်။ မှိုသွင်းပြီး တစ်နှစ်ကြာပါက သစ်မွှေးထုတ် ယူနိုင်ပြီ ဖြစ်ပါသည်။ သစ်မွှေးတစ်ပင်လျှင် သစ်မွှေးဆီ ကီလို ၂ဝ မှ ၄ဝ အထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်မွှေးကို မတ်လမှ မေလအတွင်း ထုတ်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သစ်မွှေးအတန်းအစား ခွဲခြားရာ၌ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးတုံးသည် အနက်ရောင်ရှိပြီး ရေတွင်နစ်မြုပ်ပါက ပထမတန်းစားဟု သတ်မှတ်ပြီး ရေတွင်ပေါ်ပါက ဒုတိယတန်းစားဟု သတ်မှတ်ပါသည်။
သစ်မွှေးပင်ကောင်းဖြစ်ရန် မှိုမျိုးသန့်သန့် သွင်းပေးရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၌ ပင်စည်အခေါက်ကို ငါးစင်တီမီတာ အကျယ်၊ ၃၇ စင်တီမီ တာ အရှည်ခွာ၍ အပေါက်ဖောက်ပြီး မျိုးသွင်းရသည်။ သစ်မွှေးဖြစ်ရန် လိုအပ်သော Phaeoacrvmonium Parqsiaica မှိုမျိုးသန့်သန့်ဖြစ်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
ယခုအခါ ပြည်တွင်းရှိ ကုမ္ပဏီ များသည်လည်း ဆေးသွင်းနည်းကို ဆောင်ရွက်နိုင်ပြီဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရေးကို ကုမ္ပဏီများရော တစ်ဦးချင်းပါ အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပင် စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပြည်ပ ကုမ္ပဏီ များ စိတ်ဝင်စားမှုရှိလာပြီး အကျိုး တူပူးပေါင်းဆောင်ရွက်ရန် လာရောက် ကြမည်ဟု သိရပါသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပ ကုမ္ပဏီများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ အခြေစိုက် ကုမ္ပဏီ များဖြစ်ပြီး ပြည်တွင်း ယူနီဗာဆယ် ဂျနရယ်ထရိတ်ဒင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။
တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း တွင်လည်း မြန်မာနိုင်ငံ၊ ကချင်ပြည် နယ်မှ မျိုးစေ့များ ယူဆောင် စိုက်ပျိုး ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်း သိရှိရပါသည်။
တစ်ခေတ်ဆန်းသစ်လာတော့မည့် မြန်မာ့သစ်မွှေး
မြန်မာနိုင်ငံရှိ မည်သည့်နေရာ ဒေသမဆို သစ်မွှေးကို စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အကျိုးရလဒ် ကြီးမားလှပါသည်။ သဘာဝ တောများတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင်သာ သစ်မွှေးဆီ ရှိသည်။ ယခုအခါ ခေတ်မီနည်းအရ အပင်တိုင်းကို ဆေးသွင်းအဆီ ထုတ်ယူနိုင်သည်ဖြစ်၍ တိုင်းနယ်ပြည်နယ်အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခါ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်ပါ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်ပါသည်။ မြန်မာ့သစ်မွှေး တစ်ခေတ် ဆန်းသစ်လာတော့မည်ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး
ျမန္မာအထင္အရ တေစၧႀကီး ေျခာက္မ်ိဳး 31st Oct Halloween Day ေမွာင္မိုက္လြန္းတဲ့ ညတစ္ညမွာ အသံဆိုးတစ္ခုခုေၾကာင့္ ႐ုတ္တရက္ လန္႔နိုးသြားတယ္ဆ...

-
Zawgyi Font ႃကြက္နားရြက္မွို ရခိုင္သုပ္ ႂ ကြက္နား႐ြက္မွို အစိမ္းကို ေရစင္ေအာင္ ေဆးၿပီး အေနေတာ္ညွပ္လို႔ ေ...
-
Zawgyi Font ခ်စ္သူႏွစ္ဦးအၾကား အနမ္းခ်င္း ဖလွယ္ၾကတယ္ဆိုတာဟာ ထူးဆန္းလွတဲ့ အျပဳအမူတစ္ခုေတာ့မဟုတ္ပါဘူး။ လိင္...
-
အမ်ိဳးသားလိင္အဂၤါရဲ့ ဘဝသက္တမ္း ကမၻာႀကီးမွာ သက္ရွိ၊ သက္မဲ့အရာေတြအားလုံး အခ်ိန္သက္တမ္းတစ္ခုကို ေက်ာ္လြန္လာတာနဲ႔အမၽွ ေျပာင္း...
No comments:
Post a Comment